နော်နိုရင်း
ကရင်ပြည်နယ် မြိုင်ကြီးငူဒေသဘက်မှာ တာဝန်ကျတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ ဦး ကရင်အမျိုးသားအစည်းအရုံးနဲ့ လာရောက် ပူးပေါင်းခဲ့ပါတယ်။
မြိုင်ကြီးငူမှာ တာဝန်ကျတဲ့ နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ လက်အောက်က တပ်ကြပ် ဒေးဂျိုးနဲ့အဖွဲ့ ၁၀ ဦးဟာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ နဲ့ မနေ့က ပူးပေါင်းတာဖြစ်ပါတယ်။
လာရောက်ပူးပေါင်းတဲ့ တပ်ကြပ်ဒေးဂျိုးက “ကျနော်တို့ ပူးပေါင်းရတဲ့ အကြောင်းအရင်းက ဗမာစစ်တပ်တွေ ကျနော်တို့ ကရင်တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်ပြောင်းပြီး ဒီကေဘီအေကို ဖျောက်ဖျက်ပစ်လိုက်တာကြောင့်ဖြစ်တယ်” လို့ ပြောပါတယ်။
နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ တပ်ရင်းမှူးဟာ ဒု-ဗိုလ်မှူးကြီး ပိုဘိဖြစ်ပြီး လွန်ခဲ့တဲ့ ဇွန်လတုန်းက နယ်ခြားစောင့်တပ်တံဆိပ်ကို ဖြုတ်ပြီး ဒီကေဘီအေအနေနဲ့ ပြန်လည်ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ကေအန်ယူနဲ့ တရားဝင် ပူးပေါင်းခြင်းတော့ မရှိပါဘူး
အခု ပူးပေါင်းလာတဲ့ သူ့လက်အောက်ခံတပ်ဖွဲ့ဝင် ၁၀ ဦးကတော့ တရားဝင်ပူးပေါင်းလာတာဖြစ်တယ်လို့ အေအန်ယူ တပ်မဟာ ၇ ရဲ့ ရုံးထိုင်မှူး စောအယ် ဆဲဆဲက ပြောပါတယ်။
“ဇူလိုင် ၂၈ ရက်နေ့မှာ ညနေပိုင်းလောက်မှာ ကျနော်တို့ ဆီမှာ ရောက်လာတယ်။ တာဝန်ရှိတဲ့လူ ပြောတဲ့ပုံအရကတော့ သူတို့ အရင်က တခါ ဒီကေဘီအေကနေပြီးတော့ တခါသွားပြီးပြီ။ နောက်တော့ နအဖ ရန်သူကနေ ပြီးတော့ သူတို့ကို နယ်ခြားစောင့်တပ်လုပ်ခိုင်းတဲ့အပေါ်မှာ သူတို့ အဲဒီမှာ သူတို့ မကြိုက်ဘူး သူတို့ လည်း နယ်ခြားစောင့်တပ် တံဆိပ် မတတ်ပါဘူး။ အဲဒါကြောင့်မို့ သူတို့ မိခင်အဖွဲ့အစည်းဆီကို ပြန်လာတယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ လူကြီး ခေါင်းဆောင်ကလည်း ဒီ် ရှေ့တန်းမှာ ပူးပေါင်းပြီးတော့ သတ်ဖြတ်နေတဲ့ အကြောင်းပေါ့။”
No comments:
Post a Comment