Thursday, July 28, 2011

နောက်ဆုံး ကချင်ပြည်နယ် ပြည်တွင်းစစ်သတင်း

KNG

ကချင်ပြည်နယ် ဖားကန့် မြို့နယ် မော်မောင်ဘွမ် (Maw Mau Bum) တွင် ဒေသခံပြည်သူ ၆၀ ခန့်အား တနိုင်းမြို့နယ် ဒွမ်ဘန်နယ်မြေခံ ခလရ (၁၈၉)မှ မြန်မာစစ်သားများက ဇူလိုင် ၂၆ ရက်၊ ယမန်နေ့ည ၁၀ မှ ၁၁ နာရီ ကြား မေးမြန်းစုံစမ်းခြင်းမရှိဘဲ ဖမ်းဆီးသွားသည်။

ဇူလိုင် ၂၇ ရက၊် ယနေ့ နံနက်တွင် ၎င်းတို့အား မှန်လုံကား ၃ စီးဖြင့် မြစ်ကြီးနားသို့ခေါ်ဆောင် သွားသည်ဟု ဒေသခံများပြောသည်။
.....
ဇူလိုင် ၂၇ ရက်၊ ယနေ့ည ၆ နာရီနောက်ပိုင်း ကချင်ပြည်နယ်အနောက်ပိုင်း ဆင်ဘိုမြို့နယ် ဘန်ဒန်ကျေးရွာတွင် ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်တပ်က မိုင်းနင်းမိကာ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိသည်ဟု KIO အရာရှိများပြောသည်။
.....
ဇူလိုင် ၂၄ ရက်နေ့ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ဒေသတွင် ဒွန်ဘန်ကျေးရွာတွင် ထား နော်လောန် (Hta Naw Lawn)၏ အိမ်အား ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ (၁၄၂) မှ မြန်မာစစ်သားများက မီးရှို့ဖျက်ဆီးလိုက်ကာ အနီးအနားမှ အိမ် ၂ လုံး ကိုလည်း ဖျက်ဆီးလိုက်သည်ဟု ဒေသခံများမှတဆင့်သိရသည်။

No comments: