Wednesday, July 27, 2011

ကားမိုင်းတိုက်ပွဲတွင် မြန်မာစစ်သား ၄ ဦးသေ၊ ၁၂ ဦးကျော် ဒဏ်ရာရ

KNG

ကချင်ပြည် နယ် နမ္မတီး-ဖားကန့် လမ်းမကြား ကားမိုင်းအနီး ငါးပေါက်ကုန်းတွင် မြန်မာစစ်ကား နှစ်စီးအား KIA တပ်မဟာ (၂) အောက် တပ်ရင်း (၆)မှ ဇူလိုင် ၂၆၊ အင်္ဂါနေ့ ညနေ ၆ နာရီကျော်ချိန် တိုက်ခိုက်မှုကြောင့် အစိုးရ စစ်သား ၄ ဦးသေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရရှိကြောင်း KIA တပ်မဟာ ၂ အရာရှိများ အတည်ပြုပြောသည်။

ယင်း စစ်ကားနှစ်စီးတွင် တစ်စီးမှာ စစ်လက်နက်ရိက္ခာတင်ဆောင်ထားပြီး ကျန်တစ်စီးတွင် စစ်သားများ တင်ဆောင်ကာ ဖားကန့်တက်လာစဉ် ယခုကဲ့သို့ လမ်းခုလတ်တွင် ကြားဖြတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ဆားမှော်နယ်မြေခံ ခလရ (၁၀၅) ဖြစ်သည်ဟု KIA ကဆိုသည်။

No comments: