KHONUMTHUNG NEWS
ပြည်ပ သတင်းဌာန နှင့် ဖုန်း၊ အင်တာနက်အားဖြင့် သတင်းပေးဆက်သွယ်သည့် ချင်းပြည်နယ် ပြည်နယ် ကိုယ်စားလှယ်တွေကို တရားစွဲပြီး ငွေဒါဏ် ကျပ်ငွေ တသိန်း နှင့် အတူ ထောင်ဒါဏ် တနှစ် သို့မဟုတ် ကိုယ် စားလှယ် အဖြစ်မှ ဖြုတ်ချမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်ဟု သတင်းရရှိသည်။
” လူထုက ရွေးချယ်တဲ့ကိုယ်စားလှယ်တွေကို ၀န်ကြီးချုပ်က ဖြုတ်ချတယ်ဆိုတာက ဒါ အာဏာရှင်လုပ်ရပ်ပဲ” ဟု ချင်းပြည်နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးက ပြောသည်။
နှစ်ရက်တာ ဇွန်လ ၂၉ – ၃၀ အကြား နှစ်ရက်တာ ကျင်းပသည် ပြည်နယ်အထူး လွတ်တော် အစည်းအဝေးတွင် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက ပြည်နယ်ကိုယ်စားလှယ်များအား ယခုကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
” ဒီကိစ္စက အစည်းအဝေးအဆိုလည်းမဟုတ်ဘူး၊ တခြားပြည်နယ်မှာလည်း မကျင့်သုံးဘူး၊ ချင်းပြည်နယ် အ တွက်သာ အကျုံးဝင်တယ်လို့ ၀န်ကြီးချုပ်က ပြောတယ်လို့ သိရတယ် ” ဟု ၀န်ကြီးရုံး ၀န်ထမ်း တဦးက ပြော သည်။
ထို့အပြင် အစည်းအဝေးတွင် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်တွေက ၀န်ကြီး ၈ နေရာမှ ၉ နေရာ ထားရှိပေးရန်တောင်းဆိုသော်လည်း နိုင်ငံတော်သမ္မတက ၀န်ကြီး ၈ ဦးသာခန့်ထားခွင့် ပေး ထားတဲ့အတွက် မဖြစ်နိုင်ကြောင်း သို့သော် မှတ်တမ်း တင်ပေးမည်ဟု သာ လက်ရှိအာဏာရပါတီဖက်မှ တုံ့ ပြန်ကြောင်း သိရသည်။
” ကိုယ်စားလှယ် ခရီးစရိတ်၊ နေ့တွက်စရိတ်တွေတောင် သူတို့တင်သလောက်ထုတ်မပေးဘူးလို့ကြားရတာပဲ” ဟု ဟားခါးမြို့နယ် ယူအက်စ်ဒီပီ ပါတီခေါင်း ဆောင် တဦးက ပြောသည်။
ခရီးစရိတ်အပါအ၀င် တခြားကိစ္စတွေအတွက် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီ ကိုယ်စားလှယ် တွေ က ဗဟိုအစိုးရ ထံ သို့ တင်ပြရန် စီစဉ်နေကြောင်းလည်း ပြောကြသည်။
နှစ်ရက်တာ ပြည်နယ်လွတ်တော်အထူး အစည်းအဝေးရလဒ်နှင့် ပါတ်သက်ပြီး လက်ရှိအာဏာရယူအက်စ်ဒီပီ ပါတီနှင့် ချင်း ပါတီများအကြား ဆက်ဆံရေး ပိုမိုဆိုးဝါးလာဘွယ်ရှိကြောင်းလည်းပြောဆိုနေကြသည်။
ဗိုလ်မှူးချူပ် ဟုန်းငိုင်သည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ မဲဆန္ဒနယ် အမှတ် (၂) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ အရွေးခံခြင်းဖြစ်ပြီး ချင်းပြည်နယ် ပထမအကြိမ် လွှတ်တော်အစည်းအဝေးမှ ပြည်နယ်ဝန်ကြီးအဖြစ် အရွေးခံသူဖြစ်သည်။
No comments:
Post a Comment