Saturday, July 16, 2011

ဒါဏ်ရာရသူများအား အစိုးရတပ် စစ်ရဟတ်ယာဉ်ဖြင့်သယ်ယူ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တပ်မတော် ဌာနချုပ် အနောက်မြောက် ဘက်၌ ၃-၄ ရက် ဆက်တိုက် တိုက်ပွဲ အပြင်း အထန်ဖြစ် ပွါး ချိန် မြန်မာ စစ်တပ်ဝိုင်းပိတ် တိုက်ခိုက်ခံရ၍ အများ အပြားသေကျေဒဏ်ရာရရှိသောကြောင့် အစိုးရက ရဟတ် ယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် သွားရောက် သယ်ယူနေကြောင်း ဒေသခံများကပြောပြသည်။

“မနေ့တုန်းက ညနေ ၄ နာရီတခါ ၆ နာရီလောက်တခါ ကျေးသီးမြို့မှာ သူတို့လူနာတွေကို ရဟတ်ယာဉ်တစီး နဲ့ လာသယ်တယ်။ ဒီမနက်လဲ နောက်ထပ် တခေါက် ထပ်လာတယ်” - ဟု ကျေးသီးမြို့ခံတဦးကပြောပါသည်။

ဂျူလိုင် ၁၁ ရက်နေ့မှ ယနေ့အထိ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေအတွင်းထိုးစစ်ဆင်နေသည့် မြန်မာစစ်ကြောင်းများ ဝိုင်းပိတ် တိုက်ခိုက်ခံရခြင်း၊ ခြုံခိုက်တိုက်ခိုက်ခံရခြင်းကြောင့် အများအပြား သေကြေ ဒဏ်ရာရှိကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများထဲတွင် အရာရှိ များပါဝင်သောကြောင့် ရဟတ်ဖြင့် သယ်ယူခြင်း ဖြစ်နိုင်ကြောင်း သျှမ်းတပ်မှူးတဦးကပြောပါသည်။

ကျေးသီးဒေသခံတဦးက - “ရဟတ်ယာဉ် လာလို့လားမသိဘူး။ ဖုန်းလိုင်းတွေအားလုံးပိတ်တယ်။ ရဟတ်ယဉ် ပြန်သွားပြီးမှ ဖုန်းခေါ်လို့ရတယ်။ ဒီမနက်ကောဘဲ။ ကြည့်ရတာ တောင်ကြီး - လွယ်လင်ဘက်ပြန်သွားတယ်။ သူတို့ အရာရှိတွေ ဒဏ်ရာပြင်းထန်လို့ လေယာဉ်နဲ့ လာကြိုတာလို့တော့ ဆေးရုံကလူတွေကပြောတယ်။ ကားလမ်းနဲ့ပြန်ရင် သျှမ်းတပ်က ဘယ်နေရာခြုံခိုတိုက်ခိုက်မယ်ဆိုတာမပြောတတ် ဘူးလေ” - ဟု ဆို၏။

ယခုတပတ် တိုက်ပွဲမှ မြန်မာအစိုးရစစ်တပ်ဘက်က သေကြေဒဏ်ရာရမှုစာရင်းအတိအကျ မသိရသကဲ့သို့ သျှမ်းပြည် တပ်မတော် ဘက်မှ လည်း အတည်ပြု ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

No comments: