သျှမ်းသံတော်ဆင့်
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် ကျယ်ဂေါင် - မူစယ် လမ်းကြောင်းအတိုင်း မြန်မာစစ်တပ်ထံ လွဲပြောင်း မည့် SiNo Truck အမျိုးအစား စစ်ထရပ်ကားများ ယနေ့နံနက်ပိုင်းက တရုတ်နယ်စပ်ရွှေလီမြို့သို့ ထပ်မံရောက်ရှိလာ ကြောင်း သိရသည်။
ကားအစီးရေ ၁၀ ဂဏန်းခန့် ရောက်ရှိလာပြီး ကားရေဆေးခုံများတွင် သန့်ရှင်းရေးပြုလုပ်နေကြောင်းရွှေလီ ဒေသခံ မျက်မြင် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“စစ်ကားတွေ ထပ်ရောက်လာတယ် ၁၀ စီးလောက်ပေါ့ SiNo Truck အမျိုးအစားတွေပဲ အခုရေဆေးခုံတွေမှာ ရေဆေးနေ တယ် ပထမတစ်ခေါက်သယ်သွားပြီးပြီ အခုတစ်ခေါက်က သိပ်မများဘူး အစီး ၂၀ကျော်လောက်ရှိ မယ် ” ဟု မျက်မြင်က ပြောသည်။
ယခုလ ၈ ရက်နေ့က အဆိုပါ အမျိုးအစား စစ်ထရပ်ကားအစီးရေ ၁၀၀ကျော်ခန့် ကျယ်ဂေါင် -မူစယ်လမ်းကြောင်း မှ တဆင့် မြန်မာ စစ်တပ်ထံ ပထမ အသုတ် လွဲပြောင်း ခဲ့ပြီး မန္တလေးဘက် ယူဆောင် သွားခြင်း ဖြစ်သည်။
အဆိုပါ လွဲပြောင်းစဉ်က ကားအစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းအား မူစယ် ၁၀၅ မိုင် အလွန် တာလုံနှင့် မော့တောင်းရွာအကြား လမ်းဘေးထောင်ဗုံး ဖေါက်ခွဲခံရသဖြင့် ကားတစ်စီးပျက်စီးသွားကြောင်း သိရသည်။
No comments:
Post a Comment