သျှမ်းသံတော်ဆင့်
ရာနှင့်ချီသည့် တရုတ်လုပ်စစ်ကားများ မူစယ် လေယာဉ်ကွင်းသို့ ဂျွန်လ နောက်ဆုံး အပတ်က ရောက်ရှိလာရာတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ထိုးစစ် ဆင်ရာ ၌မြန်မာ စစ်တပ် အသုံးပြု ရန်ဖြစ်နိုင် ကြောင်းသျှမ်းပြည် မြောက်ပိုင်း သတင်း ရပ်ကွက် ကဆိုပါသည်။
“တရုတ်ပြည်ထဲစက်ရုံရှိတဲ့ ဂျပန် HOWO ကုမ္ပဏီထုတ် SINO Truck အမျိုးအစား ၆ ဘီးတပ် အပေါ့စား ယာဉ် တွေ။ တရုတ်ပြည် ရွေလီ ၊ ကျယ်ဂေါင် - မူစယ် နယ်စပ်လမ်းအတိုင်း ဝင်လာတာ” ကိုယ်တိုင်မြင် တွေ့ရသည့် လူလတ် ပိုင်း အမျိုးသားတဦးကပြောသည်။
အဆိုပါကားများအား မောင်းနှင်ရန် မြန်မာထောက်ပို့တပ်မှ ရာနှင့်ချီသော စစ်သားများလည်း မူစယ် လေယာဉ် ကွင်းသို့ ရောက်နေကြောင်း ၄င်းက ဆိုပါသည်။
“ မူစယ်လေယာဉ်ကွင်းကို ဗမာစစ်သားတွေရောက်နေတာ ၃ ရက်လောက်ရှိပြီ။ သူတို့ကကျယ်ဂေါင် မြို့ ထဲကို ဝင်လည်ကြတာတွေ့ရတယ်။ တချို့ကလည်း မြန်မာစစ်တပ်တွေ တရုတ်ဖက်ကနေ ကေ အိုင် အိုကို ဝင်တိုက် မှာ လို့ သတင်းလွှင့်ကြတယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေကတော့တိုင်းရင်း သားလက်နက် ကိုင်တပ်ဖွဲ့တွေ ကို အင်အားပြ ခြိမ်းခြောက်တာ၊ စိတ် ဓါတ်စစ်ဆင်ရေးလုပ်နေတာလို့ ပြောနေ ကြတယ်” - ဟုလည်း ဆိုပါ သည်။
၎င်းနှင့်ပါတ်သက်၍ ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကမူ “ တရုတ်ကတော့ သူ့ဘေးမှာ စစ်ဖြစ်ရင် သူကတားမှာဘဲ။ နယ်စပ်ကုန်သွယ်ရေးကိုထိခိုက်မှာစိုးလို့။ သူ့အကျိုးစီးပွါးကိုထိခိုက်မှာ စိုးလို့ သူ့နယ်မြေထဲ ကနေ ဝင်တိုက်မယ်ဆိုတာ ခွင့်ပေးမှာမဟုတ်ဘူး။ နောက်ပြီး သူ့အတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေမယ့် စစ်ပြေး ဒုက္ခ သည်တွေလဲ သူကမလိုလားဘူး။ ဆိုတော့ ဒီကိစ္စမဖြစ်နိုင်ဘူးလို့ကျနော်ထင်တယ် ” ဟု ဆိုပါသည်။
ပြည်တွင်းစစ်နှင့်ပါတ်သက်၍လည်း- မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များနှင့် ဆွေးနွေး ရန် ဘူးခံငြင်းဆန်သကဲ့သို့ မိမိအာဏာတည်မြဲရေးအတွက်- မိမိတပ်ဖွဲ့များ တိုင်းရင်းသားနယ် မြေထဲ ဆက် လက်ဝင်ရောက်နိုင်ရေးအတွက် စစ်ရေးနည်းဖြင့်သာ နိုင်ငံရေးပြဿနာဖြေရှင်း သွားမည် ကိုတွေ့ရကြောင်း၊ အုပ်ချုပ်သူအစိုးရသည် ကျူးကျော်စစ်ပြည်တွင်းစစ်ကြောင့်သာ သက်ဆိုးရှည်ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ မူဆယ်သို့ရောက်နေသော တရုတ်လုပ် စစ်ကားများ ကိုအသုံး ပြု၍ တိုင်းရင်းသားများအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်မလွဲကြောင်း ရဲဘော် ဖိုးသံချောင်းက ပြောသည်။
စစ်အာဏာ ရှင်စနစ်ရှိသေသရွေ့ ပြည်တွင်းစစ် ဆက်လက်ဖြစ် နေဦး မည်ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ် ပြောဆိုခဲ့သည်။
No comments:
Post a Comment