သျှမ်းသံတော်ဆင့်
ဂျွန်လ ၂၅ ရက် ညနေပိုင်းက မိုင်းနောင်မြို့လယ်၌ သတင်း အချက် အလက်ထောက်လှမ်း စုံစမ်းခြင်း တာဝန် ယူနေသော သျှမ်းပြည်တပ်မတော်တပ်သား စိုင်းအိုက်လှက မြန်မာ စစ်တပ် အရာရှိ အား လုပ်ကြံ သတ်ဖြတ်ရ ခြင်းမှာ ဒေသခံလူထု အပေါ် အဆိုပါ အရာရှိက အနိုင်ကျင့်ခေါင်းပုံဖြတ်လွန်းသည်ဟု သိရသောကြောင့် ထိပ်တိုက်တွေ့ဆုံရန် သွားခြင်း ဖြစ်ကြောင်း SSPP/ SSA သတင်းရပ်ကွက်က သိရ၏။
“အဲဒီအရာရှိ ညနေညနေဆိုရင် မြို့ထဲလာပြီး အပျိုတွေကို ပိုးလေ့ရှိတယ်။ အဲ့ညနေက မင်္ဂလာရန်အောင် မြို့လယ် ကျောင်းနားမှာ အရပ်ဝတ်၊ ပလိုင်းလွယ်တဲ့ ကျနော့်ကိုခေါ်ပြီး မင်းသျှမ်းသူပုန်လား၊ မှတ်ပုံတင်ပြပါဦး ဆိုပြီးတောင်းကြည့် တာ။ မေးရင်လဲ အော်ငေါက် ဆဲဆိုတဲ့လေသံနဲ့မေးတာ။ ဗမာစစ်သားကို နာကျည်းနေတာ လဲရှိတော့ ကျနော်လဲ ချတော့ တာပေါ့” ဟု ရုံးချုပ်ရောက် စိုင်းအိုက်လှ ကပြောကြောင်းအရာရှိတဦးကပြေန်လည် ပြောပြသည်။
ယခု ၎င်းသတ်လိုက်သော မြန်မာစစ်တပ်အရာရှိမှာ အမည်နှင့်ရာထူးအဆင့်မသိရသော်လည်း ခလရ ၉ မိုင်းနောင် တပ်မှဖြစ်သည် ကိုတော့ သေချာ သည်ဟုဆို၏။
“ သူ ကျနော့်မှတ်ပုံတင်ကြည့်နေတုန်း ကျနော်လဲ ပလိုင်းထဲက ဓါးဆွဲပြီးသူ့ကိုခုတ်တာ။ သူကရှောင်တိမ်းရင်း ခါးပစ္စတို ဆွဲယူနေချိန် ကျနော်က သူ့ပစ္စတိုကိုကန်ထုတ်ပြီးထပ်ခုတ်တာ သူဒဏ်ရာရသွားတယ်။ အဲ့ချိန်မှာဘဲ ကျနော့မှတ်ပုံတင်ကို ပြန်ဆွဲယူလိုက်တယ်။ ပြီးတော့ သူ့သေနတ်ကိုကောက်ပြီး သူ့ကို ၂ ချက်ဆက်တိုက်ပြန်ပစ် ထဲ့လိုက်တယ်။ မလှမ်းမကမ်းက သူ့တပည့် ၂ ယောက်က ကျနော့်ကို သေနတ်နဲ့ နှစ်ချက်လောက်လှမ်းထူ သေးတယ်။ မထိလို့သေဘေးက လွတ်လာတာ” ဟု စိုင်းအိုက်လှ ရှင်းပြခဲ့သည်ဟုရုံးအဖွဲ့အရာရှိတဦးထပ်ပြောပြ ပါသည်။
စိုင်းအိုက်လှမှာ ကျေးသီးမြို့နယ် နားပန်ရွာသားဖြစ်ပြီး ၎င်းတို့ရွာသည် မြန်မာစစ်သားများ၏ အနိုင်ကျင့်သတ် ဖြတ်မှုကို အမြဲတမ်းခံခဲ့ရကြောင်း၊ အများစုမှာ အရှင်လတ်လတ် မီးတိုက်သတ်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ် ခြင်း တို့ဖြစ် ကြောင်းလည်းပြောသည်။
“ သူ့ကို ရုံးချုပ်ကခေါ်ယူစစ်ဆေးမေးမြန်းတော့ - ၁၉၈၆ တုန်းက သူ့အဖေကို မြန်မာစစ်သားတစုက ဖမ်းပြီး သူတို့ အိမ်ပေါ်မှာဘဲ ကြိုးတုပ်ရိုက်နှက်စစ်ဆေးတာ- တဲ့။ သူ့အဖေရဲ့ နား ရွက်ကိုဖြတ် မီးကင်ပြီး သူ့ကိုအရက် နဲ့မြည်း ပြတယ်တဲ့။ အဲဒီမြန်မာစစ်သားတွေက သူ့အဖေကို ပစ်သတ်လိုက်တာတဲ့။ အဲဒီအကြောင်းက သူ့ကိုစစ်ထဲဝင်စေတဲ့ အကြောင်းဘဲတဲ့။ အသက် ၁၇ နှစ်မှာ သျှမ်းစစ်တပ်ထဲ ဝင်တာ အခု သူ့အသက် ၃၁ နှစ်ရှိ နေပြီ” ဟု အဆိုပါ အရာရှိက သျှမ်းသံတော်ဆင့်အား ပြန်လည်ရှင်းပြသည်။
ဂျွန်လ ၂၅ ရက်ညနေပိုင်းက မြန်မာစစ်တပ်အရာရှိအား မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်အနီး သျှမ်းပြည် တပ်မတော် တပ်သားစိုင်းအိုက်လှက သတ်ဖြတ်ခဲ့ပြီး အဆိုပါအရာရှိ၏ ကျည် ၁၂ တောင့် ကျန် 9 mm ပစ္စတို တစ်လက် သိမ်းဆည်း ရရှိခဲ့သည် ကိုတွေ့ရကြောင်း SSPP/ SSA အရာရှိက ဆက်လက်ပြောပြပါသည်။
No comments:
Post a Comment