ကမ္ဘာကြီး ပူနွေး လာနေ ပါသတဲ့။ ဒါကို ယနေ့ သိပ္ပံ ပညာရှင် များက လက် ခံ လာကြ ပါပြီ။ တကယ်လို့ ကမ္ဘာ့ အပူချိန် ၂ ဒီဂရီ စင်တီ ဂရိတ် ထက် ပိုပြီး တိုးလာရင် အခြေ အနေ တွေ ဆိုးလာ မှာ အသေ အချာ ပါပဲတဲ့။ကမ္ဘာ ကြီးကို ပူနွေး လာမှု ကနေ ကယ်တင်ဖို့ ကြိုးပမ်း နေကြ ပါတယ်။၊ သို့သော် ဘယ်သူ တွေက ကယ်တင် ကြမှာလဲ။ ဘယ်လို ကယ် တင်ကြ မှာ လဲ။ ကျနော်တို့ အားလုံး ကယ်တင် ရမှာပဲ။ လူတိုင်း ကျရာ နေရာက တတပ် တအား ပါဝင် ဖို့ပါ။ ဘယ်လို ကယ်တင် ရမှာလဲ။
ကမ္ဘာကြီး ပူနွေး လာခြင်းကို ကာကွယ် နိုင်ဖို့ အတွက် လုပ်သင့်တဲ့ အချက် ၁၀ ချက်ကို တင်ပြ ပါမယ်။ နံပါတ်၁ ပြုလုပ် ရာမှာ ကတော့ ၂ ဒီဂရီ လောက် လျှော့ချ လိုက်ပါ တဲ့။ ဒါက အေးသော နိုင်ငံ၊ ပူသော နိုင်ငံ များတွင် သာမက သမပိုင်းနဲ့ အပူပိုင်း နိုင်ငံက ပြည်သူ ပြည် သား များနဲ့လည်း သက်ဆိုင် တယ်။
အထူးသဖြင့် ငွေကြေးတတ်နိုင်သူများဟာ နွေအခါ အပူအအေးဒဏ် ကာကွယ်ဖို့အတွက် လေအေးစက် (AirCon ) ကို သုံးတယ်။ ဆောင်းမှာ အပူပေးကိရိယာ (Heater) ကို သုံးပါတယ်။ သူတို့ကို တောင်းပန် ညှိနှိုင်းဖို့ လိုပါတယ်။ ဆောင်းနဲ့ နွေမှာ ၂ ဒီဂရီလောက် အသုံးလျှော့ဖို့ပါပဲ။
ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ကောင်း ထင်ကြမယ်။ ဆိုင်ပါသော် ကောဗျာ။ ခင်ဗျားတို့ ရုပ်ရှင်ရုံတို့ လေအေးစက်ရှိတဲ့ စားသောက်ဆိုင်တို့ကို သွားတယ် ဆိုရင် ကိုယ်နဲ့လည်း သက်ဆိုင်တာပဲပေါ့။
ဒီလို လျှော့ချမယ်ဆိုလျှင် တနှစ်မှာ လေထဲသို့ ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် သုံးပုံတပုံ လျော့ကျသွားမယ်လို့ တွက်ပြ ထားတယ်။
ဒုတိယ လုပ်ရမှာကတော့ မီးလုံးကို လဲလိုက်ပါလို့ ပြောထားတယ်။လူတွေရဲ့ စွမ်းအင်သုံးစွဲမှု အများဆုံးကတော့ မီးထွန်းခြင်းပါပဲ။တ ကယ် လို့ အိမ် ၁ သန်းဟာ သူတို့အိမ်က မီးလုံး ၄ လုံးကို စွမ်းအင်ချွေတာရေး မီးလုံးကို ပြောင်းလဲသုံးစွဲပါက လေထုထဲ ဖန်လုံအိမ်ဓာတ်ငွေ့ တန် ၉ သိန်း သက်သာစေပါမယ်။ Compact Fluorensce Light –CFL ဟာ တူညီ အလင်းစွမ်းအားရှိတဲ့ သာမန် မီးလုံး မီးချောင်းများထက် စွမ်းအင် ၇၅ ရာခိုင်နှုန်း သက်သာစေပါတယ်။
တတိယအချက်ကတော့ လျှပ်စစ်ပစ္စည်းများကို ပလပ်မှ ဆွဲဖြုတ် ထားပါလို့ အကြံပြုထားတယ်။ သုံးတဲ့ခါတော့ သုံးပါ။ မသုံးတဲ့အခါနဲ့ သုံးပြီးတဲ့အခါတွေမှာ ကွန်ပျူတာ၊ တီဗွီ၊ အောက်စက်တို့ကို ရီမုတ်လေး နှိပ်ရုံဖြင့် ဖွင့်လိုရအောင် Standby ထားလေ့ရှိကြတယ်။ ဒီလို အဆင် သင့်ထားခြင်းကို Standby ထား သုံးစွဲသူတွေအတွက် အင်မတန် အဆင်ပြေတာပေါ့။ ရီမုတ်လေးနှိပ်ရုံနှင့် ထိုင်ရာမထ မိမိ တီဗွီနဲ့ အောက် စက် ကို ဖွင့်လို့ရတယ် မဟုတ်လား။ ဒါပေမယ့် ဒီလို Standby ထားရှိခြင်းဟာ လျှပ်စစ်ဓာတ်အားကို သုံးစွဲနေတာလည်း ဖြစ်တယ်ဆိုတာ သတိပြုပါလို့ မှာချင်တယ်။ လျှပ်စစ်ပစ္စည်းများကို အသုံးမပြုသေးတဲ့ အခါတိုင်းမှာ ခလုတ်ကို ပိတ်ပြီး ပလပ်မှလည်း ဆွဲဖြုတ်ထားပါ။ ဒါ ဟာ ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့ အချက်တချက်ပါပဲ။
စတုတ္ထအချက်ကတော့ ကြွပ်ကြွပ်အိတ် မသုံးဖို့ပါဘဲ။ ဈေးသွားတိုင်း ကြွပ်ကြွပ်အိတ် အများကြီး ရလာတတ်တယ်။ ကမ္ဘာမှာ တနှစ်ကို ကြွပ်ကြွပ်အိတ် ၅၀၀ ဘီလီယံကနေ ၁ ထရီလီယံအထိ သုံးစွဲကြသည်။ ၁ ဘီလီယံဟာ သန်းတထောင်ဖြစ်ပြီး ၁ ထရီလီယံကတော့ ဘီလီ ယံ ၁ ထောင် ဖြစ်တယ်လေ။ ဒါဟာ ပျော်စရာမဟုတ်ပါဘူး။ ကြွပ်ကြွပ်အိတ်တွေကြောင့် ရေမြောင်းတွေ ပိတ်ဆို့တယ်။ တိရစ္ဆာန်တွေ အ ထူး သဖြင့် ငါးများစွာ သေကျေပျက်စီးတယ်။ ကြွပ်ကြွပ်အိတ် ထုတ်တာကို ကာဗွန်ခြေရာခံရင်လည်း ရေထု၊ လေထု အင်မတန် ညစ်ညမ်းစေတာကို တွေ့ရပေမယ်။ ကိုယ်ပိုင်အိတ်လေး တအိတ် ယူသွားဖို့ ပျင်းမနေပါနဲ့။
ပဉ္စမ အချက်အနေနဲ့ ဒေသတွင်း ထွက်ကုန်များကို သုံးစွဲပါလို့ မှာချင်ပါတယ်။ ကုန်တိုက်များမှာ ဝယ်တဲ့ အစားအသောက်တွေနဲ့ အသုံးအဆောင်တွေဟာ ဒေသထွက်တွေ ဖြစ်လေ့မရှိဘူး။ မိုင်ထောင်ပေါင်းများစွာ အဝေးတနေရာဆီမှ ရောက်လာတဲ့ ပစ္စည်းများ ဖြစ်တတ်တယ်။ ဒီလို သယ်ယူပို့ဆောင်ရေးများကို ပြုလုပ်တဲ့အခါ ကမ္ဘာ့လေထုအတွင်းထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ပေါင်းများစွာ ထုတ်လွှတ် ကြရ တတ်ပါတယ်။ ဒေသထွက် ပစ္စည်းများကို ဝယ်ယူသုံးစွဲပါက ကမ္ဘာ့လေထုကို ကယ်တင်ရာ ရောက်ပါတယ်။
ဆဋ္ဌမ အချက်ကတော့ ကိုယ့်ခွက် ကိုယ်သုံးဖို့ပါတဲ့။ ယနေ့ တခါသုံးခွက်တွေ ပေါလှတယ်။ ပိုလီစတိုင်ရင်းဖုန်း (Polystyrene Foam) တွေကတော့ ဈေးပေါလှတယ်။ ရောဂါတွေကလည်း သောက်ရေခွက်တွေက တဆင့် ကူးတတ်လေတော့ တခါသုံးခွက်တွေ သုံးတတ် တယ်။ ဒါဟာ ဆိုးရွားတဲ့အကျင့်ပါ။ ခရီးသွားရင်ကိုယ့်ခွက်ကိုယ် ယူခဲ့ပါ။ ဒီအတိုင်းပဲ တခါသုံး ဝါး တူတွေလည်း ပေါတယ်။ မိမိ တူကို မိမိ သုံးပါ။ ဝါးပင် များစွာကို အသက်ရှင်စေမှာဖြစ်တယ်။ ဝါးပင်များဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုပ်ယူရာတွင် အထိရောက်ဆုံးသော အပင် များ ဖြစ်တယ်။
နံပါတ် ၇ မှာတော့ လူထုဆက်သွယ်ရေး ယာဉ်ကိုသုံးပါလို့ ဆိုတယ်။
ဘတ်စ်ကား တစီးသည် လူဦးရေ ၅၀ ကို သယ်ယူပို့ဆောင်နိုင်စွမ်း ရှိတယ်။ ရထားကပိုပြီးတော့ ကုန်နဲ့လူ သယ်ယူပို့ဆောင်နိုင်တယ်။ ရထား ဘတ်စ်ကားစတဲ့ သယ်ယူပို့ဆောင်ရေးတွေဟာ လူတဦးချင်းစီ ပို့ဆောင်တဲ့ စွမ်းအင်ရဲ့ ထက်ဝက်ကျော်မျှ ချွေတာနိုင်ပါတယ်။
နံပါတ် ၈ မှာတော့ စက်ဘီးစီးဖို့ သို့မဟုတ် လမ်းလျှောက်ဖို့ အကြံပြုထားတယ်။ အနီးအနား ခရီးတွေကို လမ်းလျှောက်သွားပါ။ သို့မဟုတ် စက်ဘီးကို အသုံးပြုပါ။ ကျောင်းတွေမှာ ကျောင်းကြိုပို့ ယာဉ်တွေနဲ့ ရှုပ်ထွေးမနေသင့်ပါဘူး။ အနည်းဆုံး တပတ် တရက်လောက်တော့ ကားမစီးပါနဲ့။ ဒါဆိုရင် သင် ကမ္ဘာကြီးကို ကယ်တင်နေသူ တယောက်ပါ။
နံပါတ် ၉ မှာ ရေအချိုးလျှော့ဖို့မှာတယ်။ ကမ္ဘာကြီးမှာ ရေသန့်တွေ နည်းပါးလာနေတယ်။ ရေနည်းနည်းနဲ့ မြန်မြန်ချိုးပါ။ အနောက်တိုင်းလို ရေစိမ်ခံကာ ဇိမ်မခံပါနဲ့။ ရေအေးချိုးတဲ့အကျင့်လုပ်ပါ။ လူတိုင်း ရေချိုးလျှော့ပါက တမိနစ်ကို ရေဂါလန် သန်း ၅၀၀ သက်သာစေသည်။
နောက်ဆုံးအချက် ၁၀ ဟာ နောက်ဆုံးဖြစ်ပေမယ့် အရေးအကြီးဆုံးပါ။ ဒါကတော့ အပင်စိုက်ပါတဲ့၊ အပင်တွေဟာ ကာဗွန်ဒိုင်အောက် ဆိုဒ်ကို စုပ်ယူတယ်။ တဖက်ကလည်း အောက်ဆီဂျင်ကို ထုတ်လွှတ်တယ်။ သာမန်သစ်ပင် တပင်ဟာ လူနှစ်ယောက်အတွက် လုံလောက် တဲ့ အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးနိုင်တယ်။ အပင်များဟာသတ္တဝါတွေရဲ့ နေအိမ်လည်း ဖြစ်တယ်။ လူနေအိမ်အတွက် သစ်သားကို လည်း ပေးတယ်။
နိဂုံးချုပ် အနေနဲ့ ပြောရရင်တော့ ဒါဟာ လူတိုင်း တတ်နိုင်တဲ့ ၁၀ ချက်ပါ။ မခက်လှပါဘူး။ ကမ္ဘာ့ဝင်ရိုးစွန်းမှ ရေခဲများ အရည်ပျော်စပြုနေ တာ သင်သိမှာပါ။ မုန်တိုင်းတွေကိုလည်း သင်ခံစားဖူးမှာပါ။ မိမိကိုယ်တိုင် ပါဝင်နိုင်သောအပိုင်း အလွန် နည်းသော်လည်း ထိရောက်တာ ကို သတိပြုနိုင်ပါတယ်။ အားလုံးပါဝင်ပါမှ ကမ္ဘာကြီးလည်း ကျန်းမာမည် ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
No comments:
Post a Comment