Friday, February 10, 2012

ချိပ်ပိတ်ထား​သည့်​ မဂ္ဂင်​ကျောင်း​တိုက်ကို ပြန်ဖွင့်​ပေး​မည်

အေး​နိုင်

ချိပ်ပိတ် ထား​တဲ့​ ရန်ကုန်တိုင်း​ သဃင်္န်း​ ကျွန်း​မြို့​နယ်က မဂ္ဂင်​ ကျောင်း​ တိုက်ကို ဒီက​နေ့​ မွန်း​လွဲ တနာ ရီမှာ ပြန်လည် ဖွင့်​လှစ်​ ပေး​မယ်လို့​ မဂ္ဂင်​ ကျောင်း​တိုက် ဆရာ​တော် ဦး​ဣိန္ဒ ကကို မြို့​နယ် သံဃ မဟာ နာယက က ​လျှောက်ထား​ ပါတယ်။

မဂ္ဂင်​ကျောင်း​ ဆရာ​တော် ဦး​ဣိန္ဒက “ဒီ​နေ့​ ဖွင့်​ဖို့​ သူတို့​ အ​ကြောင်း ​ကြား​တယ်။ ရန်ကုန်တိုင်း​ သာသနာ ​ရေး​မှူး​ ဦး​ဇော်​ဇော်ဦး​ က​နေပြီး​တော့​ သဃင်္န်း​ ကျွန်း​မြို့​နယ် ဥက္ကဋ္ဌဆီကို ဖုန်း​လှမ်း​ ဆက်တာ​ လေ။ အဲဒီ​တော့​ ​နေ့​ခင်း​ ၁၂ နာရီ ခွဲ​လောက်ကို ​ရောက်လာလိမ့်​ မယ်ထင် တာပဲ။ ​ရောက်လို့​ ရှိရင် ကျုပ်တို့​ကို ဒီ​ကျောင်း​ က​နေ လာ​ခေါ် မယ်လို့​ သူတို့​ ​ပြောထား​ တယ်။” လို့​ မိန့်​ပါတယ်။

အစိုး​ရက မဂ္ဂင်​ကျောင်း​ကို ​ရွှေဝါ​ရောင်​တော်လှန်​ရေး​အပြီး​မှာ ​ကျောင်း​ထိုင်ဆရာ​တော်ကိုပါ ဖမ်း​ပြီး​ ​ကျောင်း​ကိုချိပ်ပိတ်ခဲ့​ပါတယ်။ ဒီနှစ် ဇန်နဝါရီလဆန်း​မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်တဲ့​အခါ ပြန်သီတင်း​သုံး​နေကြတာပါ။

ဒီ​နောက် ခွင့်​ပြုချက်မရှိဘဲ ပြန်​နေတာဟာ ပြစ်မှု​မြောက်တယ်လို့​ သံဃမဟာနာယက က ဆုံး​ဖြတ်ပြီး​ ပြီး​ခဲ့​တဲ့​ စ​နေ​နေ့​မှာ ပြန်ချိပ်ပိတ်ခဲ့​တာ​ကြောင့်​ အနီး​နား​က သဃင်္န်း​ကျွန်း​မြို့​နယ် ဥက္ကဋ္ဌ ဆရာ​တော် သီတင်း​သုံး​နေတဲ့​ လယ်တီ ဝိပဿနာ​ကျောင်း​တိုက်မှာ ​ပြောင်း​ရွှေ့​ သီတင်း​သုံး​နေတာပါ။

No comments: