Wednesday, February 15, 2012

တေး​ရေး​ညီသစ် ဘန်​ကောက်မြို့​တွင် ကွယ်လွန်

ပီတာအောင်

တေး​ရေး​နဲ့​ စာ​ရေး​ ဆရာ ညီသစ် (ခ) ဝင်း​မျိုး​ကျော် အသက် ၄၂ နှစ်ဟာ ​ဖေ​ဖော်ဝါရီ ၁၅ ဗုဒ္ဓဟူး​နေ့​ မနက်က ထိုင်း​နိုင်ငံ ဘန်​ကောက် မြို့​မှာ ကွယ် လွန် သွား​ပါတယ်။

ပန်း​နာ ရင်ကျပ်​ ရောဂါနဲ့​ အသက်ရှူ ရပ်ပြီး​ ​သေဆုံး​ သွား​တာလို့​ ဘန်​ကောက် မြို့​မှာ ရှိတဲ့​ မာဘွန် က​ရောင်း​ ​ဆေး​ရုံက ​ပြောပါတယ်။

ကိုညီသစ်ဟာ ​လေး​ဖြူ၊​ ဝိုင်ဝိုင်း​၊​ ကြိုး​ကြာ စတဲ့​ နာမည်ကြီး​ အဆို​ တော်​တွေ သီဆို ခဲ့​တဲ့​ ​တေး​သီချင်း ​တွေကို ​ရေး​သား​ခဲ့​သူဖြစ်ပြီး​ ​လေး​ဖြူ သီဆိုတဲ့​ ပါဝါ​ တေး​စီရီး​ထဲက မျက်ရည်များ ​၏​နောက်ကွယ်၊​ အငြိုး​ အင်အား​၊​ အလွမ်း​ ရဲ့​ နတ်သမီး​၊​ လတစင်း​ကိုရူး​သွပ်သူ၊​ လပြည့်​ည စတဲ့​ သီချင်း​တွေ၊​ လူသိများ​ပါတယ်။ ဝိုင်ဝိုင်း​သီဆိုတဲ့​ “ကြိုး​မဲ့​စွန်” စီး​ရီး​ထဲက ​ရေဆန်လမ်း​၊​ “လမင်း​နဲ့​ပင်လယ်” စီး​ရီး​ထဲက – နှလုံး​သား​ရှာသူ – အချစ်မဲ့​နိဂုံး​ စတဲ့​သီချင်း​တွေ လူသိများ​ပါတယ်။

၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေ ပြည်လုံး​ကျွတ် ဆန္ဒမဲခံယူပွဲ ကာလ ကလည်း​ ကန့်​ကွက်မဲ​တွေ ​ပေး​ကြဖို့​လှုံ့​ဆော်ကြတဲ့​ VOTE NO ဆိုတဲ့​ သီချင်း​ကို ဖန်တီး​ဖြန့်​ချိခဲ့​ပါတယ်။

ဒါ့​အပြင် ဆင်း​ရဲ​သော​ဖေ​ဖေ ချမ်း​သာ​သော​ဖေ​ဖေ၊​ အချစ်ဆိုတဲ့​အရာ၊​ ဇနီး​တစ် ​ယောက် ချစ်ရာ​ရောက်​အောင်၊​ ကမ္ဘာ့​စကား​ပုံထဲက မိန်း​မ သား​၊​ ခင်ဗျား​ဒိန်ခဲကို ကျွန်တာ်​နေရာ​ရွေ့​ခဲ့​တယ်နဲ့​ စိတ်ဓာတ် ခွန်အား​ကို ​ပေး​သောစာစုများ​ စတဲ့​ ဘာသာပြန် စာအုပ်​တော်များ​များ​ကို လည်း​ ​ရေး​သား​ခဲ့​သူ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က ထိုင်း​နိုင်ငံကို ​ရောက်ရှိ လာတာ ဖြစ်ပြီး​ ပြည်ပ အ​ခြေစိုက် မီဒီယာ​ တွေဖြစ်တဲ့​ ​ခေတ်ပြိုင် ဂျာနယ်နဲ့​ ဒီဗွီဘီ သတင်း​ ဌာန​တွေမှာ တာဝန် ထမ်း​ခဲ့​ ဖူး​ပါတယ်။

No comments: