၁၉၆၂ ကနေ ၂၀၀၇ ခုအထိ ကျောင်းသားခေါင်းဆောင် မျိုးဆက် များရဲ့ မိတ်ဆက် လက်ဖက်ရည် ပွဲကို ရန်ကုန် တောင်ဥက္က လာက စိတ်တိုင်းကျ လက်ဖက်ရည် ဆိုင်မှာ ဒီနေ့ မွန်းလွဲပိုင်းက ပြုလုပ် ခဲ့ပါတယ်။မိတ်ဆက် ပွဲမှာ ၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင် ဦးလှရွှေ၊ ၇၄-၇၅ ကျောင်းသား များကိုယ်စား ဦးဦး လှစော၊ ၈၈ မျိုးဆက် ကျောင်းသားများ ကိုယ်စား ကိုမြအေး၊ ၉၆-၉၈ ကျောင်းသား များ ကိုယ်စား မနိုဘယ်လ် အေးနဲ့ ၂၀၀၇ ကျောင်းသား များကိုယ်စား ကိုစည်သူမောင် တို့က မိတ်ဆက် စကား အသီးသီး ပြောကြား ခဲ့ကြ ပါတယ်။
၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးက “ကျနော်တို့ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ၁၉၂၀၊ ၁၉၃၆၊ ၁၉၃၈၊ ၁၉၇၄-၇၅-၇၆၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ အစရှိသဖြင့် သမိုင်း စဉ်ဆက် တလျှောက်မှာ ကျနော်တို့ ကျောင်းသား သမိုင်းဟာ ရှင်းရှင်း လေးပါ။ ရိုးတယ်၊ ရှင်းတယ်၊ ဖြောင့်မတ်တယ်၊ မှန်ကန် တယ်။” လို့ ပြောပါ တယ်။
၆၂ ကနေ ၂၀၀၇ အထိ ကျောင်းသားမျိုးဆက်တွေ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ကလည်း ရန်ကုန်၊ မရမ်းကုန်းမှာ ပြုလုပ်ခဲ့ပြီး အဲ့ဒီတုန်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဗကသလူငယ်တွေဟာ အကျဉ်းထောင်ထဲမှာ ရှိနေသေးတဲ့အတွက် မပါဝင် နိုင်ခဲ့ဘဲ အခု တကြိမ်မှာတော့ ကျောင်းသားမျိုးဆက်တွေ စုံစုံညီညီ မိတ်ဆက် တွေ့ဆုံခွင့် ရခဲ့ကြတာပါ။
ဒီနေ့ပွဲကို တက်ရောက်ခဲ့ရတဲ့အတွက် ကျောင်းသား သမိုင်းဟာ မျိုးဆက်မပြတ်သွားဘူးဆိုတဲ့ အမြင် ရခဲ့တယ်လို့ ကိုမြအေးက ပြောပါ တယ်။
ဒါ့အပြင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျောင်းသားသမိုင်းဟာ အရေးကြီးတယ်လို့ သူက ပြောပါတယ်။
“မြန်မာ့ နိုင်ငံရေး သမိုင်းမှာ ကျောင်းသား သမိုင်း သိပ် အရေးကြီး ပါတယ်။ သမဂ္ဂ သမိုင်း သိပ် အရေးကြီး ပါတယ်။ ကျောင်းသား ရှိရင် ကျောင်းသား သမဂ္ဂ ရှိရမယ်။ အစဉ် အလာ ကြီးမားတဲ့ သမဂ္ဂကြီး ပြန်ရ လိမ့်မယ်လို့ ကျနော် ယုံကြည် တယ်။ နောက် မျိုးဆက်ကို ကျနော် အရမ်း အားကိုး ပါတယ်။ ကျနော် တို့လည်း ကြိုးစား သွားမှာ ဖြစ်တဲ့ အတွက် နောက်မျိုး ဆက်ကလည်း ကျနော် တို့ထက် ပိုပြီး လုပ်နိုင်မ ယ်လို့ ကျနော် ယုံကြည် တယ်။”
ဒီနေ့ မိတ်ဆက်လက်ဖက်ရည်ပွဲကို ကျောင်းသားကိုယ်စားလှယ်ပေါင်း နှစ်ရာလောက် တက်ရောက်ခဲ့ကြပါတယ်။
No comments:
Post a Comment