Monday, February 13, 2012

မြိုင်အုပ်ချုပ်​ရေး​မှူး​ အန်အယ်လ်ဒီ​ဈေး​ရောင်း​ပွဲ ပိတ်ပင်

အေး​နိုင်

မ​ကွေး​တိုင်း​ မြိုင်မြို့​ နယ်က ဘုရား​ပွဲ တခုမှာ အ မျိုး​သား ​ဒီမိုက​ရေစီ အဖွဲ့​ချုပ် ရန်ပုံ​ငွေ​ ဈေး​ရောင်း​ ပွဲကို မြို့​နယ် အုပ်ချုပ်​ ရေး​မှူး​က ပိတ်ပင်လို့​ ​ရောင်း​ချခွင့်​ မရဘဲ ပိတ်လိုက် ရပါတယ်။

သုံး​ရက် ဆက်တိုက် ဘုရား ​ပွဲကို မြို့​နယ် အုပ်ချုပ်​ ရေး​မှူး​က သူကိုယ် တိုင်မ လာဘဲ ဘုန်း​ကြီး​ တွေက တဆင့်​ ပိတ်ခိုင်း​ တာလို့​ ဆိုပါ တယ်။

အခုလ ၈ ရက်​ နေ့​က စတဲ့​ မြိုင်မြို့​နယ် ရွာတန်း​ ရှည်​ကျေး​ရွာ ဆီအုန်း​တောင် ​ကျေး​ရွာ ဘုရား ​ပွဲမှာ မန္တ​လေး​ ကလာတဲ့​ နာမည်ကြီး​ ​ရွှေမန်း​သဘင်ရဲ့​ ဇာတ်ကို ကပြ ပါတယ်။

အဲဒီ ပွဲမှာ မြိုင် အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ဗိုလ်ချုပ်နဲ့​ ​ဒေါ်​အောင်ဆန်း ​စုကြည် ပုံပါ တီရှပ်​တွေ၊​ ​သော့​ချိတ်​တွေ၊​ ဦး​ထုပ်​တွေ ရန်ပုံ​ငွေအတွက် ​ရောင်း​တာကို ညကိုး​ နာရီ​ လောက်မှာ လာ​ရောက် ပိတ်ပင်ခံ ရတာဖြစ် ပါတယ်။

မြိုင်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦး​အောင်ခင်ဝင်း​က “ည ၉နာရီ​လောက်မှာ သံဃာ​တော်​တွေက လာပြီး​တော့​ ဘာသာ​ရေး​ပွဲ​တွေမှာ နိုင်ငံ​ရေး​ပါတီ အ​ရောင်း​ဆိုင်​တွေ ခွင့်​မပြုဘူး​လို့​ လာ​ပြော​တော့​ အာနန္ဒာဘုရား​ပွဲ​တော်မှာလည်း​ ​ရောင်း​တာပဲလို့​ ​ပြော​တော့​ အဲ့​ဒါ​တွေကထား​ပါတဲ့​။ တ ကယ်လို့​ ဒကာတို့​က ဆိုင်မပိတ်ရင် ပွဲမိန့်​ပိတ်မယ်တဲ့​။ အဲဒါနဲ့​ ဘုန်း​ဘုန်း​ တပည့်​တော်တို့​က​တော့​ ပွဲ​တော့​ အပျက်မခံဘူး​။ အဲဒါနဲ့​ ၁၁ နာရီ​လောက်မှာ အစား​ထိုး​ပွဲမိန့်​ဆိုတာ ​ရောက်ချလာတယ်။ အစား​ထိုး​တဲ့​ ပွဲမိန့်​ရဲ့​ အပိုဒ် ဇ ခွဲမှာ နိုင်ငံ​ရေး​ပါတီ အ​ရောင်း​ဆိုင်​တွေကို ဘာသာ​ရေး​ပွဲ​တွေမှာ ခွင့်​မပြုဘူး​ဆိုတာ မြို့​နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေး​မှူး​ လက်မှတ်ထိုး​ပြီး​ ကျလာတယ်” လို့​ ​ပြောပါတယ်။

သူတို့​ဈေး​ရောင်း​တယ်ဆိုတာကို သိတဲ့​အတွက် မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က တမင်အကွက်ဆင်ပြီး​ တား​ခဲ့​တာလို့​ ဆိုပါတယ်။

အုပ်ချုပ်​ရေး​အာဏာပိုင်ရဲ့​ ဒီပိတ်ဆို့​မှုအ​ပေါ် ဦး​အောင်ခင်ဝင်း​က “အခုက မ​ကွေး​တိုင်း​မှာ အဆိုး​ဆုံး​ ဖြစ်​နေတာ။ စာ​ပေ​ဟော​ပြောပွဲ​တွေ လည်း​ ပိတ်၊​ ​ဈေး​အ​ရောင်း​ဆိုင် ရန်ပုံ​ငွေ ရှာပွဲ​တွေလည်း​ ပိတ်၊​ မ​ကွေး​တိုင်း​မှာကို ဖြစ်​နေတာ။ တရား​မဝင် ပစ္စည်း​လည်း​ ​ရောင်း​တာမ ဟုတ်ဘူး​လေ။ ဘိန်း​ရောင်း​တာလည်း​ မဟုတ်ဘူး​။ ကျ​နော်တို့​က​တော့​ လာမယ့်​ ဘုန်း​ကြီး​ပျံပွဲ​တွေမှာ ဆက်​ရောင်း​ချင်တာပဲဗျ။”

မကြာခင်မှာ ဘုန်း​ကြီး​ပျံပွဲ​တွေ၊​ တ​ပေါင်း​လပြည့်​ပွဲ​တွေလည်း​ လာ​တော့​မှာဖြစ်လို့​ ရန်ပုံ​ငွေ ​ဈေး​ရောင်း​ချခွင့်​ရဖို့​ ကြိုး​ပမ်း​မယ်လို့​ သူက ​ပြောပါတယ်။

No comments: