မျိုးသိဏ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၂
ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် လုံခြုံရေးချထားသည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (တပ်မတော်လေ) နှင့် တပ်မတော်လေ စစ်သည် များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ လေဆိပ်လုံခြုံရေး ပူးတွဲတာဝန်ယူထားသည့် အဖွဲ့ဝင်များအနက်မှ စစ်ဘက်လုံခြုံရေး အဖွဲ့ဝင်များကိုသာ ရုတ်သိမ်းခြင်းဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ စ၍ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး အဖွဲ့များကသာ လေဆိပ် လုံခြုံရေးကို တိုက်ရိုက်ထိန်းချုပ် ကိုင် တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment