ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ KNPP နဲ့ မြန်မာ အစိုးရ ကိုယ်စား လှယ်တို့ ယမန် နေ့က တွေ့ဆုံ ပွဲပြုလုပ် ခဲ့ကြရာ ထာဝရ ငြိမ်းချမ်းရေး တည် ဆောက်ဖို့ နှစ်ဦးနှစ်ဘက် အပစ်ခတ် ရပ်စဲရေး အတွက် ဆွေးနွေး မှုတွေ ဆက်လက် ဖြစ်ပေါ်ရန် အလား အလာ ကောင်းတွေ တွေ့ရှိရ တယ်လို့ သိရ ပါတယ်။ အစိုးရ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့ နဲ့ KNPP မှ ထိပ်တန်း ခေါင်းဆောင်း များဟာ ဖေဖော်ဝါ ရီလ ၆ ရက်နေ့က ထိုင်း- မြန်မာ နယ်စပ် တနေ ရာမှာ အပစ်ခတ် ရပ်စဲရေး အတွက် ပဏာမ အဆင့် တွေ့ဆုံ ခဲ့ကြ ပါတယ်။
ယခု တွေ့ဆုံ ပွဲမှာ အပစ် အခတ် ရပ်စဲရေး အတွက် နှစ်ဦး နှစ်ဘက်မှ သဘောတူ ညီမှု တစုံတရာ မျှမရ ရှိကြပေမယ့် “ဒီတွေ့ဆုံ ပွဲက တော့ နောက် ဆက်တွဲ ဆွေးနွေးပွဲ တွေအတွက် ပထမ ခြေလမ်း ကောင်းလို့ပဲ ပြောရမှာ ဖြစ်တယ်။ နှစ်ဦး နှစ်ဘက် နားလည်မှု ရကြ တယ် လို့ပဲ ပြောရ မှာပါ” လို့ တွေ့ဆုံ ပွဲမှာ ပါဝင်ဦး ဆောင်တဲ့ KNPP အတွင်း ရေးမှူး ၁ ခူဦးရယ်က ပြော ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းက တင်ပြထားတဲ့ အချက် ၄ ချက်ကို ပြန်လည်ဆွေးနွေးပြီး ကေအဲန်ပီပီဖက်မှ ပြည်သူများ နေ ရာ ပြန်လည်ချထားရေး၊ အလုပ်အကိုင်၊ အစားအသောက်၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းအတွက် တင်ပြဆွေးနွေးခဲ့ပြီး လာမယ့် မတ်လ အစောပိုင်းမှာ ထပ်မံတွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
“ဒီအစည်းအဝေးမှာကတော့ ဘာဆုံးဖြတ်ချက်မှ မရှိဘူး။ နောက် ဆွေးနွေးပွဲအတွက် ကျနော်တို့ သဘောတူထားကြတာကတော့ မတ်လ အစောပိုင်း ပထမပတ် အတောအတွင်းမှာပဲ တွေ့ဆုံကြဖို့ အဲတခုလေးပဲ သဘောတူထားကြတယ်” လို့ ခူဦးရယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့ဝင်များနဲ့ မြန်မာအစိုးရမှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမအဆင့်အနေဖြင့် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။
ယခုဖေဖော်ဝါရီလ ၆ ရက်နေ့တွေ့ဆုံပွဲမှာ ကေအဲန်ပီပီမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များဖြစ်တဲ့ KNPP အတွင်းရေးမှူး -၁ ခူဦးရယ်၊ အတွင်းရေးမှူး -၂ ဆရာအောင်ဆန်းမြင့်၊ KNPP အရံဗဟိုကော်မီဝင် ဆရာ ပလုရယ်နဲ့ ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးတို့ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့တို့ဖြစ်ပါတယ်။
No comments:
Post a Comment