လာမယ့်ဧပြီ ၁ ရက်မှာ ကျင်းပ မယ့် ကြားဖြတ် ရွေးကောက် ပွဲဟာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့် မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက နိုင်ငံ တကာကို ကတိပြု ပြောကြား လိုက်ပါ တယ်။မြန်မာ နိုင်ငံမှာ ရောက်ရှိ နေတဲ့ အီးယူ ဥရောပ သမဂ္ဂ ဖွံ့ဖြိုးရေး ကော်မရှင် အကြီး အကဲ Andris Piebalgs (အန်ဒ ရစ်ပီ ယာဘဂ်)နဲ့ နေ ပြည် တော်မှာ တွေ့ဆုံ ပြောကြား လိုက်တာလို့ အီးယူ အင်တာနက် ဝက်ဆိုက်မှာ သတင်း ထုတ်ပြန် ထားပါ တယ်။
သူရ ဦးရွှေမန်းက “ကျနော်တို့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ လုပ်ဆောင် ထားပါ တယ်။ ဒါ့ကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ် မျှတပြီး အများ ယုံကြည် လက်ခံ နိုင်ပါ လိမ့်မယ်”လို့ ပြောကြား ခဲ့ကြောင်း သတင်းမှာ ဖော်ပြ ပါတယ်။
အီးယူ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ အန်ဒရစ်ပီယာဘဂ်ဟာ “သမ္မတဦးသိန်းစိန်နဲ့လည်း တံခါးပိတ် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ အားတက်စရာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ မျက်စိဖွင့်ပြီး ဆက်ကြည့်နေရပါ တယ်။ ခုဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သဘောမတူညီမှုတွေ ရှိနေနိုင်ရင်တောင် ပြုပြင်ပြောင်းလဲမှုတွေဟာ အမှန်တကယ် ဖြစ်နေတယ်ဆိုတာ ဘယ်သူမှာ သံသယ မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
အီးယူ ဥရောပသမဂ္ဂအဖွဲ့မှာ ဂျာမနီ ဖွံ့ဖြိုးရေးဝန်ကြီး Dirk Niebel လည်း လိုက်ပါသွားပြီး ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
မြန်မာခေါင်းဆောင်တွေကို ဗီဇာပိတ်ပင်ထားမှု အီးယူက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင် ပယ်ဖျက်ပေးလိုက်ပြီး အမေရိကန် ဒေါ်လာသန်း ၂ဝဝလောက်နဲ့ ညီမျှတဲ့ ယူရိုငွေ သန်း ၁၅ဝလောက် လာမယ့် ၂ နှစ်အတွင်း ကူညီမယ်လို့ ကတိပြုထားပါတယ်။
ဂျာမနီဖွံ့ဖြိုးရေးဝန်ကြီးကတော့ ရွေးကောက်ပွဲ လွတ်လပ်မျှတပြီး ဒီမိုကရေစီနည်းကျမယ်ဆိုရင် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်းဖို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။
No comments:
Post a Comment