
တြိဂံတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G 1) ဒု ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် ရှမ်းပြည် တပ်မတော် (SSA) တောင်ပိုင်းမှ ဗိုလ်မှူး ကြီး အောင်မောင်းတို့သည်အပစ်အခတ် ရပ်စဲရေး သဘောတူထား သော်လည်း နှစ်ဘက်တပ်များ တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှုနှင့် ပတ် သက်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မည်သည့်နေရာ၌ တွေ့ဆုံဆွေးနွေးကြောင်း အတိအကျ မသိရသော်လည်း ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် စစ်ရေးပဋိပက္ခဖြစ်ပွားသည့် ဒေ သများ၌ လှုပ်ရှားနေသော အစိုးရတပ်များ နယ်မြေရှင်းလင်းရေး မပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း ဗိုလ်မှူးကြီး အောင်မောင်းထံမှ သိ ရကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။
“ဒု ဗိုလ်မှူးကြီး ခင်မောင်ထွေးကလည်း အခုနယ်မြေ ရှင်းလင်းရေးလုပ်နေတဲ့ သူတို့တပ်ဖွဲ့တွေကို ရပ်ဆိုင်းဖို့ သဘောတူသွားတယ်” ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်းတပ်ဖွဲ့နှင့် အစိုးရတပ်များ၂ ရက်ခန့်အကြာ ပြန်လည်ဖြစ်ပွားခဲ့သည့် အကြောင်းကိုမှု SSA တောင်ပိုင်းဘက်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိကြောင်း ဦးခွန်စိုင်းက ဆက်ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသော SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များနှင့် မိုင်းတုံမြို့နယ်ရှိ အစိုး ရတပ်များ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့တွင် SSA တောင်ပိုင်း ဌာနချုပ် တည်ရှိရာ လွယ်တိုင်းလျန်း၌ ၆၅ ကြိမ်မြောက် ရှမ်းပြည် နယ်နေ့ အခမ်းအနား ကျင်းပ နေချိန် ဖြစ်သည်။
နှစ်ဘက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် အကြောင်းကို အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းထံ ယခုလ ၉ ရက်နေ့က စာပေးပို့ခဲ့သော်လည်း တစုံတရာအကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း သိရသည်။
၂၀၁၁ ဒီဇင်ဘာ၂ ရက်နေ့က ဦးအောင်မင်းနှင့် SSA တောင်ပိုင်းအဖွဲ့ ကိုယ်စားလှယ်များ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးပြီး အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
No comments:
Post a Comment