ရိုးမ ၃
မန်းရွှေစက်တော် ဘုရားပွဲတော်တွင် နိုင်ငံရေးနှင့်သက်ဆိုင်သည့် ပိုစတာများ စာအုပ်စာတမ်းများ ရောင်းချခွင့်မပြုကြောင်း ဘုရား ဂေါပ ကအဖွဲ့က တားမြစ်စာ ထုတ်ပြန်ထားကြောင်း ဒေသခံတဦးက ပြောသည်။
ယခုလ (၃) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ တီရှပ်အင်္ကျီများနှင့် အခြားနိုင်ငံရေးအရောင် ထင်ဟပ်စေသည့် စာအုပ်များကို ရောင်းချခွင့်မပြုခြင်းဖြစ်သည်။
“သာသနာနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံရေးအရောင်အသွေးဖြစ်ပေါ်စေတဲ့ အမှတ်တရပစ္စည်းတွေ၊ အင်္ကျီ၊ ပိုစတာ၊ စာစောင်အစုံဘဲ အဲဒါ တွေကိုရောင်းခွင့်မပြုဘူး၊ ဆိုင်တွေဘဲဖြစ်ဖြစ်၊ လက်ပွေ့ရောင်းတာဘဲဖြစ်ဖြစ် ဆိုတာကို စာထဲမှာ ရေးထားတယ်” ဟု ဒေသခံ ကပြော သည်။
ယင်းတားမြစ်ချက်ကို မလိုက်နာပါက ရောင်းချသည့်ဆိုင်များကို ပိတ်ခြင်း၊ ဆိုင်ခန်းပြန်လည် သိမ်းဆည်းခြင်းများကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ပါရှိသည်။
ထို့အပြင် မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့အနေဖြင့် အခြားလာဘ်ပေးလာဘ်ယူ ကိစ္စများလည်း ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံက ဆက်ပြောသည်။
No comments:
Post a Comment