ရန် ကုန်မြို့တွင် ညီနောင် တိုင်းရင်းသား ၆ ဖွဲ့ က ပြုလုပ်သော (၆၅) နှစ်မြောက် ပြည်ထောင်စု နေ့တွင် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗမာလည်း မြန်မာနိုင်ငံထဲက တိုင်းရင်းသား တစ်မျိုးသာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု ရခိုင် တိုင်းရင်း သားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။ " ဒေါ် အောင်ဆန်း စုကြည် ကတော့ တိုင်းရင်း သားများရဲ့ အခန်း ကဏ္ဍကို သူ အသိ မှတ်ပြု တယ်လို့ ပြောခဲ့ ပါတယ်။ တိုင်းရင်းသား တန်း တူရေး ကျွန်တော်တို့ တောင်းဆို နေတဲ့ ပြည်ထောင်စု စစ်စစ် ကိုလည်း သူက ယေဘူယ အားဖြင့် ထောက်ခံ တယ်လို့ ပြောသွား ပါတယ်။ ထူးခြား တာကတော့ ဗမာ ဆိုတာ လည်း မြန်မာ နိုင်ငံ ထဲက တိုင်းရင်းသား တစ်မျိုး ဆိုတဲ့ စကား တခွန်း ကိုလည်း မြန်မာ နိုင်ငံ သမိုင်း အပြောင်း အလဲ ကာလမှာ ဒေါ်အောင်ဆန်း စုကြည် ပြောသွား တာကို ကျွန်တော်တို့ ကြားလိုက် ရပါတယ်" ဟု ပြောသည်။
Nationality Brotherhood F၀rum အမည်ဖြင့် စုပေါင်း ထားသော တိုင်းရင်းသား ညီနောင် ၅ ပါတီနှင့် နောက်ဆုံး လာပေါင်းသော က ယန်း အမျိုးသား ပါတီတို့ ပူးပေါင်း ကျင်းပ သော (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြော ကြား သွားခြင်း ဖြစ်သည်။
" တခြား အစီ အစဉ်တွေ ရှိနေတဲ့ အတွက် ဒေါ်အောင်ဆန်း စုကြည်က အခမ်း အနား အစီအစဉ် ပီးဆုံး နီးခါမှ ရောက်ရှိ လာပါတယ်။ အခမ်း အနား မှာ မိန်းခွန်း ပြောတော့ ဗမာလည်း တိုင်းရင်းသား ဆိုတဲ့ ဒီအချက်ကို ထည့်ပြော သွားပါတယ်။ ဗမာကို တိုင်းရင်း သား ထဲ မှာ မထည့် ဘဲနဲ့ ကျန်တဲ့ လူမျိုး (၇) မျိုးကိုသာ တိုင်းရင်းသား အဖြစ် ထည့်သွင်း ရာကနေ ဗမာဆို တာလည်း တိုင်းရင်းသား တစ်မျိုး ပါ ဆိုတာ မျိုးကို မြန်မာ နိုင်ငံ သမိုင်းမှာ အထူး အဆန်း အနေနဲ့ ကျွန်တော်တို့လည်း ကြားလာ ရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ တိုင်း ရင်းသား အင်အား စုတွေထဲမှာ နည်းနည်း ချပြီး ဆွေးနွေး စရာ တခု ဖြစ်လာ ရပါတယ်" ဟု ဦးလှစောက ပြောသည်။
မြန်မာနိုင်ငံတွင် ဗမာ မဟုတ်သော လူမျိုးများကို ရည်ညွှန်းဖေါ်ပြရာတွင် ကရင်တိုင်းရင်းသူ၊ ရခိုင်တိုင်းရင်းသူ၊ ကချင် တိုင်းရင်းသူများဟု ရေးသားဖေါ်ပြပြီး ဗမာတိုင်းရင်းသူဟု ရေးသားဖေါ်ပြခြင်း မရှိခဲ့သဖြင့် နောင်တွင် ဗမာ အမျိုးသမီးများကိုလည်း ဗမာ တိုင်းရင်းသူများဟု ခေါ်ဝေါ် သုံးစွဲကြရတော့မည် ဖြစ်ကြောင်း ပြောဆိုသည်။
ယခုကဲ့သို့ ပြည်ထောင်စု အတွက် အရေးကြီးသော အပြောင်းအလဲကာလတွင် တိုင်းရင်းသား (၆)ဖွဲ့က ပြည်ထောင်စုနေ့ စုပေါင်း ကျင်း ပရသော အနှစ်သာရကိုလည်း သူက ယခုလို ဆက်ပြောသည်။
" အနှစ်သာရအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခုက တိုင်းရင်းသားပြဿနာဟာ အဓိက အရေးကြီးတဲ့ ပြဿနာ ဖြစ်နေသလို၊ ဒီမို ကရေစီ အရေးနဲ့ တိုင်းရင်းသားပြဿနာဆိုတာက ခေါင်းနဲ့ ပန်းလို ဖြစ်ပါတယ်။ အခုက မြန်မာနိုင်ငံမှာ အနည်းဆုံး အခွင့်အရေး တစ်ခု က တိုင်းရင်းသား ဒီမို ကရက်တစ် ပါတီတွေ တရားဝင်ရပ် တည် ခွင့်ရလာတယ်။ ဒုတိယတချက်က တိုင်းရင်းသား လက်နက်ကိုင် ပဋိပ က္ခ တိုင်းရင်းသားအရေး အတွက် တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေနဲ့ အစိုးရက ပဏာမ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲ လာ တာတွေ အပေါ် ကျွန်တော်တို့ဘက်က အကောင်းမြင်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ အပြုသဘော အနည်းငယ် ရောင်နီသန်းလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီရောင်နီသန်းလာတဲ့ လက္ခဏာဖြစ်လာတဲ့ အတွက်ကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေက ဒါကို စု ပေါင်းပြီး ကျင်းပတာ ဖြစ်တယ်။ ဒီပြည်ထောင်စုနေ့ဟာ တခြား အရင်ကာလ မဆလခေတ်က၊ န၀တ စစ်အာဏာရှင် ခေတ်ကထက် တ စုံတရာတော့ အနည်းငယ် ရောင်နီသန်းလာတဲ့ လက္ခဏာဖြစ်တဲ့အတွက် ကျွန်တော်တို့က အနှစ်သာရ အရ ပိုပြီး ခမ်းခမ်းနားနား မြိုင်မြိုင် ဆိုင်ဆိုင် ဖြစ်အောင် ပြည်ထောင်စုနေ့ကို စုပေါင်း လုပ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြေငြာချက်လည်း ထုတ်ပါတယ်။ တိုင်းရင်းသား အကတွေနဲ့ အားလုံး တိုင်းရင်းသား အင်အားစုတွေကိုလည်း ဖိတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်ရှိလာပါတယ်" ဟု ဦး ဦးလှစောက ပြောသည်။
၎င်းပြင် ပြည်ထောင်စုနေ့ ကျေညာချက်နှင့် ပတ်သက်ပြီးလည်း ဦးဦးလှစောက ယခုလို ပြောသည်။
၏ ကျွန်တော်ကတော့ မေးခွန်းမပြောပါ။ ကျွန်တော်က တိုင်းရင်းသားပါတီများရဲ့ ပြည်ထောင်စုနေ့ သဘော ထားကြေငြာချက်ကို ဖတ် ကြား ခဲ့ပါတယ်။ ကြေငြာချက်ကို ကျွန်တော် မဖတ်ကြားမှီ နိဒါန်း အနေနဲ့ ကျွန်တော် ပြောခဲ့တာက မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဒေသ တွေဟာ အဆင်းရဲဆုံး၊ ခေတ်နောက်အကျဆုံး၊ နောက်တခုက လူ့အခွင့်အရေး အချိုးဖောက်အခံရဆုံး၊ နောက်တခုက ပြည်တွင်း စစ် ဒဏ် ကို အဖိနှိပ်ခံရဆုံး ဒေသတွေ ဖြစ်ပါတယ် ဆိုတောတွေကို ပြောကြားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ၅ ပါတီသဘောထား ကြေ ငြာချက်ကို ဖတ်ပြခဲ့ပါတယ်။ ကြေငြာချက်ကို အနှစ်အားဖြင့် ပြောရရင် ကျွန်တော်တို့သည် ဒီပြည်ထောင်စုနေ့မှာ မြန်မာနိုင်ငံ မှာ လွတ် လပ်ရေး အတွက် ဒီပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ရေး အတွက် သဘောတူညီမူ တရပ်ရရှိခဲ့ပြီး ကျွန်တော်တို့ လွတ်လပ်ရေးကို ရယူခဲ့ကြတယ်။ သို့သော် လွတ်လပ်ရေးရယူခဲ့ကြပေမဲ့ ဒီနေ့ကာလအထိ ကျွန်တော်တို့တိုင်းရင်းသားတွေ တန်းတူရေးအခွင့်အရေး၊ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ကျွန်တော်တို့ ဒီကနေ့ထိ တခါမှ မရဘူးသေးဘူး။ ဒါကြောင့် စစ် မှန်တဲ့ ပြည်ထောင်စုကြီးဟာ ကျွန်တော်တို့မှာ အလွန်တရာ အလှမ်းဝေးနေတုန်း ဖြစ်သေးတယ်ဆိုတာကို ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီမိုကရေစီ ဆိတ်သုန်းနေတဲ့ ဘ၀က ဒီမိုကရေစီ ရောင်နီလေး သန်းလာတဲ့ကာလမှာ စစ်မှန်တဲ့ ပြည်ထောင်စု ကြီးဖြစ်ဖို့အတွက် အင် အားစုတွေအားလုံး ပူးပေါင်းပြီးလုပ်ဆောင်ကြဖို့ဆိုတာကို ကျွန်တော်တို့ တိုင်းရင်းသား ၆ ပါတီ ကြေငြာချက်မှာ တိုက်တွန်း ထားပါ တယ်" ဟု ပြောသည်။
အခမ်းအနားသို့ တိုင်းရင်းသား (၆) ပါတီမှ ခေါင်းဆောင်များ စုံစုံညီ တက်ရောက်ကြပြီး ရှမ်းအမျိုးသားဒီမိုကရေစီ ပါတီမှ အကျဉ်း ထောင်က လွတ်မြောက်လာသူ ဦးစိုင်းညွန့်လွင်နှင့် နေပြည်တော်တွင် ရောက်ရှိနေသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment