Tuesday, February 14, 2012

ကုလားတန် စီမံကိန်း ပွင့်လင်းမြင်သာမှုလိုအပ်ဟု ချင်းခေါင်းဆောင် ပြော

KHONUMTHUNG NEWS

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအစိုးရမှ အကျိုးတူ ပူးပေါင်းဆောက်ရွက်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း နှင့် ပတ်သက်ပြီး ပွင့် လင်း မြင်သာမှု မရှိကြောင်း ချင်းအမျိုးသားပါတီခေါင်းဆောင် ဦးဇိုဇမ်ကပြောဆိုလိုက် သည်။

လာမည့် ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်ရန် လျာထားသော ကုလားတန် စီမံကိန်းသည် ယခုချိန်ထိ ဒေသခံပြည်သူများ သာမကဘဲ လွှတ်တော်ကိုယ်စားလှယ်အမတ်များကတောင် သေသေချာချာမသိ သေးကြောင်း ကုလားတန်စီမံကိန်းကို သွားရောက်လေ့လာခဲ့သည့် ဦးဇိုဇမ်ကပြောသည်။

“ ဒီပရောဂျက်ဟာ ဘယ်ကုပ္မဏီတွေကို အပ်ထားတယ်ပေါ့ဗျာ ခုထက်ထိ ကျနော်တို့မသိရသေးဘူး၊ နှစ်ဖက် အစိုးရကနေ MOU လက် မှတ်ထိုးထားပြီးမှ သဘောတူ စာချွှန်လွှာလှဲထားပြီးသားဖြစ်တယ်၊ ၂၀၀၉ လောက်ကတည်းက အကောင်ထည်ဖော်တဲ့ ဟာဖြစ်တယ်၊ ၂၀၁၃ လောက်မှာ ပြီးမယ်ဆိုတဲ့အခါကျတော့ ခု ပရောဂျက်ရဲ့အလယ်လောက် ရောက်နေပြီ၊ ပြည်သူတွေမပြော နဲ့ ကျနော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေ တောင် သို့လောသို့လောဖြစ်နေတာကို ကျနော်တော့ မကြိုက်ဘူး” ဟု ဦးဇိုဇမ်က ပြောသည်။

ဦးဇိုဇမ်ဦးဆောင်သော ချင်းအမျိုးသားပါတီခေါင်းဆောင် ၃ ဦးတို့သည် ကုလားတန်ဘက်စုံစီမံကိန်းအား လေ့လာရန် ဖေဖော်ဝါရီ ၅ ရက် နေ့က ရခိုင်ပြည်နယ် စစ်တွေ ၊ ကျောက်တော် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ နယ်၊ ဒလက်မေ အထိ သွားရောက်ခဲ့ကြသည်။

ဦးဇိုဇမ်သည် ဖေဖော်ဝါရီ ၉ ရက်နေ့က အိန္ဒိယမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲ အိုဘိခ်ထောင်းတို့ နှင့် အတူ ယခု ပလက်ဝမြို့နယ်အတွင်း ရှိနေသေးသည်ဟု သိရသည်။

စီမံကိန်းကြောင့် တချို့နေရာများတွင် ကောင်းကျိုးရှိနိုင်သလို တချို့နေရာများတွင်လည်း ဆိုးကျိုးများသက် ရောက်မှုရှိနိုင် သည်ဟု ဦး ဇိုဇမ်ကပြောသည်။

ထို့ကြောင့် ဒီစီမံကိန်း၏ ကောင်းကျိုးဆိုးကျိုးတွေကို အများပြည်သူများသိရှိနိုင်ရန် ကျွမ်းကျင်ပညာ ရှင်များအနေဖြင့် သတင်း မီဒီယာ များမှ တဆင့် တင်ပြပေးဖို့ လိုအပ်ကြောင်း ပူး ဇိုဇမ်က ယခုလို ဆက်ဆို သည်။

“မြစ်ဆုံစီမံကိန်းတုန်းက လျှပ်စစ်ဝန်ထမ်းတဦးဆိုပြီး ဆောင်းပါးတစောင်ရေးလိုက်ပါတယ်၊ အဲဒီဟာ ဖတ်တဲ့အခါကျမှ ပြည်သူတွေကနေ မြစ်ဆုံစီမံကိန်းဟာ ပြည်သူအတွက် ဘယ်လောက်ဆိုးမယ်၊ ကောင်းမယ် ဆိုတာ ခန့်မှန်းလို့ရတာကိုး၊ ဒီကုလားတန်မြစ်စီမံကိန်းလည်း တကယ့်ကို လေ့လာရေးလုပ်ထားတဲ့သူ ရှိခဲ့ရင်ပေါ့၊ ပြည်သူတွေနားလည်သဘောပေါက် အောင်ချပြရမယ်၊ အဲဒီအခါကျမှ ကျနော်တို့လည်း ၀ိုင်းဝန်းပြီး စဉ်းစားသုံး သပ်လို့ရ မယ်”

ကုလားတန်ဘက်စုံစီမံကိန်းနှင့်ပတ်သက်ပြီး လာမည့်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်သည်။ ကုလားတန် မြစ် စီမံ ကိန်းကို အိန္ဒိယ-မြန်မာအစိုးရမှ ၂၀၀၈ ခုနှစ်ဧပြီလက သဘောတူ စာချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး၊ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်စည် များ ကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ထားခြင်းဖြစ်သည်။

စီမံကိန်းအရ ကုလားတန်မြစ်ကြောင်း အတိုင်း စစ်တွေမှ ပလက်ဝ ထိ ပင်လယ်ကူး သင်္ဘောများ ၀င်ရောက်နိုင်မှာ ဖြစ်ပြီး ပလက်ဝမှ တ ဆင့် အိန္ဒိယနိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။

ကုလားတန်ဘက်စုံစီမံကိန်းနှင့် ပါတ်သက်ပြီး မီဇိုရမ်မှ အဲန်ဂျီအို တခုကလည်း Research ပြုလုပ်နေကြောင်း ယခုလအတွင်း ကုလား တန်ဖက်ကို သွားရောက် လေ့လာမှုပြုမည်ဖြစ်ကြောင်းလည်း သတင်းများအရ သိရသည်။

No comments: