နိုင်ငံရေး ကိစ္စ ဝိစ္စတွေ မပြေ လည်နိုင် သေးတဲ့ အ တွက် အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး ယူထားတဲ့ ရှမ်း ပြည် တပ်မတော် တောင်ပိုင်း RCSS /SSA အနေနဲ့ သတိ ဝိရိယနဲ့ နေသင့် တယ်လို့ ကရင်နီ ပြည်တပ်မ တော် ဒု-စစ်ဦး စီးချုပ် ဗိုလ်ချုပ် အောင် မြတ် က သတိ ပေး ပြောဆို လိုက်ပါ တယ်။ဖေဖော်ဝါရီလ ၇ ရက်နေ့က RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပပြုလုပ်တဲ့ ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနား အမှာစကားမှာ ပြော ဆို လိုက်တာ ဖြစ်ပါ တယ်။
“ဒီကနေ့ အခြေ အနေသည် အပစ် အခတ် ရပ်စဲ တာပဲ ဖြစ်တယ်။ နိုင်ငံရေး ကိစ္စ မပြေနိုင် သေးလို့ ကျနော်တို့ အထူး သတိ ထားရ ပါမ ယ်။ အထူး သဖြင့် ကျနော်တို့ တပ်မတော် သားများတွေ အထူး ညီညွတ် ရပါမယ်။ အမိန့်ကို တိတိကျကျ လိုက်နာဖို့ ကိုယ့်ရဲ့ အမျိုး သား တွေကို ကာကွယ် စောက်ရှောက်ဖို့ ကျနော်တို့ အနေနဲ့ သတိထား ရမှာ ဖြစ်တယ်”
နိုင်ငံရေး ကိစ္စ ဝိစ္စတွေ မပြေ လည်နိုင် သေးတဲ့ အတွက် အစိုး ရနဲ့ အပစ် အခတ် ရပ်စဲရေး ယူထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCS S /SSA အနေနဲ့ သတိ ဝိရိယနဲ့ နေသင့် တယ်လို့ ကရင်နီ ပြည်တပ် မတော် ဒု-စစ်ဦး စီးချုပ် ဗိုလ်ချုပ် အောင်မြတ်က သတိပေး ပြောဆို လိုက်ပါ တယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပပြုလုပ်တဲ့ ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနား အမှာစကားမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
“ဒီကနေ့ အခြေအနေသည် အပစ်အခတ် ရပ်စဲတာပဲ ဖြစ်တယ်။ နိုင်ငံရေး ကိစ္စ မပြေနိုင်သေးလို့ ကျနော်တို့ အထူး သတိထားရပါမယ်။ အ ထူးသဖြင့် ကျနော်တို့ တပ်မတော်သားများတွေ အထူးညီညွတ်ရပါမယ်။ အမိန့်ကို တိတိကျကျ လိုက်နာဖို့ ကိုယ့်ရဲ့ အမျိုးသားတွေကို ကာ ကွယ်စောက်ရှောက်ဖို့ ကျနော်တို့ အနေနဲ့ သတိထားရမှာ ဖြစ်တယ်”
စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖေါ်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးမှု အ ဆင့် တွေ မရောက်သေးတဲ့အတွက် လက်ထဲမှာ သေနတ်ဆက်လက်ကိုင်ဆောင်ထားဖို့ လိုနေသေးတယ်လို့ ဗိုလ်ချုပ် အောင်မြတ်က ဆက်ပြောပါတယ်။
“ကျနော်တို့ ငြိမ်းချမ်းရေး ဆိုတာကတော့ အထူးသဖြင့် လက်နက်ကိုင်တဲ့ ကျနော်တို့ တပ်မတော်သားများတွေ၊ ခေါင်းဆောင်ကြီး များ တွေ၊ ပြည်သူလူထုများတွေ လိုချင်တာပါ။ အဲဒီတော့ ငြိမ်းချမ်းရေး မရသေးသရွေ့ကတော့ လက်နက်သည် ကျနော်တို့ရဲ့ လက်ထဲမှာ ရှိရ မှာ ဖြစ်တယ်။ အဲဒီလက်နက်သည် ကျနော်တို့ဟာ စစ်တိုက်ချင်လို့ တိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ့်လူမျိုးကို၊ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ ကိုင်ဆောင်ထားခြင်း ဖြစ်ပါတယ်။”
အပစ်အခတ်ရပ်စဲရေးယူထားတဲ့ အတောအတွင်းမှာ အစိုးရတပ်တွေက လူထုကိုနှစ်နာစေတဲ့ လုပ်ရပ်တွေလုပ်ဆောင်နေတာရှိရင် ပြန် လည်တိုက်ခိုက်ဖို့အဆင်သင့်ရှိတယ်လို့ SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က အခမ်းအနား မိန့်ခွန်းမှာပြောပါတယ်။
“ဒီကနေ့က နိုင်ငံရေး ဆွေးနွေးဖို့ အခြေအနေ ပေးလာတဲ့အတွက် ကျနော်တို့ အပစ်ရပ်တာ ဖြစ်တယ်။ ၅၃ နှစ်အတွင်းမှာ တိုက်ခိုက် လာ တာ ကျနော်တို့ ဘာတွေမျှော်လင့်သလဲ၊ ရဲဘော်တွေဟာ တိုင်းပြည်အတွက် ဖြစ်တယ်။ တောထဲမှာ ပစ်နေတဲ့ သေနတ်တွေဟာ ဘာအ တွက် လဲဆိုတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးဖို့အတွက်ပဲ ဖြစ်တယ်။ နိုင်ငံရေးကို ဆွေးနွေးညှိနှိုင်းလို့ မရဘူးဆိုရင် နောက်ဆုံးမှာ ရွေး တဲ့ လမ်းမရှိတော့ဘူး။ ကျနော်တို့ M-16 ကိုပဲ ပြန်သုံးရတော့မယ်”
RCSS/SSA နဲ့အစိုးရတို့ဟာ ၂ဝ၁၁ နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ပဏာမအဆင့် တွေ့ဆုံခဲ့ပြီး ယခု ၂ဝ၁၂ နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ၁၁ ချက်နဲ့ လက်မှတ်ရေးထိုးလိုက်ကြတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံမှာ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က နမ့်ဆန်မြို့ တောင်ပိုင်း စော်ဘွား စဝ်ခွန်ပန်းစိန်က ရှမ်းပြည်သား အားလုံးနဲ့ဆိုင်တဲ့ ရှမ်းပြည်နယ်ရဲ့အလံ၊ သီချင်းနဲ့ နေ့တို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံ တော်ဆင့်သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
No comments:
Post a Comment