Friday, February 10, 2012

မြန်မာ-KIO တွေ့ဆုံပွဲမစခင် တိုက်ပွဲပိုများလာ

KNG


မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် လာမည့်ရက်သတ္တပတ်တွင် ငြိမ်းချမ်းရေးတွက် တွေ့ဆုံမည်ဟု မျှော်လင့် ရ ချိန် လွန်ခဲ့သည့် ၉၆ နာရီအတွင်း နှစ်ဖက်ကြားတိုက်ပွဲများ စိပ်လာသည်။

ရှမ်းပြည်မြောက်ပိုင်း နမ်တူမြို့နယ်တွင် မိုင်ပေါင်း ၅၀၀ အရှည်ရှိသော ရွှေရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမည့်နေရာ နှစ်ခု တွင် ဖေဖော်ဝါရီလ ၉ ရက် ကြာသပတေးနေ့၌ အစိုးရတပ်နှင့် KIO ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ကချင်သတင်းဌာနသို့ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဒဟူးနေ့တွင်လည်း နမ္မတူမြို့နယ်အတွင်း KIO တပ်ရင်း ၈ နယ်မြေ ဘန်ဝါဒေသတွင် တိုက်ပွဲ ဖြစ်ပွား ခဲ့သေး သည်ဟု သိရသည်။

ထိုနေ့တွင် ကချင်ပြည်နယ်တောင်ပိုင်း မံစီ(မန်ဂျယ်) မြို့နယ်တွင် KIA တပ်ရင်း ၁၂ နှင့် တပ်မ ၉၉ မှ အစိုးရတပ်များကြား ၃ နာရီ ခန့်ကြာ ပစ်ခတ်ကြသည်ဟု ဒေသခံမျက်မြင်များပြောသည်။

တိုက်ပွဲမှာ မုန်းခေါင်အနီးတွင် ဖြစ်ပွား၍ အင်အား ၂၀၀ ခန့်ရှိသော မြန်မာအစိုးရ စစ်ကြောင်းတခုသည် KIA အခြေကုပ်စခန်းများကို သိမ်း ပိုက်ရန် ကြိုးပမ်းစဉ် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်ဟု ရှေ့တန်းမှ KIA အရာရှိများပြောသည်။

ယခုရက်သတ္တပတ် အစောပိုင်းတွင် မန္တလေး-မူဆယ်လမ်း ပေါ်ရှိ ကွတ်ခိုင်မြို့နှင့် နမ်ဖတ်ကာမြို့ကြား KIA တပ်ရင်း ၉ အခြေစိုက် ဒတ် လက်တောင်အနီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာအစိုးရစစ်သား အနည်းဆုံး ၅ ဦးကျဆုံး၍ ၇ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု သက်သေများက ကချင်သတင်းဌာန သို့ပြော သည်။

KIA စစ်သားတဦး တိုက်ပွဲအတွင်း ဒဏ်ရာအနည်းငယ်ရရှိသည်ဟု ရှေ့တန်းမှ KIA အရာရှိတဦးပြောသည်။

ယခုကဲ့သို့ အစိုးရဘက်က KIA နယ်မြေများကို ငြိမ်းချမ်းရေးတွေ့ဆုံပွဲ မတိုင်ခင်တိုက်ခိုက်ခြင်းသည် လွန်ခဲ့သည့်လက မြန်မာ အစိုးရ တပ် က အသုံးပြုခဲ့သည့် နည်းလမ်းကို ထပ်မံအသုံးပြုနေခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးနေချိန် အစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း အထူးသဖြင့် ကွတ်ခိုင်မြို့နယ်၊ နမ်တူမြို့နယ် နှင့် မူဆယ်မြို့နယ်ရှိ KIA စစ်ခန်းများကို အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သည်။

KIO သည် မြန်မာအစိုးရကို တိုက်ခိုက်နေသော အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

လွန်ခဲ့သည့် လများတွင် KIO က ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ဗအစိုးရထံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ အစိတ်အပိုင်းတခုအနေနဲ့ နိုင်ငံရေးဆွေးနွေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

No comments: