Thursday, April 5, 2012

ပိတ်ဆို့​ဒဏ်ခတ်ထား​မှု ဩစ​တြေး​လျ ​လျော့​ပေး​မည်

ဒီဗွီဘီ

မြန်မာ နိုင်ငံရဲ့​ ဖြစ်​ပေါ် တိုး​တက်မှု​ တွေကို ဆုချ တဲ့​ အ​နေနဲ့​ မြန်မာ နိုင်ငံ အ​ပေါ် ချမှတ် ထား​တဲ့​ ဒဏ်ခတ် အ​ရေး​ယူ ပိတ်ဆို့​မှု​ တွေကို ​လျော့​ပေး ​မယ်လို့​ ဩစ​တြေး​လျ နိုင်ငံခြား​ ဝန်ကြီး​က ​ကြေညာ လိုက်ပါတယ်။

ဩစ​တြေး​လျ နိုင်ငံခြား​ရေး​ဝန်ကြီး​ ​ဘော့​ကား​လ်က မြန်မာကြား​ဖြတ် ​ရွေး​ကောက်ပွဲ ရလဒ်ကို ကြိုဆိုလိုက်ပြီး​ ဒီရလဒ်ဟာ မြန်မာပြည်သူ​တွေရဲ့​ ဆန္ဒကို ထင်ဟပ်​ကြောင်း​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ နှစ်​ပေါင်း​များ​စွာအြကာမှာ မြန်မာလွှတ်​တော်မှာ ပါဝင်​ဆောင်ရွက်ခွင့်​ရမှာ ဖြစ်တဲ့​အတွက် ဝမ်း​မြောက်တယ်လို့​လည်း​ သူ့​ရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ဒါ့​ပြင် မြန်မာ သမ္မတ ဦး​သိန်း​စိန်ဟာ ပြုပြင်​ ပြောင်း​လဲ​ရေး​ လမ်း​ကြောင်း​ဆီ နိုင်ငံကို ဦး​ဆောင် သွား​နိုင်တဲ့​ သတ္တိ ရှိ​ကြောင်း​ ပြသလိုက် တာပဲ လို့​ ဩစ​တြေး​လျ နိုင်ငံခြား​ရေး ​ဝန်ကြီး​က ​ကြေညာ ချက်မှာ ​ပြောပါတယ်။

မြန်မာနိုင်ငံတွင်း​ ဖြစ်​ပေါ်တိုး​တက်မှု​တွေအတွက် ဩစ​တေး​လျအ​နေနဲ့​ မြန်မာအ​ပေါ် ဒဏ်ခတ်အ​ရေး​ယူမှု​တွေကို ​လျော့​ပေး​မှု အပါအဝင် ထင်သာမြင်သာတဲ့​ ဆုချီး​မြှောက်မှု​တွေ ​ပေး​မယ်လို့​လည်း​ မစ္စတာ ​ဘော့​ကား​လ်က အခိုင်အမာ ​ပြောပါတယ်။ ဒါ​ပေမယ့်​ ပိတ်ဆို့​အ​ရေး​ယူမှု​တွေကို ဘယ်အချိန်မှာ ဘယ်​လောက် ​လျော့​ပေး​မလဲဆို တာက​တော့​ မသိရ​သေး​ပါဘူး​။

ဒါ​ပေမယ့်​ ဩစ​တြေး​လျ အစိုး​ရအ​နေနဲ့​ မြန်မာနိုင်ငံကို အြပည်ပြည်ဆိုင်ရာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​(အိုင်အမ်အက်ဖ်)၊​ ကမ္ဘာ့​ဘဏ်(ဒဗ လျူ ဘီ) နဲ့​ကုလသမဂ္ဂဖွံ့​ဖြိုး​မှုအစီအစဉ် (ယူအန်ဒီပီ)အဖွဲ့​တွေက အြကံညဏ်ယူပြီး​ ကူညီ​ထောက်ပံ့​ရေး​ အစီအစဉ်​တွေမှာ ပံ့​ပိုး​သွား​ဖို့​ အသင့်​ရှိ​နြေပီလို့​လည်း​ ဩစ​တြေး​လျအစိုး​ရက ​ကြေညာပါတယ်။

လွှတ်​တော် လစ်လပ်​နေရာ ၄၅ ​နေရာအတွက် ကျင်း​ပတဲ့​ ဧပြီ ၁ ရက် ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ခေါင်း​ဆောင် တဲ့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၄၃ ​နေရာ အနိုင် ရရှိခဲ့​ပြီး​တဲ့​နောက်မှာ အခုလို အ​ရေး​ယူ ပိတ်ဆို့​မှု​တွေကို ​လျော့​ချ​ပေး​ဖို့​ဖြစ်လာ တာပါ။

ရွေး​ကောက်ပွဲ မတိုင်ခင်တုန်း​ကလည်း​ ဥ​ရောပသမဂ္ဂ (အီး​ယူ)က မြန်မာအစိုး​ရ ​ခေါင်း​ဆောင်​တွေ အ​ပေါ် ချမှတ်ထား​တဲ့​ ခရီး​သွား​ဗီဇာ ပိတ်ပင် တား​မြစ်ထား​တာကို ​လျော့​ပေါ့​ပေး​ခဲ့​ဖူး​ပါတယ်။ ဒါ​ပေမယ့်​ အ​နောက်နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​အရ ပိတ်ဆို့​အ​ရေး​ယူမှု​တွေက​တော့​ ဆက်လက်ရှိ​နေဆဲ ဖြစ်ပါတယ်။

No comments: