Tuesday, April 17, 2012

ကယား​ပြည်နယ်တွင် ​ကေအန်ပီပီ စည်း​ရုံး​ရေး​ဆင်း​မည်

နော်နိုရင်း

အစိုး​ရနဲ့​ ပဏာမအဆင့်​ အပစ်အခတ်ရပ်စဲပြီး​နောက် ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​မှု မလုပ်ခင် လူထုရဲ့​ အမြင်သ​ဘောထား​ကို ​မေး​မြန်း​ကောက်ယူဖို့​နဲ့​ ကရင်နီအမျိုး​သား​တိုး​တက်​ရေး​ပါတီ (​ကေအန်ပီပီ) ရဲ့​ သ​ဘောထား​တွေကို ရှင်း​ပြဖို့​ ကယား​ပြည်နယ်ကို စည်း​ရုံး​ရေး​ခရီး​ သွား​မယ်လို့​ ပါတီ​ပြောခွင့်​ရသူက ​ပြောပါတယ်။

ကေအန်ပီပီအ​နေနဲ့​ အဖွဲ့​သုံး​ခု ဖွဲ့​ထား​ပြီး​ ဧပြီ ၁၈ ရက်​နေ့​ကစပြီး​ ကယား​ပြည်နယ် လွိုင်​ကော်မြို့​မှာ တဖွဲ့​၊​ ဒီ​မောဆိုနဲ့​ ဖရူဆိုမြို့​နယ်မှာ တဖွဲ့​နဲ့​ ဖား​ဆောင်း​မြို့​နယ်မှာတဖွဲ့​ ခွဲပြီး​ စည်း​ရုံး​ရေး​ဆင်း​မယ်လို့​ ​ကေအန် ပီပီ အတွင်း​ရေး​မှူး​-၂ ဦး​အောင်ဆန်း​မြင့်​က ​ပြောပါတယ်။

ဒီခရီး​စဉ်ဟာ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်နိုင်ဖို့​၊​ ​ကေအန်ပီပီနဲ့​ အစိုး​ရအကြား​ သ​ဘောတူညီမှုနဲ့​ ပတ်သက်လို့​ လူထုကို ရှင်း​ပြသွား​မှာလို့​ ဦး​အောင်ဆန်း​မြင့်​က ​ပြောပါတယ်။

“လက်မှတ်ထိုး​ပြီး​တဲ့​နောက်မှာ ပြည်​ထောင်စုအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲကို သွား​ဖို့​အတွက် လူထုဆီကအသံ​တွေ၊​ လူထု လိုလား​တောင့်​တ​နေတဲ့​ လိုလား​ချက်​တွေကို ရင်း​ရင်း​နှီး​နှီး​ သွား​ယူဖို့​လိုတယ်။ ဒါ​ကြောင့်​ လူထုစည်း​ရုံး​ရေး​ ဆင်း​ဖို့​သွား​တာ ဖြစ်တယ်။ ​နောက်တခုက ပြီး​ခဲ့​တဲ့​ ပဏာမ ​တွေ့​ဆုံပွဲမှာ အချက် ၂၀ ​တောင်း​ဆိုခဲ့​တယ်။ အဲဒီအချက် ၂၀ ကိုလည်း​ သွား​ပြီး​ ရှင်း​ပြချင်တယ်။ အဲဒီအချက် ၂၀ ​ပေါ်မှာ ရရှိလာတဲ့​ ရလဒ်​တွေကိုလည်း​ ရှင်း​ပြမယ်၊​ အဲဒါက ဒုတိယ ရည်ရွယ်ချက်။ ​နောက်တချက်က လူထုနဲ့​ ရင်း​ရင်း​နှီး​နှီး​ ​တွေ့​ဆုံပြီး​တော့​ ​ကေအန်ပီပီရဲ့​ နိုင်ငံ​ရေး​ ဦး​တည်ချက်​တွေ၊​ နိုင်ငံ​ရေး​လုပ်ငန်း​စဉ်​တွေကို ရင်း​ရင်း​နှီး​နှီး​ ​တွေ့​ဆုံရှင်း​ပြချင်တယ်။ ရည်ရွယ်ချက် ၃ ချက်နဲ့​ ကျ​နော်တို့​ လူထုစည်း​ရုံး​ရေး​ ခရီး​စဉ်ကို စတာဖြစ်တယ်။”

ဒီခရီး​စဉ်ကို ဦး​အောင်ဆန်း​မြင့်​က ဦး​ဆောင်သွား​မှာ ဖြစ်ပြီး​ လုံခြုံ​ရေး​ကိုလည်း​ အစိုး​ရနဲ့​ ညှိနှိုင်း​ထား​ပြီး​ ဖြစ်တဲ့​အတွက် အစိုး​ရတပ်က တာဝန်ယူ​ပေး​သွား​မှာလို့​ ဆိုပါတယ်။

ကေအန်ပီပီနဲ့​ အစိုး​ရဟာ ပြီး​ခဲ့​တဲ့​ မတ်လ ၇ ရက်​နေ့​က လွိုင်​ကော်မြို့​မှာ အပစ်အခတ်ရပ်စဲ​ရေး​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြပြီး​ နှစ်ဦး​နှစ်ဖက် အပစ်အခတ်ရပ်စဲ​ရေး​၊​ ဆက်ဆံ​ရေး​ရုံး​ ဖွင့်​လှစ်ထား​ရှိ​ရေး​နဲ့​ ပြည်​ထောင် စုအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ထပ်မံ ပြုလုပ်​ရေး​ စတဲ့​ အချက် ၃ ချက် ပဏာမ သ​ဘောတူ လက်မှတ်​ရေး​ထိုး​ခဲ့​ကြပါတယ်။

ကေအန်ပီပီကို မတရား​အသင်း​အဖွဲ့​အဖြစ် ထုတ်ပြန်ထား​ရာက​နေ အပစ်အခတ်ရပ်စဲပြီး​ ၁၅ ရက်အတွင်း​ ရုပ်သိမ်း​ကြောင်း​ ​ကြေညာ​ပေး​ဖို့​၊​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီမှု လက်မှတ်​ရေး​ထိုး​ပြီး​နောက် ၆ လအတွင်း​ တပြည်လုံး​ အသွင်​ဆောင်တဲ့​ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အမြန်ဆုံး​ အ​ကောင်အထည်​ဖော်ဖို့​ စတင်နိုင်ရမယ်ဆိုတဲ့​ အချက်​တွေကို ​တောင်း​ဆိုထား​ပါတယ်။

ဒါ့​အပြင် ကရင်နီပြည်တွင်း​ အ​ကောင်အထည်​ဖော်​နေတဲ့​ စီမံကိန်း​နဲ့​ ပြုပြင်မွမ်း​မံမှု​တွေကို နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု မပြီး​ပြတ်​သေး​တဲ့​ ကာလမှာ ရပ်ဆိုင်း​ထား​ဖို့​၊​ လက်ရှိကျန်း​မာ​ရေး​၊​ ပညာ​ရေး​နဲ့​ လူမှု​ရေး​လုပ်ငန်း​တွေကို လုပ်​ဆောင်​နေတဲ့​ နိုင်ငံတကာအဖွဲ့​တွေကို ဆက်လက် လုပ်​ဆောင်ခွင့်​ပေး​ဖို့​ အပါအဝင် အချက် ၂၀ ကို ​တောင်း​ဆိုခဲ့​ပါတယ်။

No comments: