Tuesday, April 17, 2012

ဩစ​တြေး​လျတွင် မြန်မာ တိုင်း​ရင်း​ဆေး​ သုံး​စွဲမှု သတိ​ပေး

ဒီဗွီဘီ

ဩစ​တြေး​လျ ​ရောဂါကုထုံး​ဆိုင်ရာ ကုန်ပစ္စည်း​များ​ စီမံခန့်​ခွဲ​ရေး​ (တီဂျီ​အေ) အဖွဲ့​က မှတ်ပုံတင် ခွင့်​ပြုချက် မလုပ်ထား​တဲ့​ မြန်မာ့​တိုင်း​ရင်း​ဆေး​တွေကို ဝယ်ယူ အသုံး​မြပုဖို့​အတွက် သတိ​ပေး​လိုက်ပါတယ်။

အဲဒီ့​တိုင်း​ရင်း​ဆေး​တွေက က​လေး​ အစာ​ကြေ​ဆေး​နဲ့​ အား​ဆေး​တွေ ဖြစ်တယ်လို့​လည်း​ ဩစ​တြေး​လျ အစိုး​ရရဲ့​ ကျန်း​မာ​ရေး​ဌာန ကုထုံး​ဆိုင်ရာ ကုန်ပစ္စည်း​များ​ စီမံခန့်​ခွဲ​ရေး​ အင်တာနက် စာမျက်နှာမှာ ​ရေး​သား​ထား​ပြီး​ မြန်မာတိုင်း​ရင်း​ ​ဆေး​တွေမှာ အာဆင်း​နစ်ဓာတ်​တွေ အများ​ဆုံး​ ပါဝင်​နေတာကို စမ်း​သပ်​တွေ့​ရလို့​ အခုလို ပိတ်ပင်တာလို့​လည်း​ ဆိုပါတယ်။

ဩစ​တြေး​လျ ကုထုံး​ဆိုင်ရာ ကုန်ပစ္စည်း​များ​ မှတ်ပုံတင်တဲ့​နေရာမှာ ဒီထုတ်ကုန်​တွေက မပါဘူး​လို့​ အင်တာနက် စာမျက်နှာမှာ ​ရေး​သား​ထား​ပါတယ်။

ဆစ်ဒနီမြို့​မှာရှိတဲ့​ မြန်မာဆိုင်အ​တော်များ​များ​မှာ တံဆိပ်အမျိုး​မျိုး​နဲ့​ ​ရောင်း​ချ​နြေပီး​တော့​ မြန်မာအသိုင်း​အဝန်း​က ကျယ်ကျယ်ပြန့်​ပြန့်​ အသုံး​ပြု​နေတယ်လို့​လည်း​ ဆိုပါတယ်။ အဲဒီ ​ဆေး​ကြောင့်​ ဖျား​နာတာ​တွေကို​တော့​ စစ်​ဆေး​ မ​တွေ့​ရဘူး​လို့​လည်း​ ဆိုပါတယ်။

လူနာ​တွေအ​နေနဲ့​ နား​လည်တတ်ကျွမ်း​တဲ့​ ဆရာဝန်​တွေနဲ့​ ပြသ​ဆွေး​နွေး​ကြဖို့​နဲ့​ မှတ်ပုံတင်ခွင့်​ပြုချက်ရ ထား​တဲ့​ ​ဆေး​ဝါး​တွေကို သုံး​စွဲကြဖို့​ တိုက်တွန်း​ထား​ပါတယ်။

ဆေး​ဝါး​တွေကို တရား​မဝင်တင်သွင်း​ရင် အများ​ဆုံး​ ဩစ​တြေး​လျ ​ဒေါ်လာ ၅ သန်း​ခွဲ​ကျော် ​လောက်ထိ ဒဏ်ရိုက်ခံရမှာလို့​ ဆိုပါတယ်။ အရင်ကလည်း​ မြန်မာနိုင်ငံပိုင် သတင်း​စာ​တွေမှာ မှတ်ပုံတင်ခြင်း​မရှိတဲ့​ ​ဆေး​တံဆိပ်​တွေကို အသုံး​မြပုဖို့​ သတိ​ပေး​ချက်​တွေ ထည့်​သွင်း​ခဲ့​ပါတယ်။

No comments: