Thursday, April 19, 2012

ဦး​သိန်း​စိန်ရဲ့​ ဂျပန် ခရီး​ စဉ်မှာ အ​ကြွေး​ ယန်း​ငွေ ဘီလီယံ ၃၀၀ ​ကျော် ​လျော်ပစ် ဖွယ်ရှိ

ပီတာအောင်

သမ္မတ ဦး​သိန်း​စိန်ရဲ့​ ဧပြီ ၂၀ က​နေ ၂၄ ရက်အထိ ၅ ရက်ကြာ ဂျပန်ခရီး​စဉ် အ တွင်း​ မြန်မာနိုင်ငံက ​ပေး​ရန်ရှိတဲ့​ အ​ကြွေး​ ယန်း​ငွေ ဘီလီယံ ၃၀၀ ​လောက်ကို ဂျပန်အစိုး​ရက ​လျော်​ပေး​ဖွယ် ရှိတယ်လို့​ ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း​ သတင်း​စာမှာ ​ရေး​သား​ထား​ပါတယ်။

အဲဒီ​ငွေပမာဏဟာ အ​မေရိကန်​ဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံနဲ့​ ညီမျှပါတယ်။ အ​ကြွေး​လျော်ပစ်မယ့်​ ကိစ္စကို လာမယ့်​ ဧပြီ ၂၁ ရက်​နေ့​ တိုကျိုမှာ မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ ဂျပန်ဝန်ကြီး​ချုပ် ယိုရှိဟီ ကိုနို ဒါတို့​ ​တွေ့​ဆုံတဲ့​အခါ တရား​ဝင် ​ကြေညာဖွယ်ရှိတယ်လို့​ သတင်း​ကဆိုပါတယ်။

ပထမအဆင့်​အ​နေနဲ့​ ဂျပန်ယမ်း​ငွေ ၁၂၇ ဒဿမ ၄ ဘီလီယံကို ​လျော်ပစ်မှာဖြစ်ပြီး​ ဒီမိုက​ရေစီ​ဖော်​ဆောင်မှု ဆက်လက်ဖြစ်​ပေါ်မယ့်​ အ​ခြေအ​နေ​ပေါ်မူတည်ပြီး​ ကျန်တဲ့​ ယန်း​ငွေ ၁၇၆ ဒဿမ ၁ ဘီလီယံကို ​လျော်ပစ်မယ်လို့​သတင်း​မှာ​ဖော်ပြပါတယ်။

အ​ကြွေး​တွေ ​လျှော့​ပေး​ပြီး​တဲ့​နောက်မှာ မြန်မာကို ဂျပန်အစိုး​ရရဲ့​ အကူအညီ​ပေး​ရေး​ အစီအစဉ်​တွေကို ပြန်စဖို့​ ရှိတယ်လို့​ ဂျပန်သတင်း​စာ​တွေမှာ ​ရေး​ပါတယ်။

ဂျပန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ကိုအီချီရို ဂမ်ဘက​တော့​ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီခရီး​ကို ကူညီ​ပေး​တဲ့​အ​နေနဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​တွေ ပြန်​ပေး​ဖို့​ အစီစဉ်ရှိတယ်လို့​ ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီလက ​ပြောကြား​ခဲ့​ဖူး​ပါတယ်။

ဂျပန်အစိုး​ရဟာ ကုလသမဂ္ဂ ​အေဂျင်စီ​တွေက​နေတဆင့်​ မြန်မာနိုင်ငံက လူမျိုး​စုတိုင်း​ရင်း​သား​တွေအတွက် အ​မေရိကန်​ဒေါ်လာ ၁၂ ဒဿမ ၂ရသန်း​နဲ့​ ညီမျှတဲ့​ ဂျပန်ယန်း​ငွေ ၁ ဘီလီယံ ကူညီဖို့​ ​ကြေညာ ဖွယ်ရှိတယ်လို့​ ခုလဆန်း​ပိုင်း​က သတင်း​တွေ ထွက်​ပေါ်ခဲ့​ပါတယ်။

သမ္မတဦး​သိန်း​စိန်ဟာ ဒီခရီး​စဉ်အတွင်း​မှာ ဂျပန်နဲ့​ မဲ​ခေါင်​ဒေသတွင်း​ နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေရဲ့​ ထိပ်သီး​ အစည်း​အ​ဝေး​ပွဲကိုလည်း​ တက်​ရောက်မှာဖြစ်ပြီး​ ဂျပန် စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ရှိ​ကြောင်း​ တိုကျိုကလာတဲ့​ သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။

သမ္မတ ဦး​သိန်း​စိန်ဟာ ၂၀၀၉ ခုနှစ်က ဝန်ကြီး​ချုပ်အြဖစ် ဂျပန်နိုင်ငံကို သွား​ရောက်ခဲ့​ဖူး​ပြီး​ ခုတြကိမ်က​တော့​ မြန်မာနိုင်ငံရဲ့​ နိုင်ငံအြကီး​အကဲအြဖစ် ပထမဆုံး​ သွား​ရောက်တဲ့​ ခရီး​စဉ် ဖြစ်ပါတယ်။

No comments: