Friday, April 20, 2012

အရှင်ဂန္ဘီရ လူဝတ်လဲပြီ

အေး​နိုင်

၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင် သံဃာအ​ရေး​အခင်း​မှာ ဦး​ဆောင်ခဲ့​မှုနဲ့​ ​ထောင် ဒဏ် ၆၃ နှစ် ကျခံခဲ့​ရာက မြကာ​သေး​မီက လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန် လည်လွတ်​မြောက်လာတဲ့​ ကိုညီညီလွင် (အရှင် ဂန္ဘီရ) ဟာ ပြီး​ခဲ့​တဲ့​ နှစ် ဆန်း​ ၁ ရက်​နေ့​က လူဝတ်လဲလိုက်ပြီလို့​ ​ပြောပါတယ်။

လွတ်လွတ်လပ်လပ်​နေချင်လို့​ လူဝတ်လဲလိုက်တာဖြစ်ပြီး​ မိတ္ထီလာမြို့​မိတ္ထီ လာစက်မှုဇုန်မှာရှိတဲ့​ မိဘ​တွေရဲ့​ ​နေအိမ်မှာပဲ ​နေထိုင်တယ်လို့​ကိုညီညီ လွင်က ​ပြောပါတယ်။

လူထွက်လိုက်တာဟာ အပြီး​ထွက်လိုက်တာဖြစ်ပြီး​ အပြင်မှာ ဘာ​တွေလုပ် ကိုင်စား​သောက်မယ်ဆိုတာ​တော့​ တိတိကျကျ မဆုံး​ဖြတ်ရ​သေး​ဘူး​လို့​ ဆိုပါတယ်။

ကိုညီညီလွင် ​ခေါ် အရှင်ဂန္ဘီရဟာ သာသနာ​ဘောင်မှာ ၁၃ ဝါ​နေထိုင်ခဲ့​တယ်လို့​ ​ပြောပါတယ်။

No comments: