Wednesday, April 18, 2012

တောင်ကြီး​ မြစိမ်း​တောင် ​တောရ​ ကျောင်း​များ​ ဖယ်ရှား​ ခံရမည်

ကို​ထွေး

ရှမ်း​ပြည်နယ် ​တောင်ကြီး​မြို့​ ​မြောက်ဘက် မြစိမ်း​တောင်မှာ နှစ်​ပေါင်း​ကြာ ရှည် တည်ရှိလာတဲ့​ ​တောရဘုန်း​ကြီး​ ​ကျောင်း​တွေကို တပ်​မြေ ဧရိယာ အတွင်း​ ကျူး​ကျော် တယ်လို့​ သတ်မှတ်ပြီး​ မြို့​နယ် သံဃ နာယက အဖွဲ့​က ဒီလ အကုန်မှာ ဖယ်​ပေး​ဖို့​ စာထုတ် ထား​တယ် လို့​သိရ ပါ တယ်။

မြစိမ်း​တောင်မှာ ဆယ်စုနှစ်ကြာတည်ရှိလာတဲ့​ ​တောရ​ကျောင်း​တွေကို မတ်၂ရရက် ​နေ့​စွဲနဲ့​ တိုင်း​စစ်ဌာနချုပ် တပ်​မြေ ဧရိယာ အတွင်း​မှာ ခွင့်​ပြုချက် မရှိဘဲ ​ဆောက်လုပ်ထား​တဲ့​အတွက် နိုင်ငံ​တော် သံဃ မဟာ နာယက အဖွဲ့​က စာထုတ်ပြန် ဖယ်ရှား​ခိုင်း​တာလို့​ ​တောရ​ကျောင်း​ ဆရာ​တော်တပါး​က မိန့်​ပါတယ်။

တကယ်​တော့​ အဲဒီ​နေရာ​တွေမှာ တပ်က မသိမ်း​ယူမီ အချိန်ကတည်း​က ဘုန်း​ကြီး​ကျောင်း​တွေ ရှိ​နြေပီး​တော့​ သံဃာ​တော်​တွေက ​တောရ​ကျောင်း​ ​ဆောက်တည်ခဲ့​တာ ဖြစ်​ပေမယ့်​ အခု အ​ရှေ့​ပိုင်း​တိုင်း​ စစ် ဌာနချုပ်က သံဃနာယကကို အကူအညီ ​တောင်း​ခံပြီး​တော့​ အခုလို ဖယ်​ပေး​ပို့​ လုပ်​ဆောင်တာ ဖြစ်တယ်လို့​ ဆိုပါတယ်။

အသိမ်း​ခံရတဲ့​ ဘုန်း​ကြီး​ကျောင်း​တ​ကျောင်း​က ရဟန်း​တပါး​က အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​တော့​ အခုလို မိန့်​ပါတယ်။

“သူတို့​နဲ့​ ရန်မြဖစ်ချင်ပါဘူး​။ သူတို့​ ဖယ်ခိုင်း​မယ်ဆိုရင် ဦး​ဇင်း​တို့​က ​မြေအစား​တောင်း​ရမယ်။ ဓမ္မသ​ဘောနဲ့​ ​ဖြေရှင်း​မှာပါ။ အြကမ်း​မလုပ် ပါဘူး​။ အဓိက​တော့​ ဒီ​နေရာ​လေး​ကို သာသနာ့​ နယ်​မြေ​ လေး​လို့​ သတ်မှတ်​ ပေး​စေ ချင်ပါတယ်။”

ဖယ်ရှား​ပေး​ရမယ့်​ ​တောရ​ကျောင်း​တွေက​တော့​ ဗလ​တောင်ကုန်း​၊​ နိဗ္ဗာန်​ရွှေဂူ၊​ ​မေတ္တာ​ရေကန်၊​ ​ရွှေဉာဏ်ပင်နဲ့​ ​ရေဦး​၊​ နဂါး​ဂူ၊​ ​အောင်သိဒ္ဓိ၊​ ဝိမုတ္တိ၊​ စိတ္တသုခ၊​ ဓမ္မရတနာ၊​ ​ညောင်ပင်​ အောက်​ကျောင်း​ တွေ ဖြစ်ပါတယ်။ အဲဒီ​ကျောင်း​တွေမှာ သံဃာ​တော် အပါး​ ၅ဝ​လောက် သီတင်း​သုံး​နေတာပါ။

ဘုန်း​ကြီး​ကျောင်း​ ၁၀ ​ကျောင်း​က ဆရာ​တော်​တွေကို သံဃမဟာနာယကက ဆင့်​ခေါ်စာ​ပေး​ပို့​ခဲ့​ပြီး​ ဒီလအတွင်း​ ဖယ်​ပေး​ဖို့​အတွက်လည်း​ လတ်မှတ်​ရေး​ထိုး​ ခိုင်း​တယ်လို့​လည်း​ ဆိုပါတယ်။

ဘုန်း​ကြီး​ကျောင်း​အြဖစ် အသိအမှတ်မြပုတဲ့​ အ​ဆောက်အဦ​တွေမှာ ဆက်လက်​နေထိုင်ပါက ညွန်ကြား​လွှာ ၇၅ ဆိုတာဟာ လုပ်ထုံး​လုပ်နည်း​နဲ့​အညီ ပြည်နယ်သာသနာ​ရေး​မှူး​က အ​ရေး​ယူ​ဆောင်ရွက်မယ် ဆိုတဲ့​ တွဲဖက် အကျိုး​တော်​ဆောင် ဘဒ္ဒန္တဦး​ဝါယာမ လက်မှတ်​ရေး​ထိုး​ထား​တဲ့​ စာကို ​ပေး​ပို့​ခဲ့​တာလို့​ သံဃာ​တော်​တွေက ​ပြောပါတယ်။ ညွှန်ကြား​လွှာ ၇၅ ဆိုတာဟာ တရား​စွဲဆိုပြီး​ မြို့​နယ်အတွင်း​မှာ သီတင်း​သုံး​ ​နေထိုင်ခွင့်​မြပုတာ ဖြစ်တယ်လို့​ သံဃာ​တော်​တွေက ရှင်း​ပြပါတယ်။

အခုလို ​တောရ​ကျောင်း​တွေ ဖယ်ရှား​ခံရမယ့်​ အ​ရေး​နဲ့​ ပတ်သက်ပြီး​ ​တောင်ကြီး​မြို့​ခံ​တွေက​တော့​ စိုး​ရိမ်ပူပန်မှု ရှိ​နေပါတယ်။

“ဘာပဲဖြစ်ဖြစ် ​တောင်ကြီး​မြို့​အ​နေနဲ့​ အထွဋ်အြမတ်ထား​တဲ့​ ​နေရာ​လေး​ တခုပါ။ ဒီလိုသိမ်း​သွာပြီး​ နှင်ထုတ်တယ်ဆိုတာ နှ​မြောမိတယ်။ ဘုန်း​ကြီး​ကျောင်း​တွေကို ဖယ်ခိုင်း​တယ်ဆိုတာ စိတ်မ​ကောင်း​ဘူး​ပေါ့​။”

တောရ​ကျောင်း​တွေ ဆက်လက်တည်ရှိခွင့်​ရ​ရေး​ သမ္မတ၊​ ဝန်ကြီး​ချုပ်နဲ့​ ဌာနဆိုင်ရာ​တွေထံကို စာတင်သွား​ဖို့​ သက်ဆိုင်ရာ သံဃာ​တော်​တွေက စီစဉ်​နြေကပါတယ်။

No comments: