Saturday, April 21, 2012

နောက်တွဲပါ ကုန်ကား​များ​ကြောင့်​ ရိုး​ရိုး​ကုန်ကား​များ​ အခက်ကြုံ

အေး​နိုင်

နောက်တွဲယာဉ် တပ်ဆင်အသုံး​ပြုတဲ့​ ကုန်ကား​တွေကို ရိုး​ရိုး​ကုန်ကား​တွေ က ​ဈေး​နှုန်း​ မ ယှဉ်နိုင်ဖြစ်ပြီး​ ကုန်အရနည်း​နေတာ​ကြောင့်​ သက်ဆိုင် ရာကို စာတင်ဖို့​ ပြင်ဆင်​နေကြပါတယ်။

အာဆီယံ စံချိန်စံညွန်း​နဲ့​အညီဖြစ်​အောင် တန်ပိုယာဉ်စီမံချက် စတင်က တည်း​က ကား​ပိုင်ရှင်တိုင်း​လိုလို ​နောက်တွဲတပ်ဆင်ဖို့​ ကြိုး​ပမ်း​နေကြ တာလို့​ ကုန်ကား​သမား​တွေက ​ပြောပါတယ်။

နောက်တွဲဟာ ဥပ​ဒေအရဆိုရင် မဖြတ်မ​တောက်နိုင်တဲ့​ပစ္စည်း​တွေ၊​ ကွန် တိန်နာ​တွေ တင်ဖို့​ဖြစ်​ပေမယ့်​ လက်​တွေ့​မှာ ကုန်ပစ္စည်း​အမယ်စုံကို တင်​နေကြတဲ့​အတွက် သယ်ပို့​ခ​ဈေး​မြင့်​လို့​ မယှဉ်နိုင်ဘဲ အခက် အခဲ ကြုံကြ ရတာလို့​ ​ခြောက်ဘီး​ ကုန်ကား​သမား​တဦး​က ​ပြောပါတယ်။

“​နောက်တွဲကြီး​တွေက သူတို့​ရဲ့​ ဥပ​ဒေအရ ကွန်တိန်နာ​တွေတင်ဖို့​နဲ့​ ဖြတ်လို့​ ​တောက်လို့​မရတဲ့​ စက်ပစ္စည်း​တင်ဖို့​ဆိုပြီး​ ထား​တာ။ အဲဒါကို အကုန်လုံး​ တင်စား​နေကြ​တော့​ ကျ​နော်တို့​ ၆ ဘီး​တို့​၊​ ၁၀ ဘီး​တို့​၊​ ၁၂ ဘီး​တို့​က ​တော်​တော် အထိနာ​နေတယ်။ ၅၅ တန်ရ​တော့​ သူက ကျ​နော်တို့​ထက် ပိုပြီး​ တင်နိုင်တယ်​လေ။ တွဲတတွဲရဲ့​ အ​လေး​ချိန်က၁၅တန်ထက် မရှိရဘူး​၊​ ဒီ​ကောင်​တွေက တန် ၄၀ တင်လို့​ရတယ်။ ကျ​နော် တို့​ ၁၂ ဘီး​ တစီး​က တင်ခွင့်​ပြုထား​တာ ၂၅ တန်။ ကား​က ၁၂တန်နှုတ်လိုက် ရင် ၁၃ တန်ပဲ တင်လို့​ရတယ်။ ကုန်တပိဿာကို သူက ၃၀ ​လောက်နဲ့​ တင်မယ်ဆိုရင် ကျ​နော်တို့​က ၄၀-၅၀ မှ တင်နိုင်​တော့​တယ်​လေ။ ပုံ မှန် ထရပ်ကား​တွေက လုံး​ဝ သူတို့​နဲ့​ ပြိုင်ပြီး​ မ​ပြေး​နိုင်​တော့​ဘူး​။”

လတ်တ​လောမှာ ကုန်ကား​သမား​အများ​စုက ​နောက်တွဲ​တွေ တပ်ဆင်သုံး​စွဲနိုင်​အောင် ကြိုး​ပမ်း​နေကြတယ်လို့​ ဆိုပါတယ်။ ​နောက်တွဲတခုရဲ့​ ကာလ​ပေါက်​ဈေး​ဟာ သိန်း​ ၁၅၀ နီး​ပါး​ရှိပြီး​ တချို့​က ပြည်တွင်း​ဖြစ်လုပ်ကြသလို တရုတ်ဘက်ကလာတဲ့​ကုန်တွဲ​တွေလည်း​ရှိတယ်လို့​ဆိုပါ တယ်။ ​နောက်တွဲယာဉ်ဟာ ​ပေ ၄၀ ​လောက် အရှည်ရှိတာ​ကြောင့်​ ယာဉ်အန္တရာယ်ကင်း​ရှင်း​ရေး​ အထူး​ဂရုတစိုက်ရှိဖို့​ လို​နေပါတယ်။

တန်ပိုယာဉ်စီမံချက်ကို စတင်တဲ့​ လွန်ခဲ့​တဲ့​ နှစ်ပိုင်း​ကစပြီး​ ကား​တွေကို ကုန်ပိုမို တင်နိုင်​အောင် ကား​ဘော်ဒီ​တွေ ဖြတ်ထုတ်တာ​တွေရှိသလို ​နောက်တွဲယာဉ် သုံး​စွဲမှု တဖြည်း​ဖြည်း​ တွယ်ကျယ် လာတာ ဖြစ် ပါတယ်။

ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာနက လမ်း​နဲ့​တံတား​ဂိတ်​တွေမှာ ​ငွေအပို​ကောက်ခံတဲ့​ ​လေလံသမား​နှစ်ဦး​ကို အ​ရေး​ယူ​ဆောင်ရွက်ခဲ့​ပြီး​ သတင်း​စာက​နေ ​ကြေညာခဲ့​ပြီး​တဲ့​နောက် လမ်း​တံတား​ဂိတ်​တွေမှာလည်း​ ​ငွေအပို​ကောက်ခံမှု မရှိ​တော့​ဘူး​လို့​ ကုန်တင်ကား​သမား​တွေက ​ပြောပါ တယ်။

ဒီလဆန်း​ကစလို့​ ​လောင်စာဆီတင်သွင်း​မှုအ​ပေါ် သွင်း​ကုန်ခွန် ​လေ်ွာ့​ပေး​တဲ့​အစီအစဉ် အသက်ဝင်​နေ​ပေမယ့်​ ဒီဇယ်ဆီ​ဈေး​က​တော့​ တဂါ လန်ကို ကျပ် ၄၃၀၀ က​နေ မကျ​သေး​ဘဲဖြစ်​နေပါတယ်။

No comments: