Friday, April 6, 2012

အဓမ္မ ကား​ချောဆွဲမှု ရပ်တန့်​ရန် မန္တ​လေး​ ကား​လိုင်း​ ​တောင်း​ဆို

ဒီဗွီဘီ

မန္တ​လေး​မြို့​ပေါ်မှာ အာဏာပိုင်​တွေက ကား​ပိုင်ရှင်​တွေနဲ့​ ကား​အသင်း​တွေဆီက​နေ အဓမ္မ ကား​ချောဆွဲမှု​တွေရှိ​နေတဲ့​အတွက် ယာဉ်လိုင်း​တွေ​ရော ကား​သမား​တွေပါ ထိခိုက်နစ်နာမှု​တွေနဲ့​ ကြုံ​နေရတယ်လို့​ ကား​လိုင်း​ဆွဲသူ​တွေက ​ပြောပါတယ်။

မန္တ​လေး​တိုင်း​ မြို့​နယ်တချို့​က အုပ်ချုပ်​ရေး​အာဏာပိုင်တချို့​နဲ့​ဌာနဆိုင်ရာ တချို့​က အ​ကြောင်း​အမျိုး​မျိုး​ပြပီး​ မန္တ​လေး​တိုင်း​ ယာဉ်လိုင်း​များ​ ကြီး​ကြပ်​ရေး​ကော်မတီက​နေ တဆင့်​ချောဆွဲ​နေတာလို့​ မြို့​ခံကား​လိုင်း​ အသင်း​ တခုက ဒီဗွီဘီကို ​ပြောပါတယ်။

မန္တ​လေး​မြို့​တွင်း​ ခရီး​သည်တင်​ပြေး​ဆွဲ​နေတဲ့​ အမှတ် (၁-၂-၃) လိုင်း​ ကား​ပြာအသင်း​ ဥက္ကဋ္ဌ ဦး​ကိုကို​လေး​က​တော့​ သူ့​ရဲ့​အသင်း​မှာ ပြီး​ခဲ့​တဲ့​ တလအတွင်း​ ​ချောဆွဲခံရတဲ့​ ကား​အစီး​ရေ ၅၀ ​ကျော်​လောက် ရှိတယ်လို့​ ဒီဗွီဘီကို ​ပြောပါတယ်။

“ပထမ​တော့​ ၁၀ တန်း​စာ​မေး​ပွဲ​တွေအတွက်​ခေါ်တယ်။ ​မေး​ခွန်း​တွေ ​ကျောင်း​တွေကို လိုက်ပို့​ရတဲ့​ကိစ္စကို လုပ်တယ်။ ဒီလထဲမှာ ၆ စီး​ကို ​လော​လောဆယ် ဆွဲထား​တယ်။ အဲဒါက ဓမ္မာစရိယ စာ​မေး​ပွဲအတွက်ကိုဆွဲတာ၊​ ၃ လပိုင်း​မှာဆိုရင် ၅၆ စီး​အဆွဲခံရတယ်။”

ကား​ချောဆွဲရာမှာ ဓာတ်ဆီဖိုး​ အနည်း​ငယ် ပံ့​ပိုး​ပေး​ပေမယ့်​ ကား​လိုင်း​ရော ယာဉ်​မောင်း​ရော ​နောက်လိုက်​တွေအတွက်ပါ ​နေ့​စဉ် ဝင်​ငွေ နစ်နာမှုရှိတယ်လို့​ ​ပြောပါတယ်။

“ကား​ကို ညအိပ်​ခေါ်တယ်။ ညအိပ်ရတာ ဒုက္ခတခု၊​ ယာဉ်ပိုင်ရှင်လည်း​ မရဘူး​။ ယာဉ်မှူး​တွေလည်း​မရဘူး​။ ဘာ​ထောက်ပံ့​မှုမှ မရဘူး​။ ဆီကလည်း​ ကိုယ့်​ဆီကို ထည့်​ရတယ်။ ​လောင်စာဆီကလည်း​ ဆိုင်ထုတ်​ဈေး​ကိုက ၃ရဝဝထုတ်​နေရတယ်။ မရတဲ့​အြပင် ဆီဖိုး​ပါစိုက်ရတယ်။”

ဒီလို ကား​ချောဆွဲမှု​တွေဟာ မတရား​လုပ်အား​ရယူတာလို့​ ယူဆရတဲ့​အတွက့်​ အိုင်အယ်လ်အိုကို တိုင်ကြား​ဖို့​ စီစဉ်​နေတယ်လို့​လည်း​ သိရပါတယ်။

မတ် ၂၈ ရက်က သမ္မတ ဦး​သိန်း​စိန်အမိန့်​နဲ့​ ထုတ်ပြန်ထား​တဲ့​ ရပ်/​ကျေး​ အုပ်ချုပ်​ရေး​ဥပ​ဒေကို ပြင်ဆင်တဲ့​ဥပ​ဒေမှာ မည်သူမဆို ပုဂ္ဂိုလ် တဦး​တ​ယောက်ထံမှ ဆန္ဒအ​လျောက် ကမ်း​လှမ်း​တာမဟုတ်ဘဲ ထို သူရဲ့​လုပ်အား​ (သို့​) ဝန်​ဆောင်မှုကို အဓမ္မရယူ ခိုင်း​စေမှုပြုလုပ်လျှင် တနှစ်ထက်မပိုတဲ့​ ​ထောင်ဒဏ်ဖြစ်​စေ၊​ ကျပ် ၁ သိန်း​ ထက်မပိုတဲ့​ ​ငွေဒဏ်ဖြစ်​စေ ဒဏ်နှစ်ရပ်လုံး​ဖြစ်​စေ ချမှတ်ရမယ်လို့​ ပါရှိပါတယ်။

ဥပ​ဒေ​ရေး​ရာ အတိုင်ပင်ခံ ဦး​အောင်သိန်း​က​တော့​ တန်ရာတန်​ကြေး​ မ​ပေး​ဘဲ ရမှာဖြစ်တဲ့​ ​ချောဆွဲတာဟာ ဥပ​ဒေနဲ့​ မကိုက်မညီဘူး​လို့​ ​ပြောပါတယ်။

“အာဏာပိုင်အဖွဲ့​အစည်း​အဆင့်​က လမ်း​က​နေ မ​လျော်ဩဇာသုံး​ပြီး​ ဖြတ်သုံး​တာ​ပေါ့​။ တကယ်ဆိုရင် ​ချောဥပ​ဒေက​တော့​ အလကား​လာဆွဲလို့​ မရဘူး​။ တန်ရာတန်​ကြေး​ပေး​ ဆွဲရတာ။ သူသွား​နေတဲ့​ လမ်း​ကြောင်း​တခုကို ရပ်ဆိုင်း​ပြီး​ သွား​ရတဲ့​အတွက် လိုင်း​ကား​ဆို လိုင်း​ကား​ရဲ့​ပုံမှန်စား​ရိတ်ရှိမယ်။ ကုန်တင်ကား​ဆို ကုန်တင်ကား​ရဲ့​ သုံး​နှုန်း​တဲ့​စား​ရိတ်ရှိတယ်။ အဲဒါ​တွေကို ​ပေး​ရမယ့်​တာဝန်ရှိတယ်။”

မြန်မာနိုင်ငံမှာ မဆလ၊​ နဝတ၊​ နအဖ ​ခေတ်ကတည်း​က အာဏာပိုင် အဆက်ဆက် ​အောက်​ခြေပည်သူလူထုဆီက လုပ်အား​ရော ပိုင်ဆိုင်တဲ့​ ကား​၊​ ဆိုင်ကယ်၊​ စက်​လှေကအစ တိဗွီ ဗီစီဒီပြစက်အဆုံး​ ​ချော ဆွဲ အသုံး​ပြုမှုဟာ ​ခေါက်ရိုး​ကျိုး​နေတဲ့​အ​လေ့​အထ တခုသဖွယ် ဖြစ်​နေတာပါ။

ယ​နေ့​ခေတ်မှ​တော့​ ​ခေတ်​ပြောင်း​ စနစ်​ပြောင်း​ ဒီမိုက​ရေစီလမ်း​ကြောင်း​ ​ပေါ်သွား​နေချိန်မှာ လူ့​အခွင့်​အ​ရေး​ကို ​လေး​စား​လိုက်နာသင့်​တယ် ကာယကံရှင်က သ​ဘောမတူ မြကည်မြဖူဘဲ ​ချောဆွဲတဲ့​ကိစ္စ မရှိ သင့်​တော့​ဘူး​လို့​ ဥပ​ဒေ​ရေး​ရာ အတိုင်ပင်ခံ ဦး​အောင်သိန်း​က ​ပြောပါတယ်။

No comments: