Thursday, April 19, 2012

မြန်မာ့​ခရီး​သွား​လုပ်ငန်း​ အရှိန်မထိန်း​နိုင်မှာ စိုး​ရိမ်ရဟုဆို

နေသွင်

မကြာခင်လပိုင်း​အတွင်း​ မြန်မာပြည်ကို နိုင်ငံခြား​ဧည့်​သည်​တွေ ရုတ်တရက် အဝင်များ​နေတဲ့​အတွက် ​ရေရှည်မှာ စိုး​ရိမ်စရာဖြစ်လာတယ်လို့​ ရန်ကုန်အ​ခြေစိုက် ခရီး​သွား​လုပ်ငန်း​ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

လော​လောဆယ် မြန်မာပြည်က နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​ ပွင့်​လင်း​ခါစမှာ နိုင်ငံ့​ခေါင်း​ဆောင်​တွေ၊​ စီး​ပွား​ရေး​သမား​ အုပ်စု​တွေက အလုံး​အရင်း​နဲ့​ လာ​နေတာ​ကြောင့်​ အပန်း​ဖြေခရီး​ လာ​ရောက်သူ​တွေအတွက် အဆင်မ​ပြေ ဖြစ်ကုန်တယ်လို့​ အမည်မ​ဖော်လိုတဲ့​ တာဝန်ရှိသူက ​ပြောပါတယ်။

“နိုင်ငံခြား​သား​ ခရီး​သည်​တွေအတွက်က ​ဈေး​တွေမြင့်​သွား​တယ်။ ဘာ​ကြောင့်​လည်း​ဆို​တော့​ ​တော်​တော်များ​များ​ နိုင်ငံ့​ကိုယ်စား​လှယ်အဖွဲ့​တွေ( state delegation)​ပေါ့​။ အခု ဗြိတိသ်ွ ဝန်ကြီး​ချုပ်လာတာတို့​။ တခြား​ဝန်ကြီး​တွေက ​နေ့​တိုင်း​လိုလို လာကြတယ်။

နိုင်ငံတကာက ဘတ်ဂျက်ရှိတယ်၊​ သုံး​နိုင်တဲ့​ အခါကျ​တော့​ ဟိုတယ်​တွေမှာ ​ဒေါ်လာ ၂၀၀၊​ ၃၀၀ ​ပေး​လည်း​ သူတို့​က ​နေနိုင်တယ်။ ​နောက်တခါ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေကလည်း​ ​နေပြည်​တော်နဲ့​ ရန်ကုန်နဲ့​ မန္တ​လေး​တို့​နေရာ​တွေမှာ အခန်း​တွေက ​လေလံတင်သလို ဟိုတယ်ကြီး​တွေက ​ဈေး​တွေ​ကောင်း​နေတယ်။ ​အောက်ကဟိုတယ်​လေး​တွေက ​ဈေး​သက်သာတဲ့​ အခါကျ​တော့​ နိုင်ငံခြား​သား​ ခရီး​သွား​တွေကိုပဲ အဓိက မဏ္ဍိုင်ထား​တဲ့​ ခရီး​သွား​လုပ်ငန်း​ ကုမ္ပဏီ​တွေနဲ့​ ​ဈေး​တွေက မငြိမ်တဲ့​အခါမှာ ဘယ်လိုမှ လုပ်လို့​မရဘူး​။ ဒါက ပြဿနာတခုလို့​ ​ပြောလို့​ရတယ်။ အဲဒါကို ဟိုတယ်ဇုန်ဝန်ကြီး​ဌာနက ညှိနှိုင်း​ပေး​တယ်။ ဒါ​ပေမယ့်​ ပြတ်သား​တဲ့​ အ​ဖြေတခု​တော့​ မထွက်​သေး​ဘူး​။”

လော​လောဆယ် ရန်ကုန်၊​ မန္တ​လေး​၊​ ​နေပြည်​တော် မြို့​ကြီး​တွေ အပါအဝင် တနိုင်ငံလုံး​မှာ ဟိုတယ် အခန်း အ​ရေအတွက် ၂ ​သောင်း​ဝန်း​ကျင်ပဲ ရှိတဲ့​အတွက် ဧည့်​သည်​တွေ ဝင်လာတဲ့​နှုန်း​နဲ့​ ဆိုရင် နည်း​လွန်း​သေး​တယ်လို့​ ခရီသွား​လုပ်ငန်း​ရှင်များ​ အသင်း​က တာဝန်ရှိသူက ဆိုပါတယ်။

အရင်က တရက်ကို ​ဒေါ်လာ ၁၀၀ ​ပေး​ရတဲ့​ အခန်း​တွေဟာ အခု​နောက်ပိုင်း​မှာ ၂၀၀ က​နေ ၃၅၀ အကြား​ပေး​နေရလို့​ ရိုး​ရိုး​ကမ္ဘာ့​လှည့်​ ခရီး​သွား​တွေအတွက် ဝန်ပိလွန်း​နေတာကို သူက ​ထောက်ပြပါတယ်။

ဟိုတယ်အခန်း​ခ​တွေ ​ဈေး​ကြီး​ပေး​ရ​ပေမယ့်​ ဝန်​ဆောင်မှုအပိုင်း​မှာ ညံ့​ဖျင်း​တာ၊​ အရည်အချင်း​ ပြည့်​မီတဲ့​ ဧည့်​လမ်း​ညွှန် မလုံ​လောက်တာ၊​ သယ်ယူပို့​ဆောင်​ရေး​ အပိုင်း​မှာ အဆင်မ​ပြေမှု​တွေ​ကြောင့်​ ခရီး​သွား​တွေ တခါလာပြီး​ စိတ်ပျက်သွား​တာမျိုး​ ကြုံရင် ​ရေရှည်အတွက် ထိခိုက်နိုင်တယ်လို့​ ဆိုပါတယ်။

မြန်မာပြည်ဟာ နှစ်​ပေါင်း​အတန်ကြာ​အောင် နိုင်ငံတကာနဲ့​ အဆက်ပြတ်​နေရာက​နေ လက်ရှိ နိုင်ငံ​ရေး​ပြုပြင်​ပြောင်း​လဲမှု​တွေ​ကြောင့်​ နိုင်ငံတကာက စိတ်ဝင်စား​စရာ ဖြစ်လာတာပါ။

၂၀၁၁ ခုနှစ်အတွင်း​ မြန်မာပြည်ကို ကမ္ဘာ့​လှည့်​ခရီး​သွား​ ၈ သိန်း​ကျော် ဝင်​ရောက်ခဲ့​ပြီး​၊​ ၂၀၁၀ ကထက် ၃၀ ရာခိုင်နှုန်း​ တိုး​တက်လာခဲ့​ပါတယ်။

ပစိဖိတ်အာရှခရီး​သွား​အဖွဲ့​ (ပီ​အေတီ​အေ)ရဲ့​ ခန့်​မှန်း​ချက်အရ မြန်မာပြည်ဟာ ၂၀၁၂ အတွင်း​ ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​ တိုး​တက်မှုနှုန်း​ အမြင့်​ဆုံး​ နိုင်ငံတနိုင်ငံ ဖြစ်လာဖွယ်ရှိပြီး​ ဧည့်​သည်ဝင်​ရောက်မှု လည်း​ အရင်တနှစ်ထက် ၂၅ ရာခိုင်နှုန်း​ တိုး​တက်နိုင်တယ်လို့​ ဆိုပါတယ်။

No comments: