Friday, April 6, 2012

လားရှိုး၌ ယခုနှစ် သင်္ကြန် ပိုက်ဆံ မကောက် ဒေသခံ လူထု စိတ်သက်သာ ရာရ

သျှမ်းသံတော်ဆင့်

ယခုနှစ် အတာ သင်္ကြန် မဏ္ဍပ် အတွက် ဆောက်နေ ပြီဖြစ် သော်လည်း ယခင် နှစ်များ ကဲ့သို့ ပိုက်ဆံ ကောက်ယူခြင်း မရ ရှိတော့ သဖြင့် လူထုတို့ စိတ်သက် သာရာ ရနေ ကြောင်း လားရှိုး မြို့ခံများ က ပြောသည်။

“အရင်နှစ် တုန်းက သင်္ကြန် ရောက်ရင် တအိမ် ၃ ထောင် ကောက်တယ် လေ။ မြို့တော် ခန်းမမှာ မဏ္ဍပ် အကြီးကြီး ဆောက်ဖို့။ ကားသမား တွေဆိုရင် ကျပ် တစ်သိန်း အထိ ကောက်တယ်။ ဒီနှစ်တော့ မဏ္ဍပ် အတွက်ရော သင်္ကြန် ကဖို့ ဝတ်စုံတွေ အတွက် ရော မကောက် သေးဘူး။ မကောက် တော့ဘူး လို့သတင်း တွေထွက် နေတယ်။ မကောက် ရင်တော့ ကောင်းတာ ပေါ့နော်။ မြို့ကြီး တွေမှာ ဆိုရင် ပံ့ပိုးတဲ့ ကုမ္မဏီ ကဘဲ ထုတ်ပေး တာလေ” ဟု လားရှိုး ဒေသခံ စိုင်းနုက ပြောသည်။

ယခု လဆန်း ကစ၍ သင်္ကြန် မဏ္ဍပ် စဆောက် နေပြီ ဖြစ်ပြီး သစ်စက်၊ သစ်ရောင်း ဝယ်ရေး ဆိုင်များ ထံမှ သစ်များကို ဆင့်ဆိုငှား ယူကြောင်း၊ ကျိုးကြေ ပျက်စီး ပါက ထိုက်တန်သည့် အဖိုး အခ ပြန်လည် ပေးလျော် မည်ဟု လည်း အာဏာပိုင် များကပြော ကြောင်း ရပ်ကွက် အကြီး အကဲ တဦး ကလည်း ပြောပါသည်။

“ မဏ္ဍပ် အကြီးကြီး ဆိုရင်မြို့တော်ခန်း မရှေ့မှာ တခုရှိမယ်၊ ရပ်ကွက် ၁၁ မှာ တခုရှိမယ်၊ ကာစတန် ရုံးမှာ တခုပေါ့။ လားရှိုးကြီး မှာလဲ တခု လုပ်တယ်။ သစ်တွေ၊ ဝါးတွေ ငှါးသုံးရင်း ကျိုးတာ ကြေတာ ရှိရင် တော့ လျော်ဖို့ ဘယ်လို လာမလဲ မသိ သေးဘူး” - ဟု ဆိုပါသည်။

ကောဇာ သက္ကရာဇ် ၁၃၇၃ အကုန် ၁၃၇၄ အကူး နှစ်သစ် အတာ သင်္ကြန်မှာ ဧပြီလ ၁၂ ရက် ကြာသပတေးနေ့ သင်္ကြန် အကြိုနေ့၊ ၁၃ ရက် သင်္ကြန် အကျနေ့၊ ၁၄ ရက် နှင့် ၁၅ ရက် အပုပ်နေ့ ၁၆ ရက် အတက်နေ့ နှင့် ၁၇ ရက်နေ့ ၁၃၇၄ နှစ်ဆန်း ၁ ရက် နေ့တို့ ဖြစ်ကြ သည်။

No comments: