Friday, April 20, 2012

မီးပူနဲ့ကပ်တယ်၊ လက်မှတ်လိမ်ထိုးခိုင်းတယ်

zarny win

အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမီဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူငယ်ချင်း အပေါင်း အသင်း မိတ်ဆွေ များ၏ ကျေးဇူးကြောင့် ပဲခူး မြို့ တွင် တရား သူကြီး ဦးအောင် ဘုန်း ၀င်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူနှင့်ကပ်ခဲ့သော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှ ဒေါ်ကြူကြူ ကြားသိ ရပါ သဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံးသို့ သွားရောက် စုံစမ်း ခဲ့ပါ သည်။

တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊

ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းက တရားရုံးဘေးနားတွင် ကားဖြင့် လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူ ဒေါ်ကြူ ကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီး ၀န်းကျင်တွင်(၁၀)ပတ် ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်း တရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ်ကြူကြူတို့ ၀န်ခံ သဘောတူညီချက် မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင် တွေ့ရှိရပါသည်။

ဒေါ်ကြူကြူမှာ အနီး ပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတက်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး ဦးအောင်ဖုန်းဝင်းက အခွင့် ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ် အား လှူဒါန်းသည်ဟု လိမ်လည်ပြီး ၀န်ခံသဘောတူညီချက် မှတ် တမ်းမှာ လက်ဗွေနှိပ် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စာရွက်ပေါ်ပါ အချက်အလက်များအား ဖက်ပြခြင်းမရှိပါ၊

“ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်ဘုန်းဝင်းက ပေးမတွေ့သေးကြောင်း ပြောဆိုသဖြင့် ဥပဒေအရပဲ ပြောတော့မယ် ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာ မ လွတ်မလပ်တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူ မအေးယုအောင်အား လကုန်မှ ပြန်ပို့ပေးမည်ဟုသာ ပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊ ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိ တ္တူကို ပတ်ဝန်းကျင်းမှ အသိ မိတ်ဆွေများအား ဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်းက ကျမကိုလိမ်ညာပြီး လက်မှတ် ထိုး ခိုင်ကြောင်း သိရှိခဲ့ရပါတယ်၊ ကျမလို မိခင် တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြားမှာအရမ်းကြောက်နေ ရတာ ကျမ သမီးလေးမှာ ကျမထက် အဆပေါင်းများစွာ ကြောက်လန့် တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက် အနေနဲ့ သိနေတယ်၊ ကျ မ သမီးလေးကို သူတို့ လာပြန်မပို့ဘူး ဆိုလျှင်တော့ ဥပဒေအရပဲ ရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊ အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူး အရမ်း တင်ပါတယ်၊ ကျမ သမီးလေးရဲ့အသက် ကလည်း အင်တာနက် ကလူတွေ ပေးတဲ့ အသက်ပဲ ရှိပါ တော့တယ် လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူ ကြူက ပြောဆိုခဲ့ ပါတယ်။


လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။

No comments: