Thursday, April 19, 2012

ရခိုင် ဓာတ်​ငွေ့​ပိုက်လိုင်း​စီမံချက် ရှမ်း​ပြည်နယ်ရှိ လယ်များ​ ထိခိုက်နစ်နာ

နန်းမြနဒီ

ရခိုင်ပြည်နယ်က သဘာဝဓာတ်​ငွေ့​တွေ တရုတ်နိုင်ငံကို တင်ပို့​ရောင်း​ချဖို့​အတွက် ပိုက်လိုင်း​တွေ ​ဖောက်​နေရာမှာ ရှမ်း​ပြည်​မြောက်ပိုင်း​မှာရှိတဲ့​ နမ္မတူမြစ်​ရေစီး​ကြောင်း​ပြောင်း​ပြီး​ အနီး​အနား​တဝိုက်က ​ဒေသခံပိုင်​မြေ​တွေ ထိခိုက်ဆုံး​ရှုံး​နေရပါတယ်။

ရှမ်း​ပြည်​မြောက်ပိုင်း​ နမ္မတူမြို့​နယ် ဆိုင်း​ခေါဝ် ​ကျေး​ရွာအုပ်စုထဲပါတဲ့​ နမ္မတူမြစ်ကမ်း​ နံ​ဘေး​က လယ်ယာခြံ​မြေ​တွေ​ပေါ်မှာ ပိုက်လိုင်း​ကုမ္ပဏီက မနှစ် ဒီဇင်ဘာလကစပြီး​ မြစ်ထဲက​မြေစာ​တွေ လာချထား​တဲ့​အတွက် သီး​နှံပင်​ရော စိုက်ပျိုး​မြေ​တွေပါ ပျက်စီး​ခဲ့​တယ်လို့​ ​ဒေသခံ ရွာသား​တဦး​က ​ပြောပါတယ်။

“ဒါ အများ​ကြီး​ကို ထိခိုက်တာ​ပေါ့​။ ဘာလို့​လဲဆို​တော့​ တနှစ်တခါ စိုက်တဲ့​ စိုက်ပျိုး​မြေ မဟုတ်ဘူး​လေ။ တနှစ်ပတ်လုံး​ ဒီစိုက်ပျိုး​မြေမှာပဲ လုပ်ကိုင်စား​သောက်ရတဲ့​ ​မြေမျိုး​ဖြစ်တယ်​လေ။ ရတဲ့​လျော်​ကြေး​အ​ပေါ်မှာလည်း​ ရာခိုင်နှုန်း​အများ​ကြီး​ ဖြတ်သွား​တာလည်း​ ရှိတယ်။ ကမ်း​စပ်ကို ထိန်း​ပေး​ထား​တဲ့​ ​မြေ​တွေ၊​ သစ်​တော​တွေကို သူတို့​က စက်နဲ့​ထိုး​လိုက်တဲ့​အခါကျ​တော့​ ​ရေ​တွေကြီး​တာ။ မိုး​တွင်း​တွေမှာဆိုရင် ကမ်း​ပါး​ပြိုတာ​တွေ ဖြစ်သွား​နိုင်တာပဲ။ မထိခိုက်တဲ့​ခြံ​တွေလည်း​ ကမ်း​ပါး​ပြိုတဲ့​အထဲ ပါသွား​နိုင်တယ်။”

မြေစာပင်အဖို့​ခံရတဲ့​မြေ​တွေဟာ ၄ ဧက ​ကျော်ရှိပြီး​ လယ်​တော၊​ ဝါး​တော၊​ သက်ကယ်​တော၊​ ငှက်​ပျောခြံ၊​ လိ​မ္မော်ခြံ၊​ ပန်း​ခြံ​တွေ ပါဝင်တယ်လို့​ ဆိုပါတယ်။

တရုတ်ကုမ္ပဏီက ​ဒေသခံအာဏာပိုင်​တွေနဲ့​အတူ ​မြေပိုင်ရှင် ၄ ဦး​ဆီ လာ​ရောက်ပြီး​ ၆ လတာကို ကျပ်​ငွေ ၂၄ သိန်း​ခွဲနဲ့​ ငှား​ရမ်း​ခဲ့​တဲ့​ ​မြေ​တွေဖြစ်ပါတယ်။ တကယ် စီမံကိန်း​အ​ကောင်အထည်​ဖော်တဲ့​အခါမှာ​တော့​ ​မေ်ွာ်လင့်​မထား​တဲ့​ နှစ်တိုနှစ်ရှည်သီး​ပင်​တွေ ပျက်စီး​တဲ့​အပြင် ​ရေရှည်မှာ ပြန်ပြီး​စိုက်ပျိုး​ဖို့​ မလွယ်ကူ​တော့​တဲ့​ အ​ခြေအ​နေကို ကြုံ​တွေ့​ရတယ်လို့​ ဆိုပါတယ်။

ဒါ​ကြောင့်​ စီမံကိန်း​ရပ်တန့်​ပေး​ဖို့​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဆီ အကူအညီ ​တောင်း​ခံရာမှာ အ​ရေး​မယူ​ပေး​လို့​ ကျား​ဖြူပါတီဆီ တိုင်တန်း​ခဲ့​တယ်လို့​ ​ဒေသခံက ​ပြောပါတယ်။

တိုင်တန်း​မှုနဲ့​ ပတ်သက်ပြီး​ နမ္မတူမြို့​နယ် နယ်​မြေအမှတ် ၂ ကျား​ဖြူပါတီရဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါ်နန်း​ခမ်း​အေး​က “ရွာသား​တွေက မြို့​နယ်အ​ထွေအ​ထွေ အုပ်ချုပ်​ရေး​မှူး​ ဦး​ညွန့်​ဝေကို ၂၀၁၂ မတ် ၈ ရက်​နေ့​က စာ​ရေး​ပြီး​ အကူအညီ​တောင်း​လိုက်တယ်။ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ကွင်း​ဆင်း​ ​ဆောင်ရွက်​ပေး​ခြင်း​ မရှိလို့​ ကျမတို့​ ကျား​ဖြူပါတီဆီကို လာပြီး​ အကူအညီ ​တောင်း​တယ်။ လမ်း​ပန်း​ဆက် သွယ်​ရေး​ ဝန်ကြီး​ကလည်း​ ကျမတို့​ဆီကို ဓာတ်​ငွေ့​ပိုက်လိုင်း​နဲ့​ ပတ်သက်ပြီး​ ကွင်း​ဆင်း​ပြီး​ အချက်အလက်​တွေ လာ​ကောက်ယူ​နေတဲ့​ အချိန်ဆို​တော့​ ဒီတိုင်စာကို ဝန်ကြီး​ဆီ ​ပေး​လိုက်တယ်။”

ဝန်ကြီး​ဆီတိုင်ကြား​တာကို မြို့​နယ်မှူး​သိရှိသွား​ပြီး​တဲ့​နောက် ရွာသား​တွေကို မတ်လကုန်ပိုင်း​မှာ ​ခေါ်ယူ​တွေ့​ဆုံပြီး​ ဒီစီမံကိန်း​ကို မရပ်တဲ့​အပြင် ​နောက်ထပ် ၆ လ ​လျော်​ကြေး​ပေး​ပြီး​ ထပ်ငှား​ဦး​မယ့်​အ​ကြောင်း​ပြောပြီး​ ၇ ရက်အတွင်း​ အ​ဖြေ​ပေး​ဖို့​ အတင်း​အကျပ်ဖိအား​ပေး​ ​ပြောဆိုခဲ့​တဲ့​အ​ကြောင်း​နဲ့​ ဒီကိစ္စကို လွှတ်​တော်မှာ ဆက်လက်တင်ပြ ​ပြောဆိုမယ်လို့​ ​ဒေါ်နန်း​ခမ်း​အေး​က ​ပြောပါတယ်။

ဓာတ်​ငွေ့​ပိုက်လိုင်း​စီမံကိန်း​နဲ့​ စပ်လျဉ်း​ပြီး​ နမ္မတူမြို့​နယ်တခုလုံး​မှာဆိုရင် လယ်ယာ​မြေ စုစု​ပေါင်း​ ဧက ၄၀၀ ​လောက် ထိပါး​ခဲ့​ပြီး​ ကုမ္ပဏီက ​လျော်​ကြေး​ငွေ​တွေ ပြန်​ပေး​တယ်ဆို​ပေမယ့်​လည်း​ ကြား​ထဲက အဖြတ်ခံရတာ၊​ မ်ွတမှု မရှိတာ​တွေ အပါအဝင် မသမာမှု​တွေ ရှိ​နေတယ်လို့​ ဆိုပါတယ်။

No comments: