Thursday, April 5, 2012

မြန်မာ ပြည်ကို ​ဒေါ်လာ ၁ ​သောင်း​ ယူလာ နိုင်ပြီ

ရွှေအောင်

၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် ကစပြီး​ မြန်မာ နိုင်ငံကို လာ​ရောက် ကြ မယ့်​ နိုင်ငံ ခြား​သား ​တွေဟာ အ​မေရိကန် ​ဒေါ်လာ ၁ ​သောင်း​ ဒါမှ မဟုတ် ​ဒေါ်လာ ၁ ​သောင်း​နဲ့​ ညီမျှတဲ့​ မည်သည့်​ နိုင်ငံ ခြား​ ​ငွေကို မဆို ယူ​ဆောင် လာနိုင် တယ်လို့​ မြန်မာ နိုင်ငံ​တော် ဗဟို ဘဏ်က သတင်း​ ထုတ်ပြန် လိုက်ပါ တယ်။

ဒီလို ယူ​ဆောင် လာရာမှာ အ​ကောက် ခွန်ဌာ နမှာ ​ကြေညာ စရာ မလို ဘူး​လို့​လည်း​ ဆိုပါတယ်။ အရင်က နိုင်ငံခြား​ သား​တွေ မြန်မာပြည် လာရင် ​ဒေါ်လာ ၂ ​ထောင်ပဲ ယူ​ဆောင် အသုံး ​ပြုခွင့်​ ​ပေး​ထား​ တာပါ။

မြန်မာ ပြည်မှာ ဘဏ်ကဒ် သုံး​လို့​ လည်း​ မရ​သေး​။ ​ဒေါ်လာကိုင် ​ဆောင်ခွင့်​ ကိုလည်း​ ကန့်​သတ်ထား​ တာ​တွေ ရှိ​နေ​ သေး​တာ ​ကြောင့်​ နိုင်ငံ ခြား​သား​ ခရီး​ သည်​တွေ ​ငွေ​ကြေး​ အသုံး ​ပြုရာမှာ အဆင် မ​ပြေ မှု​တွေ ကြုံ​တွေ့​နြေကရ ပါတယ်။

အခုလို ​ဒေါ်လာ ၁ ​သောင်း​အထိ တရား​ဝင် ယူ​ဆောင် အသုံး​ပြုခွင့်​ပြုလိုက်တာ​ကြောင့်​ နိုင်ငံခြား​သား​ ခရီး​သည် ​တွေ​ရော၊​ ခရီး​သွား​လုပ် ငန်း​နဲ့​ ပတ်သက်ဆက်နွယ်​နေတဲ့​ သူ​တွေ အား​လုံး​ အတိုင်း​ အတာတခုအထိ အဆင်​ပြေ သွား​နိုင်တယ်၊

မြန်မာ့​ဓန မဂ္ဂဇင်း​ အယ်ဒီတာချုပ် ဆရာသီဟ​စောက ​ပြောင်း​ဖို့​လို​နေတဲ့​ ​ငွေ​ကြေး​နဲ့​ ဘဏ်စနစ်​တွေထဲက အ​ပြောင်း​အလဲတခုဖြစ်တယ်လို့​ ​ပြောပါတယ်။

No comments: