Saturday, April 21, 2012

ထိုင်း​ ငါး​ဖမ်း​ လှေ​ပေါ် ​ရောင်း​စား ​ခံရသည့်​ မြန်မာများ​ လွတ်​မြောက်

နော်နိုရင်း

ထိုင်း​ငါး​ဖမ်း​လှေ​ပေါ်မှာ အလုပ်ခိုင်း​စေဖို့​ ​ရောင်း​စား​ခံရတဲ့​ မြန်မာ အလုပ် သမား​တွေ ပြန်လည် လွတ်​မြောက် လာပါတယ်။

ရောင်း​စား​ခံရတဲ့​ မြန်မာအလုပ်သမား​ ၂၀ ​ကျော်ကို ထိုင်း​ လူကုန်ကူး​မှု တိုက်ဖျက်​ရေး​ အထူး​တပ်ဖွဲ့​က ထိုင်း​နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​များ​အဖွဲ့​နဲ့​ အတူ ပူး​ပေါင်း​ပြီး​ ထိုင်း​နိုင်ငံ ချွန်ပူရီမြို့​နယ်တွင်း​ အ​ချောင်​လှေဆိပ်မှာ ဒီမနက်က သွား​ရောက် ကယ်တင်ခဲ့​တာပါ။

အလုပ်သမား​တွေထဲမှာ အသက် ၁၆ နှစ် အရွယ် လူငယ် ၅ ​ယောက် ပါဝင် ပြီး​ အများ ​စုဟာ ပဲခူး​တိုင်း ​ကြဖစ်​ကြောင်း​ ထိုင်း​နိုင်ငံ​ရောက် မြန်မာ နိုင်ငံ သား​များ​ အဖွဲ့​ရဲ့​ တာဝန်ခံ ဦး​ကျော်​ သောင်း​က ​ပြောပါ တယ်။

“ပဲခူး​တိုင်း​၊​ ထန်း​တပင်မြို့​နယ်၊​ ရင်အုပ်ကြီး​ကျေး​ရွာက သူတို့​ တရွာတည်း​သား​ ၆ ​ယောက် ​ရောင်း​စား​ခံ​နေရတယ် ဆိုပြီး​ အ​ကျော်ဆိုတဲ့​ လူတ​ယောက်က လာပြီး​ အမှုဖွင့်​တယ်။ အဲဒီမှာ ၁၆ နှစ်အရွယ် က​လေး​က ၄ ​ယောက်ပါတယ်။ အဲဒီက​လေး​ ၄ ​ယောက်ရဲ့​ ဓာတ်ပုံကို မိသား​စုဆီမှာ ဆက်သွယ်ပြီး​တော့​မှ မိသား​စုဓာတ်ပုံ​တွေ ဘာ​တွေ ပို့​တယ်။ ပို့​ပြီး​တော့​ အန်ကယ်က​နြေပီး​တော့​ ဒီ သတင်း​အချက်အလက်ကို ယူပြီး​တော့​ ကုလသမဂ္ဂ လူကုန်ကူး​မှုတိုက်ဖျက်​ရေး​က မြန်မာအရာရှိကို လှမ်း​ပြီး​တော့​ အ​ကြောင်း​ကြား​တယ်။ အ​ကြောင်း​ကြား​တော့​ သတင်း​အချက်အလက်​တွေ စု​ဆောင်း​တော့​ ဒီ​လောက်ကြာသွား​တော့​မှ၊​ ဒီ​နေ့​မနက် ၃ နာရီမှာ စြပီး​ အဲဒီ ​လှေကပ်ပြီဆိုတာ သိတာနဲ့​ ချက်ချင်း​ အန်ကယ်တို့​သွား​ပြီး​တော့​ သူတို့​တွေကို ကယ်ထုတ်နိုင်ခဲ့​တာ​ပေါ့​လေ။

“အဲဒီထဲမှာ အန်ကယ်တို့​ကို ​ပြောပြတဲ့​ အလုပ်သမား​တွေက​တော့​ ၁ နှစ်နဲ့​ ၃ လက​နြေပီး​တော့​ အနည်း​ဆုံး​ ၆ လ၊​ ၁၂ လ အထိ ပါတဲ့​ အလုပ်သမား​တွေပါပဲ။ ဒီအလုပ်သမား​တွေရဲ့​ ​နေရထိုင်ရတဲ့​ အ​ခြေအ​နေက အန်ကယ်မြင်ခဲ့​ရတာဆိုလို့​ရင် နံ​စော်ပြီး​တော့​ အဝတ်အစား​ လဲစရာကိုမရှိဘူး​။ ဒီအတိုင်း​ ခန္ဓာကိုယ်မှာ ဝတ်ထား​တာနဲ့​ လှမ်း​ထား​တဲ့​ တစုံပဲ ရှိတယ်။ တချို့​ဆိုရင် ဖိနပ်​တောင် မရှိဘူး​။ သူတို့​ လုပ်အား​ခ​တွေ ရလား​ဆို​တော့​ မရဘူး​၊​ သူတို့​ ​ရောင်း​စား​ထား​တဲ့​ ပွဲစား​က ထုတ်ယူသွား​တယ်။”

မြန်မာနိုင်ငံသား​ပွဲစား​တွေက ဘန်​ကောက်မြို့​ကို အလုပ်လုပ်ဖို့​လာတဲ့​ မြန်မာနိုင်ငံသား​တွေကို ​ခေါ်လာရင်း​ ထိုင်း​လှေသမား​တွေဆီ ​ရောင်း​စား​တာလို့​ ဆိုပါတယ်။

ပြန်လွတ်လာတဲ့​ ဦး​မောင်​ကျော်က မဲ​ဆောက်က​နေ ဘန်​ကောက်ကို တက်လာဖို့​ ထိုင်း​ဘတ်​ငွေ ၁၂၀၀၀ ​ပေး​ဆောင်ရြပီး​ လမ်း​ခရီး​မှာပဲ ​ရောင်း​စား​ခံရပုံကို ခုလို ရှင်း​ပြပါတယ်။

“ဘန်​ကောက်မှာ ကျ​နော့်​ သား​တွေက​နြေပီး​တော့​ ဒီမှာအလုပ်အကိုင် အဆင်​ပြေတယ်ဆိုလို့​ ကျ​နော်ကလည်း​ ဘန်​ကောက်တို့​ တက်လာ မိတဲ့​ အချိန်။ မဟာချိုင်​ရောက်ခါမှ ပွဲစား​ကို ပိုက်ဆံ ၁ ​သောင်း​ ​ပေး​ပြီး​တော့​၊​ ပွဲစား​က​နေ ချွန်ပူရီ ​လှေထဲကို ​ရောင်း​စား​လိုက်​တော့​တာပဲ ခင်ဗျ။ မဲ​ဆောက်က​နြေပီး​တော့​ လာတာ။ ​အောက်ပွဲစား​ကိုက ၂၅၀၀၊​ အထက်ပွဲကိုက အခု စုစု​ပေါင်း​ ၁၂၅၀၀။ သူတို့​ ​ရောင်း​သွား​ပြီး​ ပြန်မှ ကျ​နော် ​ရေ​တွေကို မြင်လို့​ ​လှေ​ပေါ် ​ရောင်း​စား​ပြီဆိုတာ သိရပါတယ်ခင်ဗျ။ ကျ​နော်တို့​ ၄ ​ယောက်စလုံး​ ​ရောင်း​စား​ခံရပါတယ်။”

လှေ​ပေါ်မှာလည်း​ အလုပ်ရှင်က အိပ်ချိန်မရှိ​အောင်ခိုင်း​ပြီး​ လစာလည်း​ မ​ပေး​သလို အလုပ်ပြီး​တာနဲ့​ အခန်း​မှာပဲ ထား​တယ်လို့​လည်း​ ဦး​မောင်​ကျော်က ​ပြောပါတယ်။

ပြန်လွတ်လာတဲ့​ မြန်မာအလုပ်သမား​တွေကို ထပ်မံစစ်​ဆေး​ပြီး​ မြန်မာနိုင်ငံ ပြန်ပို့​မှာဖြစ်ပြီး​ ​ရောင်း​စား​သူ​တွေနဲ့​ စက်​လှေပိုင်ရှင်ကို​တော့​ ဖမ်း​ဆီး​ထား​ပြီး​ တရား​စွဲဖို့​စီစဉ်​နေတယ်လို့​ သိရပါတယ်။

အလုပ်သမား​တွေဟာ တဦး​ကို ဘတ်​ငွေ ၂၂,၀၀၀ နဲ့​ ​ရောင်း​စား​ခံရတာလို့​ သိရပါတယ်။

No comments: