Monday, April 2, 2012

အမှတ် ၃ မဲဆန္ဒနယ် မဲရုံဖွင့်ချိန်အခြေအနေ

သျှမ်းသံတော်ဆင့်

ယနေ့ ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သျှမ်းပြည်တောင်ပိုင်း ကလောမဲဆန္ဒနယ်နှင့် သျှမ်းပြည် မြောက်ပိုင်း အ မှတ် ၃ မဲဆန္ဒနယ်မှ မဲပေးသည့်အခြေအနေများကို လက်လှမ်းမှီသလောက် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

လားရှိုး

မဲရုံစဖွင့်သည်နှင့် တရုတ်အမျိုးသားများသာ နိုးကြားတက်ကြွမဲသွားပေးကြ။ ၎င်းတို့၏ နိုင်ငံသားစီစစ်ရေး ကဒ်ပြားမှာ မြန်မာ တိုင်းရင်း သား ဟု ရေးထားသဖြင့် ကြံ့ခိုင်ရေးပါတီကိုမဲထည့်ပေးကြမည်ဟု ဒေသခံပါတီများပြော။ တရုတ်အမျိုးသား များ အသိုင်း အဝိုင်း၌လည်း ဗမာတိုင်းရင်းသားများအသင်း ဖွဲ့စည်းထား သည်ကိုတွေ့ရ။ မဲရုံ မှာ သွားရလာရလွယ်။ မဲပေးရသည်မှာ လွတ်လပ်မှုရှိ။ စောင့်ကြည့် လေ့လာသူများအနေဖြင့်လည်း လွတ်လပ်စွာ ဝင်ထွက်လေ့လာနိုင်။ အမည် စာရင်း မပါသည့် သူလည်းများပြား။ မိမိနာမည်မပါသူများ မဲရုံမှူး၊ နယ်မြေမှူများထံသွားရောက်မေးမြန်း။ မတ်ခ်ျလ ၂၄ ရက်ကတည်းက နာမည်စာရင်းထုတ်ထားသဖြင့် ပြင်ဆင်လို့မရတော့ဟုပြော။ အောက်ပြည်ဘက်တွင်မူ ယမန်နေ့အထိ မဲစာရင်းတိုးခွင့်ပေးထားသည်ဟုဆို။

လားရှိုး-နမ့်ပေါင်

လားရှိုးမြို့အရှေ့တောင်ဖက် ၂၆ မိုင်ခန့်အကွာရှိ နမ့်ပေါင်တွင်မူ ယနေ့နံနက် ၆ နာရီခွဲလောက်မှ မဲရုံဖွင့်လှစ်ခဲ့ရ။ မဲရုံလုံခြုံ ရေးအတွက် ရဲ တပ်အဖွဲ့အသုံးမပြု၊ ပြည်သူ့စစ်သာလုံခြုံရေးအဖြစ်ချထား။ ယမန်နေ့ ကတည်းက နမ့်ပေါင်ကျေးရွာ အုပ်စု ဥက္ကဌ ဦးလှဖေက မဲနံပတ် စလစ်ပြားလာယူကြဖို့ ရွာသားတွေကို ဆင့်ခေါ်။ တကယ် တမ်းလာယူတော့ တပြားကျပ် ၅၀၀ တောင်း။ ဘာကြောင့် ပိုက်ဆံကောက် ရ သည်ကိုလည်းရှင်းမပြ။ မိသားစုမှာမဲပေးပိုင်ခွင့် ၄-၅ ယောက်ရှိသူတွေအတွက် အခက်အခဲဖြစ်။ ကျားဖြူပါတီဝင်နှင့် မျိုးချစ် သျှမ်းလူငယ် တချို့ မြို့နယ်ကော်မရှင်ဆီ သွားရောက်အကြောင်းကြားမှ ယနေ့မနက် အချို့တဝက်ကို ပိုက်ဆံပြန်ပေး။ နာမည်စာရင်း မပါတဲ့လူတွေ အများအပြားရှိ။

သိန္နီ

၂၀၁၀ က မဲစာရင်းအပြင် ယခုနှစ် ၅၉၀ ယောက် မဲစာရင်းတိုးလာ။ သျှမ်းလူမျိုးနာမည် တယောက်မှမပါသည်မှာ အထူး သံသယ ဖြစ်ဖွယ် ရှိ။ ယခုချိန်အထိ မဲပေးသူများ အေးချမ်းအဆင်ပြေစွာမဲပေးနိုင်။ လုံခြုံရေး ကောင်းမွန်။

တန့်ယန်း

မဲရုံစဖွင့်ကတည်းက NLD နှင့် USDP အင်အားများပြား။ ကျေးလက်ဒေသများ၌ ကျားဖြူပါတီမှ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးရေးဆင်း ထားသော်လည်း မဲပေးပိုင်ခွင့်အမည်စာရင်း ပြဿနာကြောင့် မဲလာပေးသည့် ကျားဖြူပါတီ၏ အင်အား အားရဖွယ်မရှ်ိသေး။

မိုင်းရယ်

မဲရုံလုံခြုံရေးအတွက် ပြည်သူ့စစ်များစောင့်ကြပ်။ တန့်ယန်းမှာကဲ့သို့ NLD နှင့် USDP အင်အားများပြား။ မူဆယ်၊နမ့်ခမ်းမှ ကျားဖြူ ပါတီ ဝင်များလည်း လာရောက်ကူညီစောင့်ကြည့်ပေးသည်ကိုတွေ့ရ။

No comments: