Wednesday, April 18, 2012

ဒေါ်​အောင်ဆန်း​စုကြည် ပြည်ပခရီး​ စတင်မည်

အေး​နိုင်

အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာဥ​ရော ပ နိုင်ငံ​တွေကို မြကာခင် လပိုင်း​အတွင်း​ ခရီး​ထွက်ဖို့​ ရှိပြီး​ သူ့​ရဲ့​ ပထမ ဆုံး​ခရီး​စဉ်ဟာ ​နော်​ဝေနိုင်ငံဖြစ်ဖို့​ များ​ တယ် လို့​ ပါတီနာယက ဦး​တင်ဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

“သူခါတိုင်း​ပြော​နေကျက​တော့​ သူ့​ကို ငြိမ်း​ချမ်း​ရေး​ဆု​ပေး​တဲ့​ ​နော်​ဝေနိုင်ငံ ကို ပထမဆုံး​သွား​မယ် ဒီလိုပဲ ​ပြောသံကြား​တာပဲ။ ပြီး​တော့​ ​နော်​ဝေနိုင်ငံမှာလည်း​ပဲ သူတို့​ ​အော်စလိုမြို့​မှာ အမျိုး​သား​ကွန်ဗင်း​ရှင်း​လို ကြီး​ကျယ်တဲ့​ ဖိုရမ်ကြီး​ တခုရှိတယ်ဆိုတာ အဲဒီဖို ရမ်နဲ့​တိုင်ဆိုင်​နေတဲ့​အတွက်​ကြောင့်​မို့​လို့​ ဖိတ်တယ်တဲ့​။ သူ​ပြောတာပဲ​လေ၊​ ကျ​နော်တို့​ ဒီ​နေ့​ ထိုင်စကား​ပြော​တော့​ ။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဗြိတိန်နိုင်ငံအပါအဝင် တြခား​ ဥ​ရောပ နိုင်ငံတချို့​ကို သွား​ရောက်ဖွယ် ရှိတယ် လို့​လည်း​ ဦး​တင်ဦး​က ဆက်​ပြော ပါ တယ်။

“ဒီတစ်ခါထွက်ရင်​တော့​ သူ​ပြောတဲ့​စကား​အတိုင်း​က​တော့​ သူက ၁ ပတ်၊​ ၂ ပတ်​လောက် နိုင်ငံခြား​မှာလုပ်လိုက်။ ဒီမှာပြန်ပြီး​တော့​ အလုပ် လုပ်လိုက်- ပြီး​တော့​ ​တော်​တော်​လေး​အသား​ကျသွား​လို့​ရှိရင် ပြန် ထွက်လိုက်။ အဲသလိုသွား​မယ်လို့​ နား​လည်တယ်။ ဒီတ​ခေါက်မှာ ​နော်​ဝေတို့​ဘာတို့​သွား​ရင်း​နဲ့​ စကင်ဒီ​နေး​ဗီး​ယန်း​တိုင်း​ပြည်​တွေလည်း​ သူ​ရောက်မလား​မသိဘူး​။ အဂင်္လန်ဘက်ကို​တော့​ ​ရောက်မယ်လို့​ ကျ​နော်ထင်တယ်။ အဂင်္လန်က ​အောက်စဖို့​မှာလည်း​ သူရဲ့​ ဘွဲ့​လေ။ မာစတာတခု​ရေး​ထား​တာ။ အဲဒါနဲ့​ပတ်သက်တဲ့​ ဘွဲ့​ ။ အဲဒါယူဖို့​ရှိတယ်။ အဲဒါကလည်း​ သူတို့​ထုံး​စံအတိုင်း​ ကိုယ်တိုင်လာမှ ​ပေး​တယ်ဆိုတဲ့​ ​ဒေါက်တာဘွဲ့​ပေါ့​နော်။ အဲဒါအတွက်ကလည်း​ သူကိုယ်တိုင်ယူမယ်လို့​လည်း​ ​ပြောသံကြား​တယ်။”

တကယ်လို့​ ခရီး​ထွက်ဖြစ်မယ်ဆိုရင် ဒီခရီး​စဉ်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်အတွက် နှစ်​ပေါင်း​ ၂၀ ​ကျော်အတွင်း​ ပထမဆုံး​ မြန်မာ နိုင်ငံ ပြင်ပ ကို သွား​ရောက်တဲ့​ခရီး​စဉ် ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အရာရှိ ဦး​ခွန်သာမြင့်​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြီး​ခဲ့​တဲ့​ သီတင်း​ပတ်အတွင်း​က နိုင်ငံကူး​လက်မှတ် စတင်​လျှောက် ထား​ခဲ့​တယ်လို့​ပြောပါတယ်။

“ပတ်စ်ပို့​က ၁၂ ရက်​နေ့​ကမှ လာပြီး​တော့​ ဓာတ်ပုံရိုက်ပါတယ်။ ​နောက်ပြီး​တော့​ ဆိုင်း​ ထိုး​ပြီး​တော့​ ပုံစံ​ဖောင် ယူသွား​တာ (၁၂) ရက်​နေ့​ကမှ။ အခုမှ (၆) ရက် ရှိပါ​သေး​တာ​ပေါ့​။ အဆင်​ပြေမှာပါ။ ၃ ပတ်ကြာပါလိမ့်​မယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြည်ပခရီး​စဉ်သတင်း​ဟာ ကမ္ဘာ့​မီဒီယာ​တွေမှာလည်း​ ထိပ်တန်း​သတင်း​အြဖစ် ​ဖော်ပြ​နြေကပါတယ်။

လွန်ခဲ့​တဲ့​သီတင်း​ပတ်တုန်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ကိုယ်တိုင်​တွေ့​ဆုံခဲ့​တဲ့​ ဗြိတိန်ဝန်ကြီး​ချုပ်ကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဇွန်လကျရင် ဗြိတိန်လာလည်ဖို့​ ဖိတ်ကြား​ခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပညာသင်ကြား​ရင်း​ ပြည်ပမှာ အ​ခြေချ​နေထိုင်ရာက မိခင် ​ဒေါ်ခင်ကြည် မကျန်း​မာတာကို ပြန်လည်​စောင့်​ရှောက်ရင်း​ ၁၉၈၈ ခုနှစ်မှာ သမိုင်း​ဝင် လူထုအ​ရေး​တော်ပုံနဲ့​ ကြုံ​တွေ့​ကာ နိုင်ငံ​ရေး​လောကထဲ ​ခြေစုံပစ်ဝင်ခဲ့​ပြီး​ မြန်မာပြည်တွင်း​မှာပဲ ​နေထိုင်ခဲ့​တာ ဖြစ်ပါတယ်။

No comments: