Thursday, April 5, 2012

နိုင်ငံပြောင်းလဲမှုစနစ်မှာ မြ၀တီမြို့ရဲ့ အနေအထားကို ပြောင်းလဲပေးဖို့လည်း လိုချင်ပါတယ်ဆိုတဲ့

မြ၀တီ ပြည်သူတစ်ဦးရဲ့ ရင်ဖွင့်သံ

မြ၀တီမြို့အထွက် သံတံကားဂိတ်ကနေ သောင်ရင်းမြစ်အပေါ်ပိုင်း သုညဂိတ်အထိ ဂိတ်အားလုံး ၉ဂိတ်လောက်တော့ ရှိမယ်။ အဲဒီမှာ ဘီ ဂျီအက် တပ်ရင်း (၁၀၂၂) တပ်ရင်းမှူး ဗိုလ်မုတ်သုန်က အဲဒီဂိတ်တွေကို သူ့နာမည်နဲ့ လေလံဆွဲလိုက်တယ်။ တစ်နှစ်စာကို သိန်း ၃၆၀ ပေး ပြီး သိမ်းလိုက်တော့ အခုအဲဒီဂိတ်တွေမှာ လက်လုပ်လက်စားသမား လေးတွေ ဖြစ်တဲ့ ကုန်ထမ်းသမားတွေ၊ ကုန်သည်တွေ၊ လှေ သ မားတွေအတွက်တော့ အခက်အခဲရှိတယ်။

ဆိပ်ကမ်းကြေးတွေ၊ လှေခွန်တွေပေးရတယ်။ အရင်ကတော့ မပေးရဘူးပေါ့။ အမှန်တော့ မြ၀တီမှာ ထိုင်းနဲ့မြန်မာ ချစ်ကြည်ရေး တံတား တစ် ခုပဲရှိတယ်။ ကျန်တာ သူတို့ ခိုးဂိတ်တွေကြီးပဲ။ ဒီခိုးဂိတ်တွေ လေလံပေးတယ်ဆိုတော့ နိုင်ငံတော်က ခိုးဂိတ်တွေကို အသိ အမှတ်ပြု တဲ့သဘောလား။

ပြီးတော့ နယ်ခြားစောင့်တပ်တွေဟာ အစိုးရလစာ စားတဲ့တပ်တွေဖြစ်တယ်။ နိုင်ငံတော်ကနေပြီးတော့ ချမှတ်ထားတဲ့ လာဒ်ပေး လာဒ်ယူ မှု၊ ၀န်ထမ်းအကျင့်ပျက် လာဒ်စားမှုတွေ ပပျောက်အောင် လုပ်ပေးမယ်ဆိုပြီးတော့ အခု နယ်ခြားစောင့် တပ်၊ အစိုးရ လစာစားတဲ့ သံတံ တားမှာ နေတဲ့အဖွဲ့တွေက တော်တော်ဆိုးတယ်။ အကောက်အခွန် ကောက်တာ တော်တော်ကြမ်းတယ်။ ဆိုင်ကယ်တစ်စီးကို ၅၀၀၊ ၁၀၀၀ကျပ် ကောက်တယ်။

ဟိုင်းလတ်ကားလေးတွေဆို ၂၀၀၀၊ ၃၀၀၀ကျပ် လောက်ကောက်တယ်။ ၆ဘီးကားတွေဆို ၃၀၀၀မှ ၄၀၀၀ကျပ်လောက် ကောက်တယ်။ ၁၂ဘီးကားဆိုရင် ၄၀၀၀၊ ၅၀၀၀ကျပ်လောက်ကောက်တယ်။ နိုင်ငံတော် သမ္မတက ချမှတ်ထားတဲ့ လာဘ်ပေးလာဘ်ယူမှု အကျင့်ပျက် ချ စားမှု တိုက်ဖျက်ရေးက အခုအခြေအနေနဲ့ မပတ်သက်ဘူးလား။ ဒါမှမဟုတ် အဲဒီ တိုက်ဖျက်ရေး အစီအစဉ်က ထိရောက်မှု မရှိလို့လား။

ကျနော် ပြောချင်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်နေပြီ၊ ငြိမ်းချမ်းရေးအဖွဲ့တွေလည်း လက်မှတ်တွေ ရေးထိုးကြတယ်။ အခုလို အပစ်အခတ်ရပ်ဆိုင်းရေးတွေအတွက် လုပ်ဆောင်နေချိန်အတွင်း ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ကစပြီး အပစ်အခတ်မရှိဘဲ လုံခြုံ ရေး ကို အကြောင်းပြပြီးတော့ ဂိတ်တွေချထား ပြည်သူလူထုတွေဆီက အကောက်အ ခွန်တွေ ဆက်ကောက်နေမယ်ဆိုရင်တော့ မြန်မာ နိုင်ငံမှာ ထူထောင်တဲ့ ဒီမိုကရေစီစနစ်ကြီးက မြ၀တီမြို့နဲ့ မဆိုင် ဘူးလား။ မပတ်သက်ဘူးလား။ မြ၀တီမြို့ကြီးမှာ ယနေ့အထိ ဒီမိုကရေ စီဆိုတဲ့အနံ့အရသာမရှိသေးဘူး။ ခါတိုင်းလိုပဲ သေနတ်တွေ၊ ကျည်တွေအောက်မှာပဲ ပြားပြားဝပ်အောင် နေနေရတဲ့ဘ၀၊ စစ်တပ်ရဲ့ အာ ဏာစေခိုင်းတဲ့အောက်မှာ နေနေရတဲ့ အခြေအနေပဲရှိနေသေးတယ်။ ဒါကြောင့် နိုင်ငံပြောင်းလဲမှုစနစ်မှာ မြ၀တီမြို့အနေအထားကိုလည်း ပြောင်းလဲပေးဖို့ လိုချင်ပါတယ်။

No comments: