Tuesday, April 10, 2012

အနိုင်ရ အန်အယ်လ်ဒီ ကိုယ်စား​ လှယ်များ​ ၂၃ ရက်​နေ့​ အစည်း​အ​ဝေး​ စတက်မည်

အံ့ဘုန်းမြတ်

ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအနိုင်ရ အ မျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်​တွေ ဧပြီ ၂၃ ရက်​နေ့​ ပြန်လည်စတင်မယ့်​ လွှတ်​တော် အစည်း​အ​ဝေး​ကို စတင်တက်​ရောက်​တော့​မှာပါ။

ဧပြီ ၉ ရက်​နေ့​မနက်က ပြည်သူ့​လွှတ်​တော်ရုံး​က ကြား​ဖြတ် ​ရွေး​ကောက်ပွဲအနိုင်ရ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ၃၇ ဦး​ကို ဧပြီ ၂၂ ရက်​နေ့​ အ​ရောက်လာဖို့​ ဆင့်​ခေါ်လိုက်တာလို့​ အန်အယ်လ်ဒီ ပါတီ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

“ပြည်သူ့​လွှတ်​တော်ရုံး​က ညွှန်မှူး​ ဦး​ခင်​မောင်ဦး​က ဒီ​နေ့​မနက် ၁၀ နာ ရီခွဲမှာ အ​ကြောင်း​ကြား​ပါတယ်။ ၂၂ ရက်​နေ့​အ​ရောက်လာဖို့​နဲ့​ ၂၃ ရက်​နေ့​ အစည်း​အ​ဝေး​ တက်ဖို့​ အ​ကြောင်း​ကြား​ပါတယ်။ ၂၂ ရက်​နေ့​မှာ​တော့​ အုပ်ချုပ်​ရေး​ကိစ္စအတွက် အသိအမှတ်ပြုလွှာ​ပေး​တာတို့​၊​ လုံခြုံ​ရေး​ကတ်ပြား​ပေး​တာတို့​တွေလုပ်မှာပါ။ သူတို့​က ဓာတ်ပုံ​တွေ ၂ မျိုး​ ယူလာဖို့​ ဒါ​တွေ​တော့​ ​ပြောရတာ​ပေါ့​။ သီး​ခြား​ညွှန်ကြား​တာ မရှိ ပါဘူး​။”

အန်အယ်လ်ဒီပါတီ ဗဟိုဌာနချုပ်အ​နေနဲ့​ လာမယ့်​ ဧပြီ ၁၉ နဲ့​ ၂၀ ရက်​နေ့​မှာ လွှတ်​တော် အစည်း​အ​ဝေး​ တက်​ရောက်မယ့်​ ကိုယ်စား​လှယ် အား​လုံး​နဲ့​ လွှတ်​တော်အတွက် ပြင်ဆင်ဖွယ်ရှိတာ​တွေကို အလုပ်ရုံ​ဆွေး​နွေး​ပွဲ ပြုလုပ်ဖို့​ ရှိပြီး​ လွှတ်​တော်တွင်း​လွှတ်​တော်ပြင်ပ ဆောင်ရွက် ရမယ့်​ကိစ္စ​တွေအတွက် ရုံး​အဖွဲ့​ ဖွဲ့​စည်း​ရေး​တွေကိုပါ ​ဆွေး​နွေး​ပွဲအတွင်း​ ဆုံး​ဖြတ်ကြမှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီက ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ဒီတြကိမ် လွှတ်​တော်အစည်း​အ​ဝေး​မှာ မူ​ဘောင်​တွေနဲ့​ ​ဆောင်ရွက်​နေတဲ့​ လုပ်ငန်း​စဉ်​တွေကို ပထမအဆင့်​အ​နေနဲ့​ ​လေ့​လာမယ်လို့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီ လှည်း​ကူး​မြို့​နယ် ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ဖြိုး​မင်း​သိန်း​က ဆိုပါတယ်။

“ဒီလွှတ်​တော်အစည်း​အ​ဝေး​က ပထမလွှတ်​တော် ကျင်း​ပ​နေတဲ့​ လွှတ်​တော်ရဲ့​ အဆက်အစည်း​အ​ဝေး​ ဖြစ်တဲ့​အတွက် ဒီလွှတ်​တော်အစည်း​အ​ဝေး​မှာ​တော့​ လွှတ်​တော်ကို ​လေ့​လာရုံ၊​ လွှတ်​တော်အတွင်း​မှာ ​ဆောင်ရွက်​နေတဲ့​ မူ​ဘောင်​တွေနဲ့​ ​ဆောင်ရွက်​နေမှု ပုံသဏ္ဌာန်​တွေကို ​လေ့​လာရုံ ပထမအဆင့်​တခု လုပ်နိုင်လိမ့်​မယ်လို့​ ထင်တယ်။ ၁၉ – ၂၀ ​တွေ့​ဆုံတဲ့​အ​ခြေအ​နေမှာလည်း​ လာမယ့်​လွှတ်​တော်အတွင်း​မှာ ဘယ်လို​တွေ ​ဆောင်ရွက်သွား​ကြမယ်ဆိုတာ​တွေ ညှိနှိုင်း​မှု​တွေ လုပ်နိုင်မယ်လို့​ ကျ​နော် ထင်ပါတယ်။”

အန်အယ်လ်ဒီပါတီက လွှတ်​တော်ကိုယ်စား​လှယ်​တွေအြပင် အြခား​ပါတီ​တွေက အနိုင်ရ ကိုယ်စား​လှယ်​တွေအ​နေနဲ့​ လွှတ်​တော်လုပ်ထုံး​လုပ်နည်း​ ဥပ​ဒေ​တွေနဲ့​အညီ တိုင်း​ပြည်နဲ့​ ပြည်သူ့​လူထုအကျိုး​တွေကို ​ဆောင်ရွက်နိုင်ကြဖို့​ကလည်း​ အ​ရေး​ကြီး​တယ်လို့​ ၂၀၁၀ ​ရွေး​ကောက်ပွဲ အနိုင်ရ သဃင်္န်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

“လွှတ်​တော် ဥပ​ဒေ၊​ နည်း​ ဥပ​ဒေ​ တွေကို ​လေ့​လာထား​ဖို့​ လိုအပ် ပါတယ်။ ဒီ ဥပ​ ဒေ​တွေ၊​ နည်း​ဥပ​ဒေ​ တွေကိုင် ပြီး​တော့​ ကိုယ့်​ ပါတီက ချမှတ် ထား​တဲ့​ ဒါမှမဟုတ် ကိုယ့်​မဲ ဆန္ဒနယ် အတွက် ကိုယ်လုပ် ချင်တဲ့​ ​ဆောင် ရွက်ဖို့​ ကြိုတင် ပြင်ဆင် ထား​သင့်​ တယ်။”

အန်အယ်လ်ဒီပါတီ ကိုယ်စား​လှယ်​တွေအ​နေနဲ့​က​တော့​ လွှတ်​တော်တွင်း​မှာ အ​ကောင်း​ဆုံး​ အ​ပြောင်း​အလဲ​တွေဖြစ်ဖို့​ ​ဆောင်ရွက်သွား​မယ်လို့​လည်း​ ဦး​ဖြိုး​မင်း​သိန်း​က ဆိုပါတယ်။

“​ရွေး​ကောက်ပွဲ​ကြေညာစာတမ်း​မှာလည်း​ ​ဖော်ပြထား​ပြီး​ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကတိုင်း​ပြည်အတွက်အကျိုး​ရှိမယ် ဆိုရင် ပုဂ္ဂိုလ်စွဲ၊​ ဝါဒစွဲ၊​ ပါတီစွဲမရှိဘဲနဲ့​ တိုင်း​ပြည်အကျိုး​ကို ​ရှေး​ရှုပြီး​ ပူး​ပေါင်း​ဆောင်ရွက်မယ်ဆိုတဲ့​ သ​ဘောထား​မျိုး​ ထုတ်ပြန်ထား​ပြီး​ ဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​ လွှတ်​တော်အတွင်း​မှာ ဒီမိုက​ရေစီအင်အား​စု​တွေနဲ့​ ဒီမိုက​ရေစီအ​ရေး​ကို ​ရှေး​ရှုတဲ့​ ​ဆောင်ရွက်မှု​တွေ အား​လုံး​အ​ပေါ်မှာ ပူး​ပေါင်း​ဆောင်ရွက်နိုင်ပါတယ်။ လွှတ်​တော်အတွင်း​မှာ အ​ကောင်း​ဆုံး​အ​ပြောင်း​အလဲ ဖြစ်​ရေး​အတွက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က အြမဲတမ်း​ ​ရှေး​ရှု​ဆောင်ရွက်သွား​မှာပါ။”

လွှတ်​တော်အတွင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​နေနဲ့​ ဘယ်​လောက်အထိ ပြုပြင်​ပြောင်း​လဲ​ရေး​တွေကို လက်​တွေ့​ လုပ်​ဆောင်နိုင် မလဲဆိုတဲ့​အ​ပေါ် အကဲဖြတ်သွား​ရမယ်လို့​လည်း​ ဦသိန်း​ညွန့်​က ဆိုပါ တယ်။

“လွှတ်​တော်အတွင်း​မှာ လက်​တွေ့​ ​ဆောင်ရွက်ရင်း​နဲ့​ အကဲဖြတ်ရမှာ​ပေါ့​။ မြန်မာပြည် နိုင်ငံ​ရေး​က လွတ်လပ်​ရေး​ရြပီး​ကတည်း​က ဒီ​နေ့​အချိန်ထိ တိုင်း​ပြည်မျက်နှာ၊​ လူထုမျက်နှာထက် ဂိုဏ်း​ဂဏကို အ​တော် အ​လေး​ထား​ကြတာကိုး​။ တိုင်း​ပြည်နဲ့​ လူမျိုး​အတွက် တူတာ​တွေ တွဲလုပ်ကြမယ်။ မတူတာ​တွေ ခွဲလုပ်တဲ့​အခါမှာလည်း​ သည်း​ခံနား​လည်မှု ရှိတယ်ဆိုရင်​တော့​ ကျ​နော်တို့​နိုင်ငံရဲ့​ ဒီမိုက​ရေစီကူး​ပြောင်း​မှုမှာ ပိုပြီး​တော့​ ထိ​ရောက်လာမှာ​ပေါ့​။”

ဒီအ​ခြေအ​နေအ​ပေါ်မှာ အန်အယ်လ်ဒီပါတီအ​နေနဲ့​ လွှတ်​တော်တွင်း​ ​ရောက်နှင့်​ပြီး​သား​ ဒီမိုကရက်တစ်အင်အား​စု ကိုယ်စား​လှယ်​တွေအြပင် တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေနဲ့​ ပူး​ပေါင်း​ပြီး​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်နိုင်​ရေး​တွေကို ​ဆောင်ရွက်သွား​မှာလို့​လည်း​ ဦး​ဖြိုး​မင်း​သိန်း​က ဆိုပါတယ်။

“တပ်မ​တော်သား​ လွှတ်​တော်ကိုယ်စား​လှယ်​တွေမှ မဟုတ်ပါဘူး​။ လွှတ်​တော်ကိုယ်စား​လှယ်​တွေ အား​လုံး​နဲ့​ အမျိုး​သား​ပြန်လည် သင့်​မြတ်​ရေး​ လုပ်ငန်း​စဉ်​တွေမှာ ဒီမိုက​ရေစီကို အာမခံတဲ့​၊​ လူ့​အခွင့်​အ​ရေး​ကို အာမခံတဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံ ဥပ​ဒေကို တပ်မ​တော်သား​တွေက​နေ ကာကွယ် ​စောင့်​ရှောက်သင့်​တယ်ဆိုတဲ့​ အ​ခြေအ​နေ လမ်း​ကြောင်း​ပေါ်က​နေ တပ်မ​တော်သား​တွေ အ​ပေါ်မှာ အြမဲတမ်း​ လွှတ်​တော်အ တွင်း​မှာပဲ ဖြစ်ဖြစ်၊​ လွှတ်​တော်ပြင်ပမှာပဲဖြစ်ဖြစ်၊​ စည်း​ရုံး​ဆောင်ရွက်မှာပါ။ ဘာ​ကြောင့်​လဲဆို​တော့​ တပ်မ​တော်ဟာ ဒီမိုက​ရေစီ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ကာကွယ်ခြင်း​ဖြင့်​ အမျိုး​သား​ရေး​ အခန်း​ကဏ္ဍမှာ ရပ်တည်သင့်​တယ်ဆိုတဲ့​ လမ်း​ကြောင်း​ကို ​ဆွေး​နွေး​ဖို့​ အစီအစဉ် ရှိပါတယ်။”

ဧပြီ ၂၃ ရက်​နေ့​မှာ ပြန်လည်ကျင်း​ပြပုလုပ်မယ့်​ ပထမအြကိမ် ပြည်သူ့​လွှတ်​တော် တတိယပုံမှန်အစည်း​အ​ဝေး​ အတွင်း​မှာ​တော့​ မရပ်နား​ခင်က ​ဆွေး​နွေး​လက်စ ဥပ​ဒြေပု​ရေး​ကိစ္စ​တွေကို ဆက်လက် ​ဆွေး​နွေး​ဖို့​ ရှိပါတယ်။

No comments: