Thursday, April 5, 2012

မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှုအား​လုံး​ရပ်ရန် တရုတ်​တောင်း​ဆို

ပီတာအောင်

မြန်မာ နိုင်ငံ အ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ် အ​ရေး ​ယူထား​မှု အား​လုံး​ကို အ မြန် ဆုံး​ ပြန်ရုပ် သိမ်း​ပေး​ဖို့​ တရုတ် နိုင်ငံက ​တောင်း​ဆို လိုက်ပါတယ်။

တရုတ် နိုင်ငံ ​ဘေဂျင်း​ မြို့​မှာ ဒီက​နေ့​ ပြုလုပ်တဲ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ တရုတ် နိုင်ငံခြား​ ရေး​ဌာန ​ပြော​ရေး​ ဆိုခွင့်​ ရှိသူ ​ဟောင်း​လီက သတင်း​ထောက်​ တွေကို ​ပြောကြား​ လိုက်တာပါ။

မစ္စတာ ​ဟောင်း​လီက မြန်မာ နိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ် အ​ရေး​ ယူ ထား​တဲ့​ နိုင်ငံ​တွေ အား​လုံး​က ဒီပိတ် ဆို့​ဒဏ်ခတ် မှု​တွေ အား​လုံး​ကို အြပည့်​ အဝ မြန်နိုင် သမျှ အြမန်ဆုံး​ ပြန်ရုပ် သိမ်း​ပေး​ဖို့​ ​တောင်း​ဆိုပါ တယ်။ ပြန်လည် ရုပ်သိမ်း​တဲ့​ နိုင်ငံ​တွေကို တရုတ် နိုင်ငံက ကြိုဆိုမှာ ဖြစ်ပါ တယ်လို့​ ​ပြောပါတယ်။

ဒါ့​ပြင် မြန်မာ နိုင်ငံမှာ ကျင်း​ပ ခဲ့​တဲ့​ ကြား​ဖြတ်​ ရွေး​ကောက် ပွဲဟာ မြန်မာ နိုင်ငံရဲ့​ နိုင်ငံ​ရေး​ သင့်​မြတ်​ရေး​ ဖြစ်စဉ်နဲ့​ တည်ငြိမ် ဖွံ့​ဖြိုး​ ရေး​ဆီ တွန်း​အား​ ပေး​တဲ့​ အရာ ဖြစ်ဖို့​ ​မျှော်လင့်​ ထား​တယ် လို့​လည်း​ ​ပြော ကြား ​ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ဧပြီ ၁ ရက် ကြား​ဖြတ်​ ရွေး​ကောက်ပွဲမှာ အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ်က အနိုင်ရ သွား​တာနဲ့​ ပတ်သက်ပြီး​ ထည့်​သွင်း​ ​ပြောဆို ခဲ့​ခြင်း​ မရှိပါဘူး​။

တရုတ် နိုင်ငံဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲ ကြံ့​ခိုင်​ရေး ​နဲ့​ဖွံ့​ဖြိုး​ရေး ​ပါတီ အနိုင်ရ စဉ်က ဂုဏ်ယူ ဝမ်း​မြောက်​ကြောင်း​ ထုတ်​ဖော်​ ပြောဆို ခဲ့​သလို ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ ဒီမိုက​ရေစီ အဖွဲ့​ချုပ် အနိုင် ရစဉ် ကလည်း​ ပထမဆုံး​ ဂုဏ်ပြုခဲ့​ဖူး​ပါတယ်။

အလား​တူ အာဆီယံ အ​ရှေ့​တောင် အာရှ နိုင်ငံများ​ အသင်း​ ကလည်း​ က​မ္ဘောဒီယား​ နိုင်ငံမှာ ကျင်း​ပတဲ့​ ထိပ်သီး ​အစည်း ​အ​ဝေး​မှာ မြန်မာ အ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ် မှု​တွေ ပြန်ရုပ် သိမ်း​ဖို့​ အာဆီယံ​ ခေါင်း​ဆောင်​ တွေက ​တောင်း​ဆို ထား​ပါတယ်။

အ​မေရိကန်နဲ့​ ဩစ​ဩေလျ နိုင်ငံ​ တွေက​တော့​ ပိတ်ဆို့​ ဒဏ်ခတ်မှု ​လျော့​ပေး​ မယ်လို့​ တရား​ဝင် ထုတ်​ဖော် ​ပြောဆို ထား​ပါတယ်။

No comments: