Wednesday, April 18, 2012

ကေအိုင်အေ တပ်များ လားရှိုး မြို့နယ် အရှေ့ဘက်ခြမ်းသို့ရောက်ရှိ လှုပ်ရှား

သျှမ်းသံတော်ဆင့်

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ် အင်အား ရာချီ လားရှိုးမြို့ မြောက်ဘက် ခြမ်းသို့ ရောက်ရှိ လှုပ်ရှားနေ ကြောင်း လားရှိုး ရောက် မိုင်းယော် တိုက်နယ် သားများက ပြောပါ သည်။

“ကျနော်တို့ မိုင်းယော်ရဲ့ မြောက်ဘက်ခြမ်းက ကချင်တပ်တွေ ရောက်ရှိလှုပ်ရှားတာ လနဲ့ချီပြီ။ အခု ကျနော်တို့ မိုင်းယော်ရဲ့ အနောက်ဘက်၊ အနောက်တောင်ဘက် ကနေ လားရှိုးမြို့နဲ့နီးနီးကပ်ကပ် ရောက်ရှိ လာတာက ဒီလဆန်း ပိုင်း လောက်ကထင်ပါတယ်” - ဟု မိုင်းယော် သား စိုင်းပန်း ကပြောပါသည်။

ဧပြီလဆန်းပိုင်းမှ စ၍ ကချင်လွတ်လပ်ရေးတပ်မတော်သားများ လားရှိုး - မိုင်းယော် - မိုင်းကြက် ကားလမ်း တောင် ဘက်ခြမ်းသို့ စစ် ကြောင်းသုံးကြောင်းဖြင့် ဆင်းကြောင်း၊ ပန်လျှော်ဘက်မှ မန်မတ် ဘက် သို့လည်း ကောင်း၊ မိုင်းယန်း ဘက်မှ မိုင်းဟက်ဘက် တို့လည်းကောင်း၊ မိုင်းတိမ် ဘက်မှ လားရှိုးမြို့ ကောင်းဟုန်း ဘက် သို့လည်းကောင်း စစ်ကြောင်းတကြောင်း အင်အား ရာကျော်ဖြင့် ဆင်း လာခြင်း ဖြစ် ကြောင်း ဒေသခံများပြော ပြချက်အရ သိရပါသည်။

“အမှန်တော့ လားရှိုး - မိုင်းယော် - မိုင်းကြက် ကားလမ်းမြောက်ဘက်ခြမ်းက ပြည်သူ့စစ်အဖြစ်အသွင်ပြောင်း သွားတဲ့ ကေဒီအေ တပ်ဖွဲ့ ထိန်းချုပ်တာ၊ အဲဒီလမ်းရဲ့ တောင်ဘက်ခြမ်းကတော့ သကဆဖ လို့ခေါ် တဲ့ ဗိုလ်မွန်းခေါင်း ဆောင် တဲ့ မန်ပန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့ထိန်းချုပ်တာ၊ ကချင်တပ်က ဆင်းလာတော့ ဗိုလ်မွန်းလဲ ဒုက္ခရောက်တယ်။ ဗိုလ်မွန်း အဖွဲ့ကို ဗမာတပ်ရဲ့ လက်ကိုင်ဒုတ် ၊ စိတ်မချ ရဘူး ဆိုပြီး လက်နက်ကြီး တွေနဲ့ ဝင်တိုက် တာတွေ ရှိတယ်” - ဟု မိုင်းယော် သား တူးလီကပြောပါ သည်။

ဧပြီ ၁၃ ရက်နေ့က လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု တာလုံကျေးရွာ၌ တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် တပ် ဖွဲ့အား ကေအိုင် အေက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူ့စစ် ၄ ဦး သေဆုံးသည်ဟု ဆို၏။ ထို့အတူ ဧပြီလ ၁၆ ရက် နံနက် ၂ နာရီက လားရှိုးမြို့နယ် ပန်ဟုန်းကျေးရွာနားအနီး၌ ကေအိုင်အေ နှင့် မန်ပန်ပြည် သူ့စစ် တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲကြီး ဖြစ်ပွားခဲ့သေးကြောင်း၊ ကချင်တပ်ဖွဲ့များအားတိုက်ထုတ်ရန် လားရှိုးတိုင်းမှူးက ဗိုလ်မွန်း တပ်ဖွဲ့အားညွှန်ကြားထားကြောင်း www.kawli.info ကော့လီမီဒီယာ က ရေးသားပါသည်။

No comments: