Saturday, April 14, 2012

မကွေးက ကြားဖြတ်အရှုပ်တော်ပုံ

မကွေးသား၊

”ဘယ်သူက အမှန် ဘယ်သူက တရားခံ အမှား အမှန် အဖြေညှိ စရာ မလိုတဲ့ ‘ကြားဖြတ်ရွေးကောက်ပွဲမှာမဲဆန္ဒမပြုလိုက်ရတဲ့ ပြည်သူ များ နဲ့ ကော်မရှင် လူကြီး တို့ရဲ့ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်း မှုများ …”

ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲအဖြကို အားလုံးသိရှိပြီးဖြစ်သော်လည်း မဲဆန္ဒနယ်မြေ တစ်ခုချင်းစီမှာ တွေ့ကြုံခဲ့ရသော အခက် အခဲပြဿနာတွေကတော့ ညံစီနေဆဲပါ။ တာဝန်ရှိသူတွေကလည်း မဲ ရုံမှာ တရားဝင်နှောက်ယှက်မှုနဲ့ ပြဿနာရှာချင်၊ နိုင်ငံရေး ပါတီ တွေကလည်း မဲမသမာမှုရှိတယ်ဆိုပြီး ကော်မရှင်နဲ့ မဲရုံမှူးတွေကို တိုင်ချင်၊ တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစား အား ထုတ် နေကြ ပါတယ်။

ပြည်သူကလည်း မိမိရဲ့အားနည်းမှုမရှိပါဘဲလျက် မဲစာရင်းမှာမပါလို့ ကော်မရှင်ကို အချိန်မီအကြောင်းကြားခဲ့သော်လည်းမသိကြိုးကျွံပြုမဲစာ ရင်းမှာချန်လို့ ကြိတ်မနိုင်ခဲမရ မိမိရဲ့တကယ့်ဆန္ဒအမှန် ဖော်ထုတ် ချင်ခါမှ ပျောက်ကွယ်နေရတဲ့ မဲစာရင်းကြောင့် လမ်းဘေးမှာ ငုတ်တုတ် ထိုင်ရင်း မဲပေးနေ ကြသူ တွေကို ငေးကြည့် နေခဲ့ရ တာပါ။

အဖြစ်က ဒီလိုပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးမယ့်သူစာရင်းမကျန်လစ်ရလေအောင် ရ.ယ.က တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာလဲ အုပ်ချုပ်ရေးမှူးများက ၂၀၁၀ စာ ရင်းအခြေခံလို့ မဲစာရင်းတွေ ထုတ်ပြန်ခဲ့ရတယ်။ နေထိုင်တာပြောင်း ရွှေ့ ရင်ဖြုတ်၊ နောက်တိုးကို ထပ်ပေါင်း၊ အသက် ပြည့်မှီသူ တွေတိုးပွား။ ဒီလို လုပ်ရမှာ မဟုတ်လား။

အခုတော့ ယခင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်စာရင်းမှာ မဲပါသူတွေလဲစာရင်းပျောက်။ အိမ်ထောင်ဦးစီး တစ်ယောက်လောက် သာ မဲစာရင်း ပါဝင်ပြီး တစ်အိမ် သားလုံး စာရင်း ပျောက်နေ တာ လည်း ရှိရဲ့/ မိမိ ကိုယ်တိုင် ဆယ်အိမ်မှူး၊ မဲရုံမှူး ဖြစ်နေ ရက်နဲ့ တစ်အိမ် ထောင်စုလုံး မဲမပေး ရတာလည်း ရှိရဲ့ဗျာ။

ရပ်ကွက် ကော်မရှင် ဖြေရှင်းပုံ တစ်ခုက တော့ ထူးရဲ့။ နာမည် စာရင်းက မစန်း။ မဲစာ ရင်းမှာက မစန်းစန်းဌေး ဖြစ်နေတယ်။ မှတ်ပုံတင် နံပါတ်က လည်းလွဲ။ ဒါပေမဲ့ အဖေ နာမည် အမှန်။ နေရပ် လိပ်စာ အတိ အကျ။ ဒါကို အရေး ဆိုတော့ လစ်လပ် နေရာမှာ အစားထိုးပေး စေ ခဲ့တာပါ။ တစ်ယောက်တည်း လားဆိုတော့ အခြား တစ်ယောက်ကျ အဖေ နာမည်မတူလို့ ပေးရမယ့် မဲရုံမှာ မပေး ရဘဲနောက် တိုး စာရင်းနဲ့ မဲရုံ နေရာ ပြောင်း ပေးရတယ်။ ဘာပဲ ဖြစ်ဖြစ် စာရင်း ပျောက်လို့ တစ်အိမ်လုံး တစ်မိသား စုလုံး မဲမပေး ရတာ ထက်စာရင် တော်သေး တယ်လို့ ပြောရ မှာပေါ့။

”ဒါကျမ အသိနဲ့ ကျမ လုပ်တာ။ ဘယ်ပါတီ ၀င်မှ မဟုတ်ဘူး၊ ကျမလို မဲဆန္ဒပြုချင် ရက်နဲ့ မဲမပေး ရတဲ့သူ ဘယ်နှစ် ယောက်ရှိလဲ သိ ချင်လို့ စာရင်း ပြုစု တာပါ။ (၈၊ ၉၊ ၁၀)လမ်း – (၃)လမ်းပဲ ကောက်နိုင် ပါသေး တယ်။ ကျမက ဈေးသည်ပါ။ ဈေးရောင်း ရပါဦးမယ်။ ကျမနိုင် သလောက် လုပ်တာပါ။ အခု မဲစာရင်း မှာမ ပါတာ (၃) လမ်းမှာ စာရင်း ကောက်တာ အယောက် (၇၀) ရှိသွားပြီ” ဆိုသူက ဆိုပေါ့ဗျာ။

ကျနော် လုပ်ရ မှာက မဲဆန္ဒ နယ်တွေမှာ ရသလောက် သတင်း ယူရမှာ မဟုတ်လား။ အခုတော့ ရပ်ထဲ ရွာထဲ မဲစာရင်း ပျောက်လို့ မဲမပေး ရသူ တွေနောက် လိုက်နေရ တယ်ဗျာ။ ဒါဘာ ကြောင့်လဲ။ ဘယ်အ တွက် မဲစာရင်း ကျန်တာလဲ။ ရည်ရွယ်ချက် ရှိရှိနဲ့ ချန်တာလို့ ထင်စ ရာက …

”ရာခိုင်နှုန်း ကွာဟမှု မရှိ ပါစေနဲ့၊ ဘာပဲ ဖြစ်ဖြစ် နိုင်ကို နိုင်ရမယ်။ ခင်ဗျားတို့ ကျုပ်တို့က ပါတီ ၀င်တွေ၊ ခင်ဗျား နေရာ ခင်ဗျား မြဲချင်တယ် မဟုတ်လား။ မဖြစ် ဖြစ်တဲ့ နည်းနဲ့ လုပ်လို့ ညွှန်ကြား သူကလည်း ညွှန်ကြား ထားတယ်။ ဒီတော့ မကွေး မြို့နယ် စလံရွာမှာ ဖြစ်သွား တာကျတော့ နည်းစနစ် ဥပဒေ ဘောင်တွေ အကုန် ကျော်ကုန် တယ်ဗျို့”

သူက ရွာမှာ မိုက်တကာ့မိုက်တဲ့ကလေး၊ မဲဆန္ဒမတိုင်ခင်ရက်တွေမှာ ”ငါးမင်းဆွေ”ရေးတဲ့ ဒေါ်စုမကောင်းကြောင်းဆောင်းပါးတွေ ဖြန့်ဝေတယ်။ အမတ်လောင်း ဦးမြင့်သိန်း ကိုယ်ရေးအကျဉ်းတွေဝေတော့ တားမြစ်တယ်။ နောက်ဆုံး မဲရေတွက်တော့ ပြည်ခိုင်ဖြိုးနဲ့ NLDမဲအ ရေအတွက်ချင်းညီနေတယ်။ ၂၀၉ မဲ နဲ့ ၂၀၉ မဲ။ ဘသားချော ဘာလုပ်တယ် အောက်မေ့တယ်မှတ်လဲ။ ကြိုတင်မဲ ၅၆ မဲကို ”ကျုပ်တို့ နိုင်ကိုနိုင်မှရမယ်’… တဲ့။

“ကောင်းရောဗျာ။ ကြိုတင်မဲဆိုတာက မဲရုံဖွင့်ကတည်းက ရေတွက်ရတာမဟုတ်လား။ အခုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကြီး မှာတဲ့အတိုင်း အနိုင်ရမှတဲ့ဗျို့။”

ဒီမှာတင် အစာမကြေ ဖြစ်နေကြတော့ ဒီကိစ္စကို တရားဝင်ကိုင်တွယ်ဖြေရှင်းမယ် ဖြစ်နေတာပေါ့။ တစ်ခိျု့နေရာတွေမှာ အသေး အဖွဲ ပြဿနာ လေးတွေ ရှိပေမယ့် NLD က မဲအသာ ရတော့ ငုတ်သျိုးခဲ့ တာ လဲ ရှိရဲ့။ အခု စလံ ကိစ္စ ကိုတော့ ကိုင်တွယ် ဖြေရှင်းမယ်လို့ အောင်နိုင်ရေး အဖွဲ့ဝင် တွေက တင်းတင်း မာမာ ပြောနေတာ ကြားတယ်ဗိျု့။

ကဲ … တစ်ဖက် ကလည်း မကြီးကန် ကိစ္စကို တရားစွဲ မယ်လို့ ပြင်နေ လေရဲ့။ မဲစာ ရင်းမှာ မပါလို့ လူ(၃၀၀)လောက်က မဲရုံက မပြန်ဘဲ ဖြစ်နေတာကို သွားရောက်ဖြေရှင်းရာမှာ စကားအခြေအတင် များကြ တယ် ထင်ပါတယ်။ ဒီလောက်တောင် မဲစာရင်းမှာ လိမ်ညာမှုတွေ ရှိရက်နဲ့ ပြည်ခိုင်ဖြိုး မကွေးမှာ ဘာကြောင့် ရှုံးသလဲလို့ ၀ါရင့်ပုဂ္ဂိုလ်တွေကို ချဉ်းကပ်မေးကြည့်တော့ တစ်ခွန်းတည်းပဲ ပြန်ပြောခံရပါတယ်။

”သောက်ညင်ကပ်လို့ဟေ့၊ ပြည်သူက မုန်းလို့ ” တဲ့။

သေချာလေ့လာကြည့်တော့ ပြည်သူကို စည်းရုံးရေးဆင်းရာမှာ အထက်စီးလေသံနဲ့ပြောတာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လက်ကိုင် ထား ညစ်မယ်ဆိုတာတွေ၊ ၀န်ထမ်းတွေကို ခြိမ်းခြောက် အနိုင်ယူ တာ တွေ၊ အဆိုး ဆုံးက အာဏာနဲ့ မဲရအောင် လုပ်မယ် ဆိုတာ တွေက ပြည်ခိုင်ဖြိုး အထူး သဖြင့် မြို့နယ် အုပ်ချုပ် ရေးမှူးရဲ့ ထီမ ထင်တဲ့ အပြု အမူ တွေက ပြည်သူရဲ့ မျက်မုန်း ကျိုးခြင်းကို ပိုခံရ တာပါပဲ။ ရရှိထား တဲ့ အမိန့် အာဏာနဲ့ ယာမြေ ကွက်တွေကို အပိုင်ဝယ် သိမ်းတာ ကအစ မလို အပ်ပဲ ၀န်ကြီးချုပ် အားရ စေမယ့် လုပ်ရပ် မှန်သမျှ လုပ်ဆောင် ပေးတာက ပိုဆိုး ပါတယ်။

ဝန်ကြီးချုပ် ကလည်း ဒီနေ ရာမှာ ငါဘုရင်၊ ငါထင် တာ လုပ်မယ်။ ည (၁၀) နာရီဆို ဆိုင်တွေပိတ်။ မအိပ်ရင် မှောင်ရိပ်ခိုမှု နဲ့ဆွဲထည့်။ အနောက် ဖက်ကမ်းက ”စိန်လင်း” ဆိုတဲ့ လူမိုက်နဲ့ပေါင်း (စိန်လင်း ကလည်း သူ့ကို အပိုင် ကိုင်ထားတဲ့ movie ခွေရှိ တယ်လေ – ဦးနဲ့သမီး ချစ်ရည် လူးနေတဲ့ movie ပါ)။

ပညာရေး ကောလိပ် အရှေ့ ဘက်မှာ ဧက အကျယ်ကြီး ယာပိုင် ရှင်ကို ဖိအား ပေးပြီး မရောင်း ရောင်းအောင် တစ်ဧက (၄) သိန်းနဲ့ ၀ယ်ထားတာ၊ သံပြား အပြာကြီးတွေကာ ထားတာ။ မကွေးကို ရောက်ဖူး တဲ့ သူတိုင်း တွေ့မှာပါ။ ဒါကို ကောင်းမွန် စိန်ဌေးက ပဲပိုင် လေ ဟန် လေသံတွေ ပစ်ထား တာ ကြာပါ ပြီကော။ ဘယ်သူ့ ဟာလဲ။ ဘာလုပ်မှာလဲ။ ဘာ … ဘာ … ဘာ တွေ ထပ်နေအောင် မေးရတဲ့ ခြံကြီးပါ။

တစ်ခါ စစ်ဆေးရေး စစ်တာ ဘီလျံ ၅၀ လောက် စာရင်း မပြနိုင်လို့ စိန်ဌေး (ကောင်းမွန်) အခက်တွေ့ နေတာ။ တကယ် ဖြေရှင်းလိုက် တော့ နိုင်ငံ တော်ကို သိန်းသုံးသောင်း ဒဏ်ရိုက်ခံ လိုက်တာနဲ့ ပြီးသွား တယ် ဆိုလား။ ပျင်းတောင်ပျင်းသေး တယ်ဟေ့။ သိန်းသုံးသောင်း လောက်က တော့။

လာပြန်ပြီ အခု တစ်ခါ။ တိုင်စာတွေ တစ်ပွေ့ ကြီးနဲ့။ ကံဖယ်ရင် ကံဆည် တာတောင် မရ ဘူးနော်။ အခက် တွေ့တော့ ယတြာချေ။ သူ့အိမ် ရှင်မ မြသလွန် ဘုရား အင်္ဂါေ ထာင့်မှာ တစ်ယောက် တည်း။ လုံခြုံရေး တွေချ။ ဆုတောင်းခဲ့တယ်။ ကန်သာ ကန်ကြီးကို ဘူဒိုဇာ စက်ကြီး တွေနဲ့ တစ်ကန်လုံး ရှင်းနေတာ။ ဆရာတော်တွေကတော့ သာသနာ့ ဗိမာန် အတွက် ထင်လို့ ၀မ်းသာ နေရဲ့။

အဟတ် ဟတ် ဟား … ဟား … ဘယ်ဟုတ် ပ့ါမလဲ။ ကံဆင့် တာတဲ့လေ။ သနား လိုက်ပါ ဘိ။

ကျွတ် … ကျွတ် … ကျွတ် … သူမသိ တာက ကံဆည်တယ် ဆိုတာ ကိုယ်တိုင် ကိုယ်ကျ တူး၊ ဆယ်၊ ဖို့ ရတာ။ သူ့ယတြာ ကပဲ စွမ်းလို့ လားတော့ မသိဘူး။ အဲဒါလည်း လုပ်လိုက်ရော ဒေါ်စု တစ်ယောက် မကွေး ကိုတောင် ရောက်မလာ နိုင်တော့ဘူး။

ကောင်းလိုက်တဲ့ ယတြာ အစွမ်း။ ညနေ ချမ်းမှာ ဂေါက်ကွင်း လာသမျှ ဘီယာ ချကြဟေ့ ဆိုပြီး ဒကာ ခံကာ အောင်ပွဲ ကျင်းပ တယ်တဲ့ လေ။

ကဲ … ဒီတော့ အစ တုန်းက ပြည်ခိုင်ဖြိုးကို မချစ် သော်လည်း အောင့်ကာနမ်း၊ ပိုက်ဆံ ချေးတာတွေ လမ်းဖောက်ပေးတာ တွေ၊ ရှင်ပြုပွဲ လုပ်ပေး တာတွေ (ဒါတွေ ကလည်း ပြည်သူတွေ မသိသေး တာပါ။ တကယ် တော့ ဒါတွေဟာ နိုင်ငံ တော်က ငွေတွေနဲ့ လုပ်နေ တာပါ။) ရှိစေတော့ … အားနာ ပါနာ။ ဧပြီ(၁) ရက် လည်းရောက်ရော အစိမ်း ရောင်က အနီ ရောင်ဖြစ်။ ခြစ်လိုက် ကြတဲ့ အမှန် ခွပ်ဒေါင်း ခွပ် ဒေါင်း ဖြစ် ကုန်တာ ပေါ့။

စေတနာ စကားနဲ့ သေချာပါး လိုက်ရရင် ပြည်သူကို တကယ်စေတနာထား၊ အကောင်း အဆိုးကို အကြောင်း အကျိုးနဲ့ ဆင်ခြင်၊ အမြင်မှန် သဘောပေါက်၊ စကော လောက်မှ စောက်မနက် အကြံ ပက်စက်တဲ့ ခွေးကောင် မဖြစ် စေနဲ့။ အရွေးချယ်ခံဘ၀ ဆိုတာ အသွေး အမွေး လှမှ အရေးေ ကာင်းချင်ရင် စိတ်ထား ပြောင်း ဘို့လိုမ ယ်ဆိုတာ သေချာမှတ် ထားလိုက် ပါလို့ ။ ။

No comments: