Thursday, April 5, 2012

မြန်မာပြည် ဝင်ခွင့်​ e-visa စနစ် စတင်

ရွှေအာင်

မြန်မာ နိုင်ငံကို လာ​ရောက် လည်ပတ် ကြမယ့်​ ကမ္ဘာ လှည့်​ခရီး​ သည်​တွေ အဆင်​ ပြေ​စေ ဖို့​အတွက် e-visa စနစ်ကို စတင် စမ်း​သပ်​ နြေပီး​၊​သမ္မတရဲ့​ ခွင့်​ပြုချက် ရရင် ဒီလထဲ စတင် ထုတ်​ပေး ​မှာ ဖြစ်ပါတယ်။

e-visa ​လျှောက်ထား ​ရယူ လိုသူ​တွေ အ​နေနဲ့​ myanmarevisa.gov.mm ဝက်ဘ် ဆိုဒ်ကို ဝင်​ရောက်ပြီး​၊​ ပတ်စပို့​ နံပါတ် စသြဖင့်​ အဆင့်​ ၄ ဆင့်​ပါ အချက် အလက်​ တွေကို ဖြည့်​သွင်း ​ရမှာ ဖြစ်ပါတယ်။

အဲ့​ဒီလို ဖြည့်​သွင်း ​လိုက်တာနဲ့​ ဟိုတယ်/ခရီး ​ဝန်ကြီး ​ဌာနကို အီး​မေး​လ် ဝင်​ရောက် လာမှာ ဖြစ်ပြီး​၊​ ကာယကံရှင် ဆီကို အီး​မေး​လ် ရရှိ​ကြောင်း​ အ​ကြောင်း​ ပြန်​ပေး​မှာ ဖြစ်ပါ တယ်။

ဌာနဆိုင်ရာ လုပ်ထုံး​ လုပ်နည်း​ တွေအတိုင်း​ စစ်​ဆေး​ပြီး​ ဗီဇာကို အီး​မေး​လ် က​နေပဲ ပြန်ပို့​ ပေး​မှာ ဖြစ်တယ်လို့​ ဟိုတယ်/ခရီး​ဝန်ကြီး​ဌာ နက စုံစမ်း​ သိရှိ ရပါတယ်။

အွန်လိုင်း​က​နေ e-visa ​လျှောက်ထား​ရင် ၅ ရက်​လောက်ကြာမှာ ဖြစ်ပြီး​ မြန်မာနိုင်ငံရဲ့​ အင်တာနက် မြန်နှုန်း​နဲ့​ လျှပ်စစ်မီး​ ရရှိမှု အ​ခြေအ​နေ​တွေက ဒီလုပ်ငန်း​စဉ် ​အောင်မြင်မှု ရှိ မရှိ အဆုံအြဖတ် ​ပေး​မှာ ဖြစ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ ရှင်တဦး​က မှတ်ချက်​ပေး​ ​ပြောဆို လိုက်ပါတယ်။

No comments: