Friday, April 6, 2012

HRW က သယံဇာတ ရောင်းဝယ်ရေးကို ဆက်လက် ပိတ်ပင်ထားဖို့ လိုသေးကြောင်းပြော

ရွှေဟင်္သာ

မြန်မာ စစ်ဗိုလ် ချုပ်များ ထိန်းချုပ်ထားသည့် သယံ ဇာတ ဆိုင်ရာ ကူးသန်း ရောင်းဝယ် ခွင့်ကို ဥရောပ သမဂ္ဂ အီးယူ အနေနှင့် ဆက်ပြီး ပိတ်ဆို့ ထားရန် လိုအပ် နေသေး ကြောင်း နိုင်ငံ တကာ လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ယမန် နေ့က ပြောဆို လိုက်သည်။

HRW သည်၊ ကျောက်မျက် ရတနာ၊ သစ် စသည့် ကူးသန်း ရောင်းဝယ် ရေးနှင့် သတ္တုမိုင်း တူးဖော်ရေး များအပေါ် ပိတ်ဆို့ အရေးယူ ထားမှု များကို ရုပ်သိမ်းဖို့ အချိန် မတန်ေ သးကြောင်း လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပ မည့် မြန်မာ့ အရေးမူ ၀ါဒ ဆိုင်ရာ ဆွေးနွေးပွဲ အတွက် အီးယူကို ပေးပို့သည့် အိတ်ဖွင့် ပေးစာ၌ ဖော်ပြ ထားပါ သည်။

ထို့အပြင် မြန်မာ အာဏာ ပိုင်များ အပေါ် ကန့်သတ် ထားသည့် ဥရောပ ပြည်ဝင်ခွင့် ဗီဇာကို အမည်နှင့် ပုဂ္ဂိုလ်အ လိုက် ရုပ်သိမ်း ပေးခြင်း၊ လူသားချင်း စာနာ ကူညီမှု ဆိုင်ရာများ ထောက်ပံ့ ကူညီ မှုတွင် ဆောင်ရွက် ပေးသင့် သည်ဟု HRW ၏ နယူးယောက်မြို့ ဌာန ခွဲမှ ပြောခွင့်ရ အမျိုးသမီး Elaine Pearson ကပြောပါသည်။

အစိုး ရသည် လွတ်လပ်သည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးရုံနှင့် မြန်မာ အစိုးရက နောက်ကြောင်းပြန် မလှည့် ပါဘူး ဆိုသည့် သံသ ယကို အားနည်း သွားစေသည် ဆိုသော် လည်း လူ့အခွင့် အရေးနှင့် ဒီမို ကရေစီရေး အတွက် ရှေ့ဆက် တိုးတက် သွားပါ တော့မည် ဆိုသည့် အာမ ခံချက်ကို ပေးလိုက် ရာလည်း မဟုတ် သေးဟု HRW ရဲ့ အိတ်ဖွင့် ပေးစာတွင် ဖော်ပြ ထားပါ သည်။

အထူး သဖြင့် ကချင်နှင့် ရှမ်းပြည် မြောက်ပိုင်း ဒေသများတွင် စစ်ဘေးကြောင့် ထွက်ပြေး ရသည့် ဒုက္ခ သည်များ၊ အကျဉ်းထောင် တွေထဲ၌ နိုင်ငံရေး အကျဉ်း သားများ ဆက်လက် ထိန်းသိမ်း ခံနေ ရခြင်း များ သည် လူ့အခွင့်အ ရေး ချိုးဖောက် မှုများ ရှိနေ ဆဲ ဖြစ်သည်ဟု HRW ပြောခွင့်ရ အမျိုး သမီး Elaine Pearson က ပြောသည်။

No comments: