Sunday, January 13, 2013

တိုင်းရင်းသားဒေသများတွင် ယူအန်အက်ဖ်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကွင်းဆင်း ညှိနှိုင်းမည်

နော်နိုရင်း

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ကနေ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများ ပူးပေါင်း ဆောင်ရွက်ရေးကော် မတီကနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားဒေသ တွေကို သွားရောက်မယ်လို့ ယူအန် အက်စီရဲ့ ပြော ခွင့်ရသူ ဦးခွန်ဥက္ကာက ပြောပါတယ်။

“အဲဒီခရီးစဉ်က အဓိကကတော့ ဦးအောင်မင်းနဲ့ပဲဖြစ်ဖြစ်၊ အစိုးရကိုယ်စား လှယ်ပဲဖြစ်ဖြစ် နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးပွဲမှာ အသုံးပြုမယ့် အခြေခံမူတွေ၊ ဆွေးနွေးပွဲမှာ လိုက်နာရမယ့် အခြေခံအချက်တွေ ကြိုတင်ရရှိတဲ့အနေနဲ့ တဖွဲ့ ချင်း ထောက်ခံမှုရအောင် လိုက်ညှိနှိုင်းတဲ့သ ဘောပါ။ အဲကိစ္စသွားမှာပါ။”

အဖွဲ့ဝင်တွေကို အုပ်စုလိုက်ဖွဲ့ပြီး တိုင်းရင်းသားပြည်နယ်ဒေသတွေကို အဖွဲ့ခွဲပြီး စေလွှတ်မယ် လို့ ပြောပါတယ်။

ဒီလို ကွင်းဆင်းရတာဟာ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေး ပွဲလုပ်တဲ့အခါ တဖွဲ့ချင်းမလုပ်ဘဲ ပူးပေါင်းပြီးဆွေးနွေး နိုင်ဖို့နဲ့ ဒီလို့ပူးပေါင်းဆွေးနွေးတဲ့အခါမှာ ဘယ်လို မူဘောင်နဲ့ ဆွေးနွေးမယ်ဆိုတဲ့အချက်တွေကို ကြိုတင်ညှိနှိုင်းနိုင်ဖို့ ဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကက ပြောပါတယ်။

“ဘယ်အဖွဲ့မဆို နိုင်ငံရေးဆွေးနွေးပွဲကို တဖွဲ့ချင်းမလုပ်ဘူး။ စုပေါင်းပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့အ ချက်ကို ခိုင်မာစေချင်တယ်။ စုပေါင်းပြီး ဆွေးနွေးမယ်ဆိုရင်လည်း ဘယ်လို မူဘောင်နဲ့ဆွေးနွေးမယ်ဆိုတာကို ကြိုပြီး သဘောတူထား ကြရင် တယောက်တပေါက် မဖြစ်ဘူးပေါ့။ နောက် ယူအန်အက်ဖ်စီအဖွဲ့ဝင်ဖြစ်တဲ့ ကချင်ကို လက်နက်မျိုးစုံနဲ့ ရသလောက် အသဲအသန် တိုက်ခိုက်နေတဲ့အပေါ်မှာ ဒါဟာ အဓိက ဦးစား ပေးစဉ်းစားရမယ့် ကိစ္စဖြစ်တော့ ကချင်တိုက်ပွဲရပ်ဖို့ ဦးစားပေးလုပ်နေတယ်။”

တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့် ၆ ဆင့်နဲ့ပတ်သက်ပြီး ယူအန်အက်စီအဖွဲ့ဝင်တခုဖြစ်တဲ့ ကေအန်ယူ တွဲဖက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်းက အခုလို ရှင်းပြပါတယ်။

“ပထမအဆင့်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မူပေါ့။ တွေ့ဆုံဆွေးနွေးရေးမူ ရေးဆွဲဖို့ ပထမအ ဆင့်ကတော့ လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသ မီးတွေ၊ လူငယ်တွေနဲ့ အရင်တွေ့မယ်။ ဒုတိယအဆင့်အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေထဲ ကနေပြီး အစိုးရငြိမ်းချမ်းရေးကော်မတီ နဲ့တွေ့မယ်။ တွေ့ပြီး မူဘောင်ဆွေးနွေးပြီးရင် ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးမလဲ သတ်မှတ် မယ်။ နေရာက နှစ်ဖက် လက်ခံနိုင်မယ့်နေရာပေါ့။ စတုတ္ထအ ဆင့်အနေနဲ့ အဲကိစ္စအပေါ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အစိုး ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်။ နောက် ပဉ္စမအ ဆင့်ကတော့ အစိုးရကိုယ်စားလှယ်တွေရော၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံ ရေးပါတီတွေ ပါဝင်လာပြီး အဲကနေ ပင်လုံကဲ့သို့သောညီလာခံ ပြန်ခေါ် မယ်။ ပြည်ထောင်စုသဘောတူညီချက်ရရှိမယ်။ အဲလို ပင်လုံကဲ့ သို့သောညီလာခံပြီးတာနဲ့ ဆဋ္ဌမအဆင့်မှာ အဲဒီ သဘောတူညီချက်တွေကို အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဆက်လုပ်ဆောင် ရွက် သွားမယ်။”

တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီရဲ့ ခရီးစဉ်ကို ဇန်န၀ါရီ ၁၄ ရက်နေ့ စတင်မယ်လို့ သိရပါတယ်။

No comments: