admin
သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ချင်းအမျိုး သားတပ်ဦး အကြား ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်း ပြည်နယ် ထန်တ လန်မြို့နယ် အတွင်း CNF မှ ရရှိထားသည့် နယ်မြေအတွင်း ဗဟိုဌာနချုပ် ကို Camp Victoria ဟု အမည်မှည့် ကြသည်။
ဇန္န၀ါရီလ (၀၄) ရက်နေ့မှ စတင်ကျင်းပသည့် ချင်းအမျိုးသားတပ်ဦး၏ စတုတ္တအကြိမ် ပါတီညီလာခံ သက် တမ်း၊ ဒုတိယ အကြိမ် ပါတီ ဗဟိုကော်မီတီအစည်းအဝေးတွင် ဗဟိုဌာနချုပ်အမည်နာမကို Camp Victoria ဟု ခေါ်တွင်ရန် ဆုံးဖြတ် ထားခြင်း ဖြစ်သည်။
“ အမည်နာမ (၉)ခု လောက်ထွက်လာပေမဲ့ အစည်းအဝေးတက်ရောက်သူအားလုံးနီးပါးကCamp Victoria ကို ရွေးချယ် လိုက် ကြတာ ပါ” ဟု တပ်မတော်အရာရှိ တဦးက ပြောသည်။
၂၀၀၅ ခုနှစ်အတွင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ ဖိအားကြောင့် လက်လွှတ်လိုက်ရသည့် ယခင် အိန္ဒိယ – မြန်မာနယ်စပ်ရှိ Camp Victoria စစ် စခန်းကို ပြန် လည်ခေါ်တွင်ကြခြင်းဖြစ်သည်။
ချင်းအမျိုးသားတပ်ဦးသည် ငြိမ်းချမ်းရေးရရှိအပြီး ထန်တလန်မြို့နယ် ၊ တီးတိန်မြို့နယ်များတွင် တပ်စခန်းနေရာရရှိ ထားပြီးသည့် အပြင် တီးတိန်၊ မတူပီ၊ ထန်တလန်မြို့များတွင် ဆက်ဆံရေးရုံးဖွင့်လှစ်လိုက်ကြသည်။
၁၉၈၈ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ဖွဲ့စည်းသည့် ချင်းအမျိုးသားတပ်ဦး၊ တပ်ဖွဲ့ဝင်များသည် ကေအိုင်အိုထံမှ အခြေခံစစ်ပညာကို ရယူ ပြီး ဘင်္ဂလားဒေရှ့်၊ အိန္ဒိယ – မြန်မာနယ်စပ်များတွင် ခြေကုပ်ရယူခဲ့ကြသည်။

No comments:
Post a Comment