မဇ္ဈိမ
တပ်မတော် တိုက်ခိုက်ရေးရဟတ်ယာဉ် MI.35 တစ်စင်း မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၂၀ အ ကွာ တာလောကြီးကျေးရွာအနီး ဇန်န၀ါရီ ၁၁ ရက်နေ့က ပျက်ကျရာက ဗိုလ်မှူးအဆင့်ရှိ လေသူရဲတစ်ဦး၊ ဗိုလ်ကြီးအဆင့်ရှိ လေသူရဲ တစ်ဦးနှင့် တပ်ကြပ်အဆင့်ရှိသူတစ်ဦးတို့ သေဆုံး သွား ခဲ့သည်။
ပျက်ကျရခြင်းအကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း စက်ချို့ယွင်းမှုဖြစ်ရာက အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု အ စိုး ရ ဘက်က ထုတ်ပြန်သည်။
မြစ်ကြီးနားလေတပ်ဌာနချုပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး ဒေသတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) အပေါ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ယင်းကိစ္စ စစ်လက်နက်ပစ္စည်းနှင့် စစ်သားများပို့ဆောင်မှုပြုနေသော အဆိုပါ ရဟတ်ယာဉ်ကို KIA တပ်များက ဇန်န၀ါရီ ၁၁ ရက်၊ ညနေ ပိုင်း က ပစ်ချနိုင်ခဲ့သည်ဟု KIA သတင်းရပ်ကွက်တစ်ခုက ဆိုသည်။
သို့သော် အင်ဂျင်ပျက်ခြင်းသာ အကြောင်းရင်း ဖြစ်သည်ဟု တပ်မတော်ဘက်က ပြန်လည်ချေပခြင်းများလည်း ရှိနေသည်။
No comments:
Post a Comment