သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင် သည့် အမျိုးသမီးတစ်ဦးအား ဓါးပြတိုက် သတ်ဖြတ်မှုတခုဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
“နန်းမွေခမ်း အသက် ၂၉ နှစ် ။ ငွေလဲလုပ်ငန်း လုပ်တာလေ။ မနေ့ညနေ ၅ နာရီခွဲလောက် အိမ်ပြန် ချိန်မှာ လူ ၂ ယောက်က လမ်းမှာ စောင့် ပြီး ဓါးပြတိုက်တယ်။ သတ်လည်းသတ်သွားတယ်” ဟု မူစယ် ဒေသခံ စိုင်းယီ့ က ပြောသည်။
အဆိုပါ ဓါးပြ ၂ ယောက်က နန်းမွေခမ်းအား ဓါးပြတိုက်ယူရာ တရုတ်မြန်မာငွေပေါင်း ကျပ်သိန်း ၂၅၀ နှင့် ၃၀၀ ကြား ပါသွားသည်ဟု လည်း ဆိုပါသည်။ နန်းမွေခမ်း အား ခေါင်း၌လည်း တူဖြင့်ထုထားပြီး ရင်ဘတ်သို့ သေနတ် ၂ ချက် ဆင့်ပစ်ထားကြောင်း မျက်မြင်များက ပြောပြ သည်။
“ဓါးပြတိုက်တဲ့လူက ၂ ယောက်အဖွဲ့က များတယ်။ ၃ ယောက် ၄ ယောက်အထိ ရှိတယ်။ လုတာ ယက် တာဆိုရင်တော့ တယောက်ဘဲ။ အိတ် လုပြေးတာတွေလည်း ရှိတယ်။ ငွေလဲဆိုင်ထဲဝင်ပြီး ဓါးပြတိုက် တာလည်း ရှိတယ်။ များ သောအားဖြင့်တော့ အခုလို ညနေခင်း အိမ်ပြန်ချိန် မှာလုကြတာ များတယ်။ ပြီးရင်လဲ ဓါးပြတွေကို ဖမ်းမိတာ ဘာညာမကြားဖူးဘူး။ တချို့ကလည်း အဲဒီဓါးပြတွေက ရဲတွေထဲက အသိလို့ပြော လိုပြော၊ တချို့ကလည်း တရုတ်ကိုင်းဖိ လူငယ်တွေလို့လည်း ပြောလိုပြောနဲ့ ဖမ်း မိတာလဲ မရှိတော့ ဘယ်သူတွေလဲ မသိရ ပါဘူး။ သေချာ တာတခုကတော့ လောင်းကစားဝိုင်းတွေများတယ်။ လောင်းရှုံးလို့ တိုက်ကြ တယ်။ မူးယစ်ဆေးသုံးတဲ့လူတွေကနေ တိုက် ကြတယ်” ဟု ဈေးသည်အမျိုးသမီး ကလည်း ပြောပါသည်။
မည်သို့ပင်ဆိုစေ လောင်းကစားဝိုင်းမျိုးစုံရှိသော ငွေဆင်ရာ ခေါ် Royal Club ကဲ့သို့ နေရာများအား သက်ဆိုင်ရာမြို့နယ်အာဏာပိုင်များ မှ အလေးထား စစ်ဆေးပေးသင့်သည်ဟုလည်း မူဆယ်မြို့ခံ ကိုနေ က ပြောပါသည်။
တရုတ်နယ်စပ် မူစယ်မြို့၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ၊ ရွှေဆိုင်ပိုင်ရှင် အစရှိသည်များအား မကြာခဏ ဓါးပြတိုက်လေ့ရှိရာ ယမန်နှစ် ဂျန္န ဝါ ရီလက စံပယ်ရွှေဆိုင်ပိုင်ရှင် သားအမိအား ဓါးပြတိုက်သတ်ဖြတ်မှု (ကျပ်သိန်း နှစ်ထောင်ဆုံးရှုံး၊ လူတစ်ဦးသေဆုံး)နောက်ပိုင်း ယခု တ ကြိမ် ဓါးပြတိုက်မှုမှာလည်း တန်ဖိုး ကြီးဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟုလည်း ဒေသခံများက ပြောပါသည်။ သို့သော် ဓါးပြတိုက်လုယက်မှု မှာလ တိုင်း နီးပါးကဲ့သို့ ရှိနေကြောင်းလည်း ဒေသခံများက ပြောပါသည်။

No comments:
Post a Comment