Friday, January 18, 2013

၂၀၁၂ ခုနှစ်အတွင်း မြန်မာသို့ နိုင်ငံခြားသား တစ်သန်းကျော် လာရောက်လည်ပတ်

နိရဉ္စရာ

ကုန်လွန်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံသို့နိုင်ငံခြားသားတစ် သန်းကျော် လာရောက် လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့နိုင်ငံခြားသားခရီးသည် ဟာ ရှစ်သိန်း (၈၀၀၀ ၀၀) ရှိရာကနေ ၂၀၁၂ ခုနှစ်မှာတော့တစ်သန်းခြောက် သောင်း (၁၀၆၀၀၀၀) ထိ ရှိလာတယ်လို့ ဇန္န၀ါရီလ ၁၅ ရက်နေ့ထုတ် ပြန်တဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက အစီ ရင် ခံစာမှာ ဖေါ်ပြပါတယ်။

ခုလို နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံထဲ လှိမ့်ဝင်လာတာကတော့မြန်မာနိုင် ငံရဲ့ မြန်ဆန်လွန်းတဲ့ အပြောင်းအလဲကြောင့် ဖြစ်တယ်လို့ AFPသတင်းတစ် ပုဒ်မှာ ဖေါ်ပြပါတယ်။

မန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို နိုင်ငံထဲ လာရောက် လည်ပတ်ဖို့ အထူးဆွဲဆောင်မူ ဖြစ်စေခဲ့တယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလာရေး ဘုတ်အဖွဲ့ဝင် ဖြိုးဝေရာဇာကတော့ ၂၀၁၂ ခုနှစ်ဟာ မြန်မာ ခရီးသွား လုပ်ငန်းကို အထူး အကျိုးရှိစေတဲ့ နှစ်ဖြစ် ခဲ့ပြီး ဒီလို လာလည်တာမျိုးဟာ အရင်က မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာ ခရီးသွား လုပ်ငန်း အနေနဲ့ ဒီလိုများပြားတဲ့ နိုင်ငံခြားသား ခရီးသည်တွေကို အခက်အခဲမရှိ နိုင်နှင်းစွာ လုပ်ကိုင် နိုင်မူ မရှိမှာကိုတော့ စိုးရိမ်တယ်လို့ ပြောပါတယ်။ ဟိုတည်ခတွေ ဈေးနှုန်းကြီးမြင့်တာနဲ့ တည်ခိုခန်းတွေ ရှားပါးတာတွေဟာလည်း အ ခက်အခဲ တွေ ဖြစ်တယ်လို့ ဆိုပါတယ်။


မြန်မာနိုင်ငံမှာ ဟိုတည်ပေါင်း ၈၀၀ ခန့်ရှိပြီး တည်းခိုနိုင်တဲ့ အခန်းပေါင်း ၂၈၀၀၀ သာရှိတယ်လို့ သိရပါတယ်။

No comments: